Channel Myanmar

Delphine Seyrig

Angry Annie (2022) 6.8
Angry Annie (2022) Angry Annie (2022) =============== IMDb Rating - 6.8/10ဒီဇာတ်လမ်းကတော့ ပြင်သစ်နိုင်ငံရဲ့ 1970s ဝန်းကျင်လောက်က အမျိုးသမီးကိုယ်ဝန်ဖျက်ချနိုင်ခွင့် လှုပ်ရှားမှုအကြောင်းကို ရိုက် ကူးထားတာပါ။ ကိုယ်ဝန်ဖျက်ချတာကို တရားမဝင်လုပ်ထားတဲ့ ကာလမှာ အမျိုးသမီးတွေပူးပေါင်းပြီး လျှို့ဝှက်အဖွဲ့တွေဖွဲ့ရင်း ကိုယ်ဝန်ဖျက်ချဖို့ အကူအညီလိုနေတဲ့အမျိုးသမီးတွေကို စေတနာ ဝန်ထမ်းကူညီပေးကြတဲ့အကြောင်းပါ။ဒီဇာတ်လမ်းမှာ ကိုယ်ဝန်ယူပိုင်ခွင့်၊ ကိုယ်ဝန်ဖျက်ချနိုင်ခွင့်တွေနဲ့ပတ် သက်ပြီး အမျိုးသမီးတွေက ခင်ပွန်းသည်ရဲ့ဆုံးဖြတ်ချက်ကြောင့်မ ဟုတ်ဘဲ မိမိဆန္ဒနဲ့ဆုံးဖြတ်ပိုင်ခွင့်အတွက် တိုက်ပွဲဝင်ကြိုးပမ်းတာတွေနဲ့ အမျိုးသမီးတွေရဲ့စည်းလုံးမှုကို တွေ့ရမှာဖြစ်ပါတယ်။ဇာတ်လမ်းအကျဥ်းကတော့ စက်ရုံမှာအလုပ်လုပ်နေတဲ့ ကလေးနှစ် ယောက်မိခင် Annie က သူ့မှာကိုယ်ဝန်ရလာတာကိုသိသွားတယ်။ Annie က နောက်ထပ်ကလေးမလိုချင်တာကြောင့် ကိုယ်ဝန်ဖျက်ပေးတဲ့ တရားမဝင် အဖွဲ့တစ်ဖွဲ့နဲ့တွေ့ဆုံပြီး ကိုယ်ဝန်ဖျက်ချခဲ့တယ်။ နောက်ပိုင်းမှာတော့ Annie တစ်ယောက် အဲဒီအဖွဲ့အစည်းနဲ့ချိတ်ဆက်ပြီး ဘယ်လိုခံစားချက်တွေရလာ မလဲ၊ အဲဒီအဖွဲ့အစည်းနဲ့ ပါဝင်ပတ်သက်မိတာက သူ့ဘဝကိုဘယ်လိုပြောင်း လဲသွားစေမလဲဆိုတာတွေကိုတော့ ဒီဇာတ်လမ်းထဲမှာ ဆက်လက်ကြည့်ရှုရ မှာဖြစ်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thwal Htoo Zin ဖြစ်ပါတယ်)File Size..........(2.31 GB) / (937 MB) Quality............BLU-RAY 1080p / 720p Duration.........1Hr 59Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Comedy, Drama Translator.......Thwal Htoo Zin Encoder..........SWM
movie

Angry Annie (2022)

2022
The Day of the Jackal (1973) 7.8
The Day of the Jackal (1973) The Day of the Jackal (1973)~ IMDb - 7.8/10, Rotten Tomatoes - 90% ~ပြင်သစ်နိုင်ငံရဲ့ ၁၉၆၂ ခုနှစ်ကတော့ နိုင်ငံရေး မုန်တိုင်းထန်တဲ့ အချိန်လို့ပဲပြောပါတော့။ စစ်ရေးဗိုလ်ချုပ်တွေကနေ နိုင်ငံတော်သမ္မတနေရာ ဝင်ယူတာမျိုးတွေ၊ စစ်ဘက်မှာလည်း နိုင်ငံရေးဆန်ချင်တဲ့အဖွဲ့နဲ့ စစ်ရေးအမြင်ကိုသာ ဆုပ်ကိုင်ချင်တဲ့အဖွဲ့တွေဆိုပြီး ဂိုဏ်းကဏ္ဍတွေ ကွဲခဲ့တဲ့အချိန်ပါပဲ။ဒီလိုနဲ့ ဗိုလ်ချုပ်ကြီးတစ်ဖြစ်လဲ နိုင်ငံတော်သမ္မတ ချားလ် ဒီဂေါလ် က အာဂျီးရီးယားကို လုံးဝလွတ်လပ်ရေးပေးလိုက်တယ်။ ရင်ကို မြေကတုတ်လုပ်ပြီး တစ်လက်မချင်းစီကို သွေးချောင်းစီးတိုက်ယူခဲ့ရတဲ့ စစ်ဘက်ရေးရာပုဂ္ဂိုလ်တွေကတော့ ဘယ်ကျေနပ်နိုင်ပါ့မလဲလေ။ဒီလိုနဲ့ နိုင်ငံတော်သမ္မတကို လုပ်ကြံဖို့ OAS မြေအောက်အဖွဲ့ကို တည်ထောင်ပြီး သမ္မတကို အကြိမ်ကြိမ် လုပ်ကြံခဲ့ကြတယ်။ တစ်ခါ မအောင်မမြင်ဖြစ်တိုင်း ဦးစီးသူတစ်ယောက် အသက်ပေးလာရတဲ့အခါ OAS အဖွဲ့ကြီး ချိနဲ့လာတော့တာပေါ့။ဒီမှာတင် နိုင်ငံခြားသား ကြေးစားလုပ်ကြံရေးသမားတစ်ယောက်ကို ငွေအပုံလိုက်ပေးပြီး ငှားရမ်းလိုက်တော့တာပဲ။ ...
movie

The Day of the Jackal (1973)

1973
[18+] Baxter, Vera Baxter (1977) 6.1
[18+] Baxter, Vera Baxter (1977) [18+] Baxter, Vera Baxter (1977) ======================= IMDb Rating - 6.1/10ဒီကားက ပြင်သစ်ကားဆိုတော့ အားလုံးကြိုက်မယ့် ကားမျိုးတော့ မဟုတ်ဘူး။ ပြင်သစ်ကားပီသစွာပဲ တင်ဆက်ပြသပုံကလည်း ထူးခြား တယ်။ ရိုက်ထားတဲ့သူကလည်း ပြင်သစ်စာရေးဆရာမ Marguerite Duras။ The Loverတို့ Hiroshima, mon Amourတို့ကို ရေးခဲ့တဲ့ စာရေးဆရာမပေါ့။ အဆိုပါကား၂ကားက တန်းဝင်ကားတွေဖြစ်တဲ့အ တွက် ဒီကားတွေကို ရေးတဲ့ စာရေးဆရာမကလည်း သူ့ဇာတ်ကောင် တွေကို သူပိုင်ပိုင်နိုင်နိုင်ပုံဖော်နိုင်တဲ့သူမျိုးပဲ။ဒီကားမှာဆိုလည်း ဇာတ်ကောင်နည်းနည်းနဲ့တင် တစ်ခါတလေ ဇာတ် ကောင်တွေကိုတောင် သေချာမပြဘဲ စကားပြောနေတဲ့အသံနဲ့ တခြား ကို ပြရင်းတင် ပုံဖော်သွားတယ်။ ဒါပေမဲ့ တရိပ်ရိပ်ကြည့်ရင်းတော့ ဇာတ်ကောင်တွေအကြောင်းကို ကျွန်တော်တို့သိလာလိမ့်မယ်။ ပဟေ ဠိဆန်ဆန်နဲ့ ကြည့်နေရင်း ပဟေဠိကို အဖြေသိသွားသလို သိလာတဲ့ အသိမျိုးပေါ့။ ဒီကားဟာ စာရေးဆရာမရိုက်တဲ့ကားဆိုတော့ ဇာတ်ကောင် တွေကို အသက်သွင်းသွားတာ တော်တော်မိုက်ပေမဲ့ အများကြီးတော့ သွားမျှော်လင့်လို့မရဘူး။ တစ်ခုသတိချပ်ရမှာက ပြင်သစ်ရုပ်ရှင်ဆိုတာ လိင်ဆွဲဆောင်မှုမပါရင်မဖြစ်ဘူးလို့ ယူဆကြတဲ့ဒါရိုက်တာတွေတောင် ရှိတဲ့နေရာဆိုတော့ ဒီကားဟာ အများနဲ့ကြည့်လို့တော့ အပြည့်အဝ အဆင် ပြေမှာမဟုတ်ပါဘူး။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ W ...
movie

[18+] Baxter, Vera Baxter (1977)

1977