Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Dempsey Gibson
7.6
Air (2023)
Air (2023) ========== IMDb Rating - 7.6/10Good Will Hunting ရုပ်ရှင်ကြီးတုန်းကလိုပဲ ဘန်အက်ဖလက်နဲ့ မက်ဒေမွန်တို့အတွဲညီညီနဲ့ ရုပ်ရှင်ကောင်းတစ်ခုဖန်တီးလိုက်ပြန်ပါပြီ။ ဒါရိုက်တာကလည်း ဘန် အက်ဖလက်ပါပဲ။ Ozark စီးရီးရဲ့ မင်းသား ကြီး ဂျေဆန်ဘိတ်မန်းလည်း အားဖြည့်ပေးထားပါသေးတယ်။ IMDb 7.6 အထိ ရထားတာမို့ ကားကောင်းဆိုတာ သိသာမှာပါ။ဒီရုပ်ရှင်ဟာ သမိုင်းတလျှောက်အကောင်းဆုံး ဘတ်စကတ်ဘောသမား မိုက်ကယ်ဂျော်ဒန်နဲ့ နိုက်ကီကုမ္ပဏီတို့ ပထမဆုံး စာချုပ်ချုပ်ခဲ့တဲ့ သမိုင်း ဝင် Air Jordan ဖိနပ် သဘောတူညီချက်အပေါ် အခြေခံပြီးရိုက်ကူးထား တာဖြစ်ပါတယ်။ အဲဂျော်ဒန်ဝမ်း စနိကာဖိနပ်ဟာ သမိုင်းတလျှောက် လူကြိုက်အများဆုံးစာရင်းဝင်ဖိနပ်ပဲဖြစ်ပါတယ်။ မိုက်ကယ်ဂျော်ဒန် ရု ပ်ရှင်ထဲမှာမပါဝင်ခဲ့ပေမဲ့ ဘန်အက်ဖလက်ဟာ မိုက်ကယ်နဲ့ အကြိမ်ကြိမ် တိုင်ပင်ခဲ့ပြီး အသေးစိတ်ရိုက်ကူးခဲ့တာပါ။မိုက်ကယ်ဂျော်ဒန်ဟာ ဒီရုပ်ရှင်အတွက် နှစ်ခုပဲ ပြန်တောင်းဆိုပါတယ်။ သူ့အမေနေရာမှာ Viola Davis ကိုသရုပ်ဆောင်စေဖို့နဲ့ သူ့ရဲ့မိတ်ဆွေ ကောင်းကြီး ဟောင်းဝဒ်ဝိုက်အကြောင်းကိုပါ ထည့်သွားပေးဖို့ပါပဲ။ ဘန်အက်ဖလက်ကလည်း သူ့ရဲ့ဘော်ဒါကြီးဖြစ်တဲ့ ခရစ်တက်ကာ (Rush Hour ထဲကမင်းသား) ကို ဟောင်းဝဒ်အဖြစ်ထည့်သွင်းခဲ့ပါတယ်။ ဒီရုပ်ရှင်ကိုလည်း အမေဇုံက အွန်လိုင်းကနေပဲ ပြဖို့ ...
movie
Air (2023)
2023
4K HEVC