Channel Myanmar

Dena Kaplan

Long Story Short (2021) 6.5
Long Story Short (2021)  "မင်္ဂလာဆောင်တာကလွယ်ပါတယ်။အိမ်ထောင်သည်ဘဝကခက်တာပါတဲ့" ဟုတ်ပါတယ် အိမ်ထောင်တစ်ခုတည်မြဲဖို့ဆိုတာ အင်မန်မှခက်ပါတယ် အချစ်တစ်ခုတည်းနဲ့ အိမ်ထောင်တစ်ခုမတည်မြဲနိုင်ပါဘူး။ နားလည်မှု ရိုးသားမှု အချိန်ပေးမှု ပြီးတော့ အချစ် ဒါတွေကိုလိုအပ်ပါတယ်။ ဒီကားလေးက အိမ်ထောင်တစ်ခုဘယ်လိုတည်ဆောက်ရမလဲဆိုတာကိုပြောပြပေးထားတဲ့ ဇာတ်ကားလေးဆိုမမှားပါဘူး။ဇာတ်လမ်းအကျဉ်းလေးကတော့ တက်ဒီနဲ့ လီယန်တို့က မထင်မှတ်တဲ့တွေ့ဆုံမှုတစ်ခုကနေ တစ်ဦးကိုတစ်ဦးကိုချစ်မိသွားပြီး လက်ထပ်ခဲ့ကြတဲ့ချစ်သူနှစ်ဦးပေါ့ ဒါပေမယ့် တက်ဒီကတော့ လီယန်ကိုချစ်ပေမယ့် အလုပ်ပေါ်မှာပဲအာရုံနှစ်ထားပြီး ဇနီးကိုအချိန်မပေးဖြစ်ခဲ့ပါဘူး ဟန်းနီးမွန်းထွက်ဖို့ကိုတောင် မစီစဉ်ခဲ့ပဲနဲ့ နောက်မှဆိုပြီးလုပ်နေခဲ့တဲ့သူပါ။သူတို့နှစ်ယောက်ရဲ့မင်္ဂလာဦးည လက်ဖွဲ့တွေကိုကြည့်ရင်းကနေ ဘယ်သူပို့လိုက်မှန်းမသိတဲ့ထူးဆန်းတဲ့လက်ဖွဲ့လေးတစ်ခုကိုတွေ့ခဲ့လို့ ဖွင့်ကြည့်မိရာကနေ... တက်ဒီတစ်ယောက် အဆပေါင်းများစွာအကုန်မြန်နေတဲ့ အချိန်ကာလတစ်ခုထဲရောက်သွားပါတော့တယ်သူနိုးထလာတိုင်း တစ်နှစ်ပြောင်းသွားပြီး သူနိုးထလာတဲ့အချိန်ကလည်း သူတို့ရဲ့မင်္ဂလာဦးနှစ်ပတ်လည်နေ့ဖြစ်နေပါတယ်။ ဒီလိုအချိန်စက်ဝန်းကြီးထဲကနေ တက်ဒီတစ်ယောက်ဘယ်လိုရုန်းထွက်မှာလဲ ဒီလိုအကုန်မြန်နေတဲ့အချိန်ကြောင့် သူ့ဘဝကြီးကဘာတွေဘယ်လိုဖြစ်ပြီးပြောင်းလဲကုန်မှာလဲ သူတို့ရဲ့အိမ်ထောင်ရောအပေါ်မှာရော သက်ရောက်မှုရှိမှာလား..စတာတွေကိုကြည့်ရှုခံစားရမယ့် Comedy,Fantasy,Romance ကားကောင်းလေးတစ်ကားပါ။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Chit Tee ပါ )File Size__(1.7GB) / (800MB) Quality__1080p, 720p IMDb Rating__6.5/10 Format__mp4 Duration__01:30:00 Type__Comedy, Fantasy, Romance Subtitle__Myanmar Subtitle (Hardsub) Translated by Chit Tee Encoded by Naing Aung Latt
movie

Long Story Short (2021)

Occupation: Rainfall (2020) 5.2
Occupation: Rainfall (2020) Occupation: Rainfall (2020)====================IMDb Rating - 5.2/10ဂြိုလ်သားမျိုးနွယ် နဲ့ လူသားမျိုးနွယ် အချင်းချင်းချကြပါပြီ။ အကျင့်မကောင်းတဲ့ လူသားမျိုးနွယ် နဲ့ နယ်မြေကျူးကျော်ချင်တဲ့ဂြိုလ်သားမျိုးနွယ်တို့ တို့ တိုက်ခိုက်ကြတဲ့အခါ ဘယ်သူနိုင်မယ်လို့ ထင်ကြလဲ ပရိသတ်ကြီး...အခုဇာတ်လမ်းလေးက ၂၀၁၈ လောက်က ထွက်ခဲ့တဲ့ Occupation ကားရဲ့အဆက်ဖြစ်ပြီး ဇာတ်လမ်းရဲ့ မူလအရသာမပျောက်သွားအောင် Home and Away နဲ့နာမည်ကျော်ခဲ့တဲ့ ဩစတြေးလျမင်းသား Dan Ewing ကပဲ အခုဒုတိယအတွဲမှာ ပြန်လည်သရုပ်ဆောင်ခဲ့ပါတယ်။ ဘဲကြီးရဲ့ သရုပ်ဆောင်ပိုင်နိုင်မှု နဲ့ ဇာတ်လမ်းထဲက ဂျစ်ကန်ကန်စတိုင်တွေကြောင့် ရုပ်ရှင်ချစ်ပရိသတ်ကြီးကိုထပ်ပြီးဆွဲဆောင်မှာတော့ မြင်ယောင်မိပါသေးတယ်။ပထမပိုင်းဖြစ်တဲ့ Occupation မှာတော့ ကျူးကျော်လာသူ ဂြိုလ်သားတွေကို ပြန်လည်တိုက်ခိုက်ဖို့ လူသားမျိုးနွယ်တွေအချင်းချင်းမဟာမိတ်ဖွဲ့ပြီးပြင်ဆင်ခဲ့ပါတယ်။ မဟာမိတ်အဖွဲ့တိုက်ခိုက်ပြီး လူသားမျိုးနွယ်ထဲကို ဂြိုလ်သားတွေရောနှောပေါင်းစပ်လာတော့မှရင်ခုန်စရာကောင်းအောင် အဆုံးသတ်သွားပြီးနောက် အခု ၂၀၂၁ မှာတော့ ဒုတိယအပိုင်းထွက်ရှိလာခဲ့ပါပြီ။ကမ္ဘာမြေပေါ်ကို ဂရေး လို့ခေါ်တဲ့ ဂြိုလ်သားအုပ်စုကြီး ဆင်းသက်လာတဲ့အချိန်ကစပြီး ...
movie

Occupation: Rainfall (2020)

2020