Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Denise Capezza
Crimes of the Future (2022)
ဒီရုပ်ရှင်ကတော့ မင်းသမီး ခရစ္စတင်း စတီးဝပ်ရဲ့ ရုပ်ရှင်အသစ်ပါပဲ။ သိပ္ပံစိတ်ကူးယဉ်၊ ဟော်ရာ အမျိုးအစားဖြစ်ပါတယ်။ အဖော်အချွတ်တွေ အဖြတ်အတောက်တွေပါလို့ ကလေးငယ်တွေကြည့်ဖို့ မသင့်ပါဘူး။ တွေးစရာတွေပေးတဲ့ ရုပ်ရှင်မျိုးပါပဲ။ဇာတ်လမ်းအကျဉ်းကတော့ အနာဂတ်ခေတ်ရဲ့ လူသားဆင့်ကဲပြောင်းလဲမှုဖြစ်စဉ်တွေ ထူးဆန်းလာတာ မှားယွင်းလာတာကို အခြေခံထားတာပါပဲ။ ဒီနေ့ခေတ်မှာဆိုရင် ဆိုးရွားတဲ့ စက်ရုံအညစ်အကြေးတွေ၊ ညစ်ညမ်းဓာတ်ငွေ့တွေ၊ ဓာတုပစ္စည်းတွေကြောင့် လူတွေ ကင်ဆာတွေအဖြစ်များလာပါပြီ။ကင်ဆာဆိုတာလည်း လူရဲ့ကိုယ်ထဲက ဆဲလ်တွေ ပုံပြောင်းပြီး ဖြစ်လာတာပါပဲ။ ဒီတော့ အဲဒီလို ပုံပြောင်းရင်းနဲ့ကနေ လူတွေရဲ့ အခြေခံဖွဲ့စည်းပုံတွေပါ ပြောင်းလဲလာမယ်ဆိုရင် ဘာဖြစ်လာမလဲ။ ဒီရုပ်ရှင်ထဲမှာတော့ "အလွန်မြန်ဆန်စွာ ဆင့်ကဲပြောင်းလဲမှု ရောဂါ" လို့ ခေါ်ကြပါတယ်။ လူသားတွေဟာ မနာကျင်တတ်တော့ဘူး၊ ကူးစက်မှုတွေမရှိတော့ဘူး။မနာကျင်တော့တာဟာ ရုတ်တရက်ကြည့်ရင် ကောင်းတယ်ထင်ရသလို မကောင်းတာတွေလည်းရှိပါတယ်။ နာကျင်မှုဟာ လူတွေကို အန္တရာယ်ကနေ ရှောင်တိမ်းနိုင်ဖို့ အချက်ပြတဲ့စနစ်ပါပဲ။ ပူတာကိုကိုင်မိရင်လက်ကို ဆတ်ခနဲ ရုတ်လိုက်တာမျိုး၊ တစ်ခုခုစူးရင် ချက်ချင်းနောက်ဆုတ်လိုက်တာမျိုးပေါ့။ ဒီတော့ နာကျင်မှုတွေမရှိရင် ...
movie
Crimes of the Future (2022)