Channel Myanmar
Denise Gossett
Women (2021)
Women (2021) ဒီတစ်ခေါက်တော့ မိန်းကလေးတွေကိုအဓ္ဓမဖမ်းဆီးချုပ်နှောင်တဲ့အကြောင်းရိုက်ထားတဲ့ ဇာတ်ကားကောင်းတစ်ကားနဲ့မိတ်ဆက်ပေးမယ်ဗျာ။ ဇာတ်ကားနာမည်ကတော့ Womenလို့ခေါ်ပြီး သူက 2021မှာထွက်ရှိခဲ့တဲ့ဇာတ်ကားတစ်ကားပါ။ ဒီဇာတ်လမ်းကတော့ သတ်ဖြတ်ခံထားရတဲ့ မိန်းကလေးတစ်ဦးရဲ့ရုပ်အလောင်းကိုရှာတွေ့မိရာကနေ စပါတယ်။ဒီလိုနဲ့ အမှုကိုစုံစမ်းစစ်ဆေးသူဖြစ်တဲ့ စုံထောက်ဟော့ခ်ဟာဒီနားပတ်ဝန်းကျင်မှာ ဒီလိုမိန်းကလေးပျောက်ဆုံးတဲ့အမှုတွေဖြစ်ခဲ့ဖူးတာကို သတိထားမိပြီး သဲလွန်စရှာပါတော့တယ်။တိုက်ဆိုင်စွာနဲ့ပဲ ပျောက်ဆုံးသွားတဲ့မိန်းကလေးတွေဟာစာသင်တဲ့ပရော်ဖက်ဆာတစ်ဦးဖြစ်တဲ့ ဘရက်ဒ်လီဂီလ်မိုးရဲ့ကျောင်းသူတွေဖြစ်ခဲ့ဖူးကြတာကိုဟော့ခ်သိလိုက်ရပါတော့တယ်။ ဒီလိုနဲ့ အဓိကသံသယရှိသူဖြစ်လာတဲ့ ဘရက်ဒ်လီကိုချည်းကပ်ဖို့ကြံရပါတော့တယ်။ဒီမိန်းကလေးတွေကိုရော ဘာရည်ရွယ်ချက်နဲ့ ဖမ်းနေတာလဲ၊ တရားခံကရောဘရက်ဒ်လီဟုတ်ပါ့မလားဆိုတာကို စိတ်ဝင်တစားကြည့်ရှုရမှာပါ။မှုခင်းစုံထောက်ကားကြိုက်သူတွေနဲ့လျှို့ဝှက်သည်းဖိုကြိုက်တတ်သူတွေအတွက်ကြည့်သင့်တဲ့ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်ဗျာ။ File size…    1.6 GB /  566 MB Quality… Web-DL 1080p / 720p Format… mp4 Duration…. 1h 32m Genre ..... Horror/Thriller Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Spencer Potato
movie
Women (2021)
Get the Gringo (2012) 6.9
Get the Gringo (2012) q IMDb 6.9/10 The Passion of the Christ, Braveheart စသည့်ဇတ်ကားတွေနဲ့ နာမည်ကြီးတဲ့ မင်းသားကြီး Mel Gibson ရဲ့ထောင်တွင်းဇာတ်ကားကောင်းလေး တစ်ကားဖြစ်ပါတယ်။ San Diego ကလူဆိုးတစ်ယောက်ဆီကနေ ငွေနှစ်သန်းဘတ်လာတဲ့ မင်းသားဟာ Mexico ဖက်မှာ အဖမ်းခံရပြီး ထောင်ထဲရောက်သွားပါတယ်။ အဲဒီမှာ လူဆိုးဂိုဏ်းတွေနဲ့တွေ့ပြီး ကောင်လေးတစ်ယောက်အကူအညီနဲ့ ထောင်ကနေလွတ်အောင်ဘယ်လိုလုပ်မလဲ။ ငွေတွေကိုရော ပြန်ရပါ့မလားဆိုတာ ကြည့်ရမယ့် တကယ့်အက်ရှင် ဇာတ်ကားကောင်းတစ်ကားပါ။ မက္ကဆီကို ထောင်တွင်းအခြေအနေတွေကိုလည်း ရှင်းရှင်းလင်းလင်း တင်ဆက်ထားတဲ့ကားဖြစ်ပါတယ်။ File size…(1.6 GB)/(903 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:35:00 Genre...Action, Thriller, Crime, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Wai Yan
movie
Get the Gringo (2012)
Gabriel’s Redemption: Part I(2023) 6.7
Gabriel’s Redemption: Part I(2023) Gabriel's Redemption: Part I(2023)********************************ဒီကားလေး‌ကတော့ အရင်အပတ်ကမှလောလောလတ်လတ်ထွက်ထားပြီး IMDb 6.2ရရှိထားပြီဖြစ်တဲ့ Gabriel's Inferno movie series ရဲ့နောက်ဆုံးထွက်ကား‌လေးပဲဖြစ်ပါတယ်။ ‌ကြည့်ရှုချိန် ၂နာရီနီးပါးကြာမြင့်ပြီး အချစ်၊ ဒရာမာ ဇာတ်လမ်းအမျိုးအစားဖြစ်ပါတယ် <ဒီကားလေးကိုကြည့်မယ်ဆိုရင်တော့ ရှေ့ကကားလေးတွေကိုကြည့်ပြီးမှ ကြည့်ဖို့တိုက်တွန်းပါရစေ။>ဒီကား‌ထဲမှာတော့ ဂေဘရီရယ်တစ်ယောက် ကလေးယူချင်စိတ်ပြန်ဖြစ်လာပေမယ့် ဂျူလီယာကဘွဲ့လွန်ကျောင်းတစ်ဖက်နဲ့ဖြစ်နေပြီး ပညာရေးကို မစွန့်လွတ်နိုင်တဲ့အခြေအနေရောက်နေပါတယ်။မိသားစုတစ်ခု နှစ်ယောက်အတူထူထောင်လိုက်ရင် ကလေးတစ်ဖက်နဲ့ သူမပြုစုချင်တဲ့ချင်တဲ့စာတမ်းတွေမပြီးမြောက်ပဲ ဘွဲ့လွန်ကျောင်းကနေထွက်ရမယ့်အဖြစ်နဲ့ကြုံမှာကို သူမအကြောက်ကြီးနေခဲ့တယ်။တစ်နေ့မှာ ဂျူလီယာရဲ့စာတမ်းကို ပါမောက္ခဂေဘရီရယ်တစ်ယောက်ဖတ်ကြည့်ပြီးဒန်တေးရဲ့ဇာတ်လမ်းအပေါ် အမြင်မတူကြရာကနေအခြေခံကာ ဂျူလီယာတို့လင်မယားလက်ထပ်ပြီးပထမဆုံးရန်ပွဲလေးကိုနွှဲလိုက်ရပါတော့တယ်။ စာတမ်းပို့ချဖို့ အီတလီကိုသွားကြတဲ့အခါမှာလည်း ကတ်သရင်းတစ်ယောက်ဟာ ဂျူလီယာ့ကို မနာလိုဝန်တိုစိတ်နဲ့ အသရေဖျက်လိုဖျက်၊ အိမ်ထောင်ရှိနေပြီဖြစ်တဲ့ ဂေဘရီရယ်ကိုသွေးဆောင်လိုဆောင်နဲ့ ဂေဘရီရယ်နဲ့ဂျူလီယာတို့လင်မယားကို အမျိုးမျိုးစိတ်ဒုက္ခလိုက်ပေးနေခဲ့ပါတယ်။အမှောင့်အဖျက် ကတ်သရင်းတစ်ယောက် ဂျူလီယာ့ကို ဘယ်လိုနှောင့်ယှက်မလဲလည်း သူကိုယ်တိုင်လည်းဘာတွေကြုံတွေ့ရဦးမလဲ သူ့ကိုဘယ်လိုအရာတွေက စောင့်ကြိုနေလဲဆိုတာကို စိတ်ဝင်စားဖွယ် ကြည့်ရှုရမှာပါ။အချို့ဇာတ်ဝင်ခန်းလေးတွေမှာတော့ ပရိသတ်အချို့သဘောကျကြတဲ့ သုံးပွင့်ဆိုင်အချစ်ဇာတ်လမ်းရဲ့ ကျန်ရှ်ိနေသေးတဲ့အခြေအနေတင်းမာမှုလေးတွေကိုလည်း ဟိုတစ်စဒီတစ်စ မြင်တွေ့ရဦးမှာဖြစ်ပါတယ်။File Size : (1.5GB) ...
movie
Gabriel’s Redemption: Part I(2023)
I Saw the Light (2015) 5.8
movie
I Saw the Light (2015)
2015