Channel Myanmar

Denise Marie Whalen

Cream of the Crop (2022) 5.7
Cream of the Crop (2022) Cream of the Crop (2022) ===================IMDb Rating - 5.7/10ဒီတစ်ခါ တင်ဆက်ပေးချင်တာကတော့ "Cream of the Crop"ဆိုတဲ့ ရယ်လည်းရယ်ရ စိတ်လည်းပျော်ရတဲ့ Drama ကားလေးပဲဖြစ်ပါတယ်။လူတွေဟာ ကိုယ်တကယ်ချစ်တဲ့သူအတွက်ဆိုရင် သူ့မိသားစုက ကိုယ့်ကို လက်ခံပေးလာအောင်၊အကောင်းမြင်ခံရအောင် ကြိုးစားလေ့ရှိပါတယ်။ ကျွန်တော်တို့ရဲ့ဇာတ်လိုက် မိုက်ခ်ဂျဲရက်ဒ်ရဲ့ Crushလေးဂျိုဒီတို့မိသားစုဟာ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းကို လက်ဆင့်ကမ်းလာကြသူတွေပါ။ မိုက်ခ်က တော့ စိုက်ပျိုးမွေးမြူရေးအကြောင်း နကန်းတစ်လုံးမှမသိတဲ့ မြို့သားပေါ့။မိုက်ခ်ဟာ ကောင်မလေးရဲ့မိသားစုတွေနဲ့ တွေ့ရတိုင်း ယောက္ခမလောင်းတွေနဲ့ ယောက်ဖလောင်း ရှေ့မှာ အလွဲတွေချည်းလုပ်မိသူလေးပါ။ ဒါပေမဲ့ သူ့ခမျာ အမြင်ကြည်ခံရအောင် စိုက်ပျိုးမွေးမြူရေးအလုပ်တွေကို အားတက်သရော ကူပေးရှာပါတယ်။ဒါပေမဲ့ သူတို့နှစ်ယောက်ရဲ့‌အချစ်လမ်းခရီးဟာ တတိယလူပေါ်လာလိုက်၊ မိသားစုအနှောင့်အယှက်တွေပေါ်လာလိုက်နဲ့ အတော်လေးကိုးလို့ကန့်လန့် နိုင်ပါတယ်။ အဲတော့ မိုက်ခ်နဲ့ ဂျိုဒီတို့ အဲလိုအခြေအနေတွေကို ဘယ်လို ကျော်ဖြတ်မလဲ၊ ဘယ်လိုညှိယူကြမလဲ၊ မိသားစုအသိုင်းအဝိုင်းမတူတဲ့ သူတို့ရဲ့လမ်းခရီးအဆုံးသတ်ကရော ပျော်စရာဇာတ်သိမ်းဖြစ်ပါ့မလားဆို တာကို ကြည့်ရှုခံစားလိုက်ကြပါဦး။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Ngwe Zin ဖြစ်ပါတယ်)File Size..........(1.8 GB) / (784 MB) Quality............WEB-DL 1080p / 720p Duration.........1Hr 32Min Subtitle...........Myanmar ...
movie

Cream of the Crop (2022)

2022
Julie & Julia (2009) 7
Julie & Julia (2009) Julie & Julia (2009)တစ်နေ့တစ်နေ့ အစားအသောက် အချက်ပြုတ် video clips တွေကို ကြည့်ပြီး လက်တည့်စမ်းနေကြတဲ့ အိမ်ရှင်မလေးတွေ အတွက် အချက်ပြုတ် family drama ကားလေး လာပါပြီ။ အမေရိကန်ကို ပြင်သစ်ဟင်းလျာချက်ပြုတ်နည်းတွေယူဆောင်လာပေးတဲ့အမျိုးသမီးတစ်ယောက်အကြောင်းရိုက်ပြထားတာပါ။ ယောကျာ်းဖြစ်သူကသံရုံးမှာလုပ်တော့ တာဝန်ကျရာပဲရစ်ကိုလိုက်သွားရင်း ယောကျာ်းဖြစ်သူကို ဖွယ်ဖွယ်ရာရာချက်ကျွေးချင်ရာကနေ စာအုပ်လိုက်ရှာတာ ချက်ပြုတ်နည်းတွေက ပြင်သစ်လိုချည်းပဲရှိလို့ ပါတနာတစ်ချို့နဲ့ အင်္ဂလိပ်လိုရေးထားတဲ့ပြင်သစ်ဟင်းလျာချက်နည်းစာအုပ်ကို ထုတ်ဝေသူလိုက်ရှာရ၊ အခက်ကြုံ ပယ်ချခံရနဲ့ နောက်ဆုံးဘယ်လိုအဆင်ပြေသွားမလဲဆိုတာ ကြည့်ရှုခံစားပေးကြပါဦးခင်ဗျာအညွှန်း နဲ့ ဘာသာပြန်ကတော့ K.Hein ပဲ ဖြစ်ပါတယ်။Genre..... Biography, Drama, Romance Quality…. 1080p | 720p | 480p File size… 1.8GB | 954MB | 459MB Format… mp4 Duration….2h 3min Subtitle…. Myanmar Subtitle (Hardsub) Translator ..... K.Hein Encoder ..... Aaron
movie

Julie & Julia (2009)

2009