Channel Myanmar

Dennis St John

The Greatest Game Ever Played (2005) 7.4
The Greatest Game Ever Played (2005) ဖရန့်ဆစ် အူမန့်ဟာ ဂေါ့ဖ်ရိုက်တာကို ဝါသနာပါတဲ့ လူငယ်လေးတစ်ယောက်ပါ. သူဟာ ဝါသနာကြီးလွန်းလို့ ငယ်ငယ်ကတည်းက ဂေါက်ကွင်းမှာ အိတ်သယ်အဖြစ် လုပ်ရင်း ဂေါ့ဖ်ရိုက်တဲ့ပညာကို လေ့လာခဲ့ပါတယ်.တစ်နေ့တော့ သူအရမ်းလေးစားအားကျရတဲ့ ဂေါ့ဖ်သမား ဖြစ်တဲ့ ဟယ်ရီ ဗာဒန်ဆိုတဲ့ ပုဂ္ဂိုလ်ကို အပြင်မှာတွေ့ဖို့ ဖြစ်လာပါတယ်. ဟယ်ရီဟာ လက်ရှိမှာ အအောင်မြင်ဆုံး ဂေါ့ဖ်ကစားသမားဖြစ်နေပေမယ့် သူငယ်ငယ်တုန်းကလဲ ဖရန့်ဆစ်လိုမျိုးပဲ ဘဝက ခက်ခဲကြမ်းတမ်းခဲ့တာပါ.အဲဒီ့နောက်တော့ ဖရန့်ဆစ်တို့ ဂေါက်ကွင်းမှာ US Open ပြိုင်ပွဲကြီးလာကျင်းပတဲ့အချိန်မှာ ဖရန့်ဆစ်တစ်ယောက် ပြိုင်ပွဲဝင်ရဖို့ ဘယ်လိုမျိုးတွေ ရင်ဆိုင်ရမယ်. ဒါ့အပြင် ဂေါ့ဖ်ရိုက်တယ်ဆိုတာ အားကစားတစ်ခုထက်ပိုတဲ့ ပြိုင်ပွဲနောက်ကွယ်က နိုင်ငံရေးလှည့်ကွက်တွေလည်းပါတဲ့ ကစားနည်းတစ်ခုလည်း ဖြစ်နေပြန်ပါသေးတယ်.  ဆိုတော့ ဖရန့်ဆစ်တစ်ယောက် ဘယ်လိုပြိုင်ပွဲဝင်တွေနဲ့ ရင်ဆိုင်ပြီး အောင်မြင်မှုကို ရယူသွားနိုင်မလား ဒါမှမဟုတ် လမ်းတစ်ဝက်မှာတင် ကျရှုံးသွားနိုင်မလားဆိုတာကို စိတ်ဝင်စားဖွယ်ကောင်းအောင် ရိုက်ကူးတင်ဆက်ထားတဲ့ ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်.ဒါ့အပြင် ၂၀၀၆ ခုနှစ်အတွက်လည်း Best ...
movie

The Greatest Game Ever Played (2005)

I’m Not There (2007) 6.8
I’m Not There (2007)   တကယ့်ဟောလီးဝုဒ် ဒိတ်ဒိတ်ကြဲတွေဖြစ်တဲ့ Heath Ledger, Christian Bale, Cate Blanchett နှင့် အခြားသောနာမည်ကြီးသရုပ်ဆောင်များ မြိုင်မြိုင်ဆိုင်ဆိုင်ပါဝင်ထားပြီး အမေရိကန်သီချင်းရေးဆရာ အဆိုတော် Bob Dylan အကြောင်းကို ကျောရိုးယူရိုက်ကူးထားတဲ့ ဒါရိုက်တာ Todd Haynes ရဲ့ Experimental Biographical Film လေးဖြစ်ပြီး IMDb Rating 6.8/10 ရရှိထားပါတယ်။ ဒီဇာတ်ကားကို ကြည့်ရင်းနဲ့ အမေရိကန်ပြည်ထောင်စုရဲ့အလှကို ရင်သပ်ရှုမောဖွယ်ကြည့်ရတဲ့ Nomadland ဆိုတဲ့ဇာတ်ကားလေးကို သွားပြန်သတိရပြီး တော်တော်လေး melancholy ဖြစ်တဲ့ဇာတ်ကားလေးမို့ Filmphile တို့ကို မဖြစ်မနေ ကြည့်စေချင်ပါတယ်။ဇာတ်လမ်းအကျဉ်း —-------------------- အမေရိကန် ဖောခ့်တေးဂီတအဆိုတော် ဂျက်ရိုလန်ရဲ့ ဘဝအကြောင်း၊ အနုပညာလမ်းကြောင်းတစ်လျှောက် အနိမ့်အမြင့်ဘဝဇာတ်ခုံအကြောင်းကို ဂျက်ရိုလန်အကြောင်းကို ပြန်ရိုက်ထားတဲ့ရုပ်ရှင်မှာပါဝင်ထားတဲ့ ရော်ဘီကလာခ့်၊ နာမည်တစ်လုံးနဲ့ လက်ဦးဖော့ခ်ဂီတအဆိုတော် ဂျုဒ်ကွင်းန်၊ ရစ်ဒယ်ဆိုတဲ့မြို့ငယ်လေးမှာ လာရောက်ပုန်းခိုနေတဲ့ ဝရမ်းပြေး ဘီလီမက်ကာတီ၊ ဂီတာလေးတစ်လက်နဲ့ အမေရိကန်ပြည်ထောင်စုကို ...
movie

I’m Not There (2007)

300 (2006) 7.6
300 (2006) 300 (2006)IMDb - 7.6/10_____Rotten - 61%ဒီဇာတ်ကားက တကယ့်အဖြစ်အပျက်ရာဇဝင်ကို အခြေခံပြီးရိုက်ကူးထားတာပါ။ဇာတ်ကားရဲ့ အသက်ကတော့ စကားအသုံးအနှုန်းနှင့် Graphic Effect တွေပါ။ စကားအသုံးအနှုန်းတွေ တကယ်အသက်ဝင်ပြီး မာန်ပါလှပါတယ်။ ဇာတ်ညွှန်းဆိုတာထက် သမိုင်းက တကယ့်အဖြစ်အပျက်ကိုတော့ အနည်းငယ်ပြောပြချင်ပါတယ်။***300 (သို့မဟုတ်) Battle of Thermopylae***ဘီစီ ၄၈၀ ခုနှစ် သြဂုတ်လတွင် ပါရှားဘုရင် ဇပ်ဇီး(စ်) (Xerxes) သည် ဂရိပြည်အား တိုက်ခိုက် ရန်အတွက် စစ်သည် နှစ်သိန်း ၊ စစ်သဘောၤတထောင်မျှ ပါဝင်သည့် ဧရာမ တပ် ကြီးနှင့် ချီ၍ လာသည်။ ထိုစဉ်က ဂရိတို့သည် (City state ) မြို့တမြို့ တနိုင်ငံ စံနစ်ဖြင့် သီးခြားစီ ရပ်တည်နေထိုင်လျက် ရှိကြသည်။ သို့သော် တမျိုးနွယ်လုံး၏ ရန်သူ ပါရှန်တို့ စစ် ချီလာပြီ ...
movie

300 (2006)

2006
The Aviator (2004) 7.5
The Aviator (2004) The Aviator (2004) IMDb - 7.5/10_____Rotten - 86%Won 5 Oscars. Another 81 wins & 130 nominations.    The Aviator ဇာတ်ကားကတော့ ၂၀၀၄ခုနှစ်မှာ Director : Martin Scorsese ရိုက်ကူးခဲ့တဲ့ Biographical, Drama ရုပ်ရှင်ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ American Box Office အဖြစ် American $213.7 million အထိ ရရှိထားတဲ့ ဇာတ်ကားလည်းဖြစ်ပါတယ်။ ဒီဇာတ်ကားထဲမှာဆိုရင်တော့ မင်းသားကြီး Leonardo DiCaprioက Howard Hughes အဖြစ်အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဇာတ်လမ်းကတော့ ၁၉၃၅ခုနှစ်မှာ Hughesတစ်ယောက် H1 Racerဆိုတဲ့ လေယာဉ်ကိုမောင်းပြီး ကမ္ဘာ့စံချိန်တင်ဖို့ကြိုးစားခဲ့ပါတယ်။ ၃နှစ်ကြာပြီးတဲ့နောက်မှာတော့ သူဟာ လေးရက်ဆက်တိုက် လေယာဉ်မောင်းပြီး စံချိန်ချိုးပြခဲ့ပါတယ်။ သိပ်မကြာသေးခင်မှာပဲ သူဟာ TWA ဆိုတဲ့ လေယာဉ်ကုမ္ပဏီနဲ့ ချိတ်ဆက်မိပြီး Army Air Forces မှာ Spy Aircraft ဆိုတဲ့ project ကို လုပ်ဖို့ စာချုပ်ချုပ်ခဲ့ပါတယ်။ အဲ့ဒီ့နောက်မှာတော့ ဘယ်လိုတွေဆက်ဖြစ်သွားမလဲဆိုတာကိုတော့ ဇာတ်လမ်းထဲမှာ ဆက်လက်ရှု့စာကြပါတော့။     File size…(1.4GB) Quality…BR-Rip 1080p Format…mp4 Duration….02:50:06 Subtitle….Myanmar ...
movie

The Aviator (2004)

2004