Channel Myanmar

Derek Johns

The Sacrifice Game (2023)
The Sacrifice Game (2023)  ခရစ္စမတ်မှာ Horror ကားကြည့်ချင်တဲ့ လူတွေအတွက် Rotten Tomatoes မှာ 93% ရရှိထားတဲ့ ခရစ္စမတ် Horror ကားလေးကို တင်ဆက်ပေးလိုက်ပါတယ်ဆမန်သာဆိုတဲ့ ကောင်မလေးဟာ ခရစ္စမတ်ပိတ်ရက်မှာ အိမ်မပြန်ရဘဲ ထူးဆန်းတဲ့ ကလယ်ရာဆိုတဲ့ကောင်မလေးနဲ့အတူ ကျောင်းမှာနေခဲ့ရပါတယ် အဲ့ဒီအချိန် သူတို့ပြည်နယ်မှာ နာမည်ကြီး သတင်းတစ်ပုဒ်ကတော့ ခရစ္စမတ် လူသတ်သမား သတင်းပါ ဆမန်သာ ကလယ်ရာနဲ့ သူတို့ဆရာမ သုံးယောက် ခရစ္စမတ်အကြို ညစာစားပွဲပြင်နေတုန်း သူတို့ဆီကို ခရစ္စမတ် လူသတ်သမားတွေ ရောက်လာပါတော့တယ် ခရစ္စမတ် လူသတ်သမားတွေ‌ကရော ဘာဖြစ်လို့ ကျောင်းကိုရောက်လာတာလဲ သူတို့ဟာ ကြုံရာကျပန်း လူသတ်နေတဲ့ psychopath တွေလား ကလေးတွေနဲ့ ဆရာမကရော လူသတ်သမားတွေလက်က လွတ်သွားမှာလား ဆိုတာကိုတော့ ကြည့်ရှုပေးကြပါဦးခင်ဗျာ..... File size…(1.4 GB)/(735 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:39:00 Genre...Horror, Thriller Subtitle….Myanmar Subtitle ...
movie

The Sacrifice Game (2023)

The Wolf and the Lion (2021) 6.0
The Wolf and the Lion (2021) မိသားစုနဲ့ကြည့်လို့ရပြီး တိချစ်သူတွေ သဘောကျစေမယ့် ကားကောင်းပါ။ အယ်မာဆိုတဲ့ ‌ကောင်မလေးတစ်ယောက်ရဲ့ ဘ၀ထဲကို လေယာဉ်ပျက်ကျပြီး ဆပ်ကပ်ပိုင် နှင်းမြေခွေးလေးနဲ့ ခြင်္သေ့ပေါက်လေးရောက်လာပါတယ်။ နှင်းမြေခွေးလေးက မျိုးတုန်းတော့မယ့် ရှားပါးမျိုးစိတ်ဖြစ်ပြီး ‌တောရိုင်းတိရစ္ဆာန်ထိန်းသိမ်းရေးအဖွဲ့က လိုက်ရှာနေတာဖြစ်ပါတယ်။ခြင်္သေ့ပေါက်လေးဟာလည်း ဆပ်ကပ်ပိုင်ဖြစ်ပြီး ဆပ်ကပ်အဖွဲ့က အပူတပြင်းလိုက်ရှာနေတာပါ။ သူတို့ နှစ်ယောက်ကို အယ်မာဟာ သံယောဇဉ်တွယ်သွားပြီး ဘယ်လိုကာကွယ်စောင့်ရှောက်သွားမလဲဆိုတာကိုကြည့်ရမှာပါ ။ ကနေဒါနိုင်ငံရဲ့ တောအုပ်ကြီးထဲမှာ ရိုက်ကူးထားပြီး သဘာ၀ရှုခင်းရိုက်ချက်တွေလည်း အရမ်းလှပါတယ်။ ကိုယ်တိုင်ပဲ ကြည့်ရှုခံစားလိုက်ပါခင်ဗျာ။ (အညွှန်းနဲ့ ဘာသာပြန်ကိုတော့ Thiha Yan Naing က ရေးသားထားပါတယ်) File size…(2.5GB)/(1.3GB)/(800MB) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:39:00 Genre...Adventure/ Family Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by ...Thiha Yan Naing
movie

The Wolf and the Lion (2021)

The Voyeurs(2021) 5.8
The Voyeurs(2021) ရုပ်ရှင်ရဲ့နာမည်ဖြစ်တဲ့ voyeur ကို အဘိဓာန်မှာတော့ "သူတစ်ပါး၏လိင်ကိစ္စကို တိတ်တခိုး ကြည့်ရှုရာ၌ နှစ်ခြိုက်မွေ့လျော်သူ"လို့ အဓိပ္ပာယ်ဖွင့်ဆိုထားတယ်။ အတွဲချောင်းတဲ့ကောင်ပေါ့ဗျာ။နာမည်အတိုင်းပဲ တစ်ဖက်အိမ်က ကိစ္စတွေကို စပ်စုကြတဲ့ အတွဲတစ်တွဲအကြောင်းပေါ့။"မိန်းမ၀တ် အတွင်းခံဘောင်းဘီတစ်ထည်"ဆိုတဲ့ မင်းခိုက်စိုးစန်ရဲ့၀တ္တုတိုတစ်ခုကိုတောင် ပြေးမြင်မိလိုက်သေးတယ်။သူရေးထားတာကျ သူ့အိမ်ကနေ မြင်နေရတဲ့ တစ်ဖက်အိမ်က အတွင်းခံတစ်ထည်အကြောင်း။ဒီမှာကျ တစ်ဖက်အိမ်က ကိစ္စဝိစ္စတွေ အကုန်ပေါ့။ဇာတ်လမ်းက ကြည့်ပျော်တဲ့ ဇာတ်လမ်းမျိုးပါပဲ။ဒါကိုမှ မင်းသမီးလှလှလေးရဲ့ ဟိုအခန်းဒီအခန်းတွေ ပေါင်းပေးထားတော့ ပိုကြည့်ပျော်သွားတယ်။ဇာတ်လမ်းကလည်း နည်းနည်းထူးထူးဆန်းဆန်းဆိုတော့ ကြည့်ပျော်တယ်ဆိုပေမဲ့ စကီချောချောလေးရဲ့ အလန်းစား Sceneတွေကိုကြည့်ရမှာနဲ့တင် ဒီရုပ်ရှင်ဟာ တန်နေပါပြီ။လူဟာ သမ္မာရှစ်ပါးနဲ့ မပြည့်စုံသေးသမျှ ကာမတဏှာရှိကြတာပဲမဟုတ်လား။ထိန်းချုပ်မှုနဲ့ အထားအသိုမမှားဖို့တော့လိုတယ်။ဒီရုပ်ရှင်ဟာ ခင်ဗျားရဲ့ ကာမတဏှာကို သုံးသင့်တဲ့နေရာမှာ သုံးလို့ရနိုင်အောင် ထိန်းချုပ်တတ်စေဖို့ ပြောပြပေးတဲ့ ရုပ်ရှင်တစ်ကားပါပဲ။(ဘာသာပြန်သူတွေကတော့ The Pooh နဲ့ Y တို့ပဲဖြစ်ပါတယ်) File size…(1.6 GB)/ (850 MB)/ (400 MB) Quality…WEB-DL 1080p /720p ...
movie

The Voyeurs(2021)