Channel Myanmar

Derek McDonnell

Your Boyfriend Is Mine (2022)
Your Boyfriend Is Mine (2022)  ဒီဇာတ်ကားလေးကတော့ ထူးထူးဆန်းဆန်း လင်လုတဲ့ဇာတ်ကားလေးပါပဲ။ဇာတ်ကားနာမည်ကတော့ Your Boyfriend Is Mine ဖြစ်ပြီးတော့မြန်မာလိုဆိုရင်တော့ နင့်ဘဲကိုငါပိုင်တယ်ပေါ့နော်။သူဌေးမမကြီးက ပိုက်ဆံအရမ်းလိုနေတဲ့ကောင်လေးကို သူ့ကောင်မလေးဆီကစနိုက်တဲ့အကြောင်းကိုတွေ့ရမှာပါ။ ဘန်ဆိုတဲ့ကောင်လေးတစ်ယောက်က ကျောင်းပြီးအောင်တက်ပြီး ဘွဲ့ရအောင်လုပ်ဖို့အတွက်ပိုက်ဆံ လိုအပ်နေတဲ့ကောင်လေးတစ်ယောက်ပဲဖြစ်ပါတယ်။သူက Gentleman Caller ဆိုတဲ့ကောင်မလေးတွေကို စကားချိုချိုပြောပြီးတော့စိတ်ကျေနပ်အောင် ဝန်ဆောင်မှုပေးရတဲ့အလုပ်တစ်ခုမှာ လုပ်နေတာပဲဖြစ်ပါတယ်။သူ့မှာ ကယ်လီဆိုတဲ့ကောင်မလေးတစ်ယောက်လဲရှိပြီး သူတို့က နှစ်ကိုယ်တူဘဝကိုအတူတူထူထောင်ဖို့ ကြိုးစားနေကြတာပါ။အဲ့ဒီအလုပ်လုပ်လုပ်နေရပေမဲ့လဲဘန်အပေါ်မှာကယ်လီက စိတ်ချယုံကြည်ထားတဲ့အတွက်လဲပျော်ရွှင်တဲ့သမီးရည်းစားစုံတွဲ ဖြစ်နေတာပဲဖြစ်ပါတယ်။ဒါပေမယ့်တစ်နေ့မှာတော့ဘန်ရဲ့အလုပ်မှာတွေ့ခဲ့တဲ့ သူဌေးမမကြီးတစ်ယောက်က ဘန်ကိုအရမ်းတွေသဘောကျသွားပြီးတော့ သူ့အိမ်မှာအလုပ်လုပ်ဖို့ပါ ငွေတွေပစ်ပေးပြီးသိမ်းသွင်းခဲ့ပါတော့တယ်။အဲ့နောက်ပိုင်းမှာတော့သူတို့ရဲ့ သုံးပွင့်ဆိုင်ဇာတ်လမ်းက ဘယ်လိုတွေဆက်ဖြစ်လာမလဲဆိုတာကိုစိတ်လှုပ်ရှားစွာနဲ့ကြည့်ရှုရမဲ့ စနိုက်ကြော် ဇာတ်ကားလေးပဲဖြစ်ပါတယ်။ File size…1.67GB / 664MB Quality…Blu-Ray 1080p 5.1 CH/ 720p Format…mp4 Duration….1h 25m Genre ….. Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay
movie

Your Boyfriend Is Mine (2022)

Wicked (The Wicked Trilogy) (2021) 5.2
Wicked (The Wicked Trilogy) (2021) Wicked (The Wicked Trilogy) (2021)==========================IMDb Rating - 5.2/10Wicked Trilogy အနေနဲ့သုံးကားထွက်မယ့်အထဲက ပထမဆုံးကားဖြစ်ပါတယ်။ဇာတ်လမ်းအနေနဲ့ ဖေးလို့ခေါ်တဲ့ ဝိဉာဥ်စားသုံးတဲ့ မကောင်းဆိုးဝါးတွေဟာ တစ်ဖက်လောကနဲ့ကမ္ဘာကိုဆက်သွယ်ပေးမယ့် တံခါးပေါက်တွေကို ဖွင့်ဖို့အတွက် ကြိုးစားနေပါတယ်။ ဒါကို ဖေးတွေကိုလိုက်လံနှိမ်နင်းနေတဲ့ The Order လို့ခေါ်တဲ့ အမိန့်တော်ဂိုဏ်းသားတွေက ဖေးတွေရဲ့ကမ္ဘာဖျက်ကိန်းအကြံအစည်ကို မအောင်မြင်အောင်တားဆီးဖို့ နည်းလမ်းရှာ ကြိုးစားကြရမှာဖြစ်ပါတယ်။ ရုပ်ရှင်အညွှန်းအနေနဲ့  အပျင်းပေါ့ပေါ့ပါးပါး ကြည့်ရှုဖို့အတွက်သင့်တော်မယ့် ဇာတ်ကားမျိုးဖြစ်တယ်လို့ပဲ ညွှန်းပေးပါရစေ။(ဒီဇာတ်လမ်းရဲ့ အညွှန်းကို Han Htoo Zaw မှရေးသားပေးပြီး၊ ဘာသာပြန်ရေးသားပေးသူများကတော့ Mr.Anderson နဲ့ Han Htoo Zaw တို့ ပဲဖြစ်ပါတယ်။) Quality – 1080p, 720p WebRipDuration - 1h 54minSubtitle – Myanmar HardsubFormat – Mp4Genre : Drama, ...
movie

Wicked (The Wicked Trilogy) (2021)

2021