Channel Myanmar

Derek Theler

The Naughty Nine (2023)
The Naughty Nine (2023)  ခရစ်စမတ်ရာသီလေးမှာ ဆန်တာရဲ့ ရွာကို သွားဖောက်ကြမဲ့ လူဆိုးလေး ၉ ယောက် ❄️2023 မှာမှ အသစ်စက်စက်လေး ထွက်ထားတဲ့ ဒီဇာတ်ကားကတော့ Adventure, comedy အမျိုးအစားလေပဲ ဖြစ်ပါတယ်။ဆန်တာဆီမှာ “လူဆိုးစာရင်း” ဆိုတာရှိတယ်။ လူဆိုးစာရင်းဝင်တဲ့ကလေးတွေက ခရစ်စမတ်နေ့မှာ လက်ဆောင်မရဘူးတဲ့။ ကမ္ဘာကြီးမှာ လက်ဆောင်မရတဲ့ကလေးတွေလဲ အများကြီးပါပဲ။ ဒါပေမဲ့ အန်ဒီစတီးဆိုတဲ့ ‌လူဆိုးစာရင်းဝင်ကောင်လေးကတော့ လက်ဆောင်မရတဲ့ကိစ္စကို မခဲမကျေပါဘူး။ အဲဒါနဲ့ သူက သူအပါအဝင် လက်ဆောင်မရတဲ့ နောက်ထပ် “လူဆိုးစာရင်းဝင်” ကလေး ၈ ယောက်ကို စည်းရုံးပြီး ဆန်တာရွာကို ဖောက်ဖို့ စီစဉ်တော့တယ်။ဆန်တာရွာဆိုတာက မြောက်ဝင်ရိုးစွန်းမှာ တည်ရှိတာဖြစ်ပြီး ကလေးတွေအနေနဲ့ သွားဖို့ လုံးဝမဖြစ်နိုင်တဲ့ နေရာတစ်ခု။ ဒါပေမဲ့ စိတ်သာထည့်လိုက်ရင် မဖြစ်နိုင်တဲ့အရာမရှိတဲ့ ‌အန်ဒိီစတီးဆိုတဲ့ကောင်လေးက ဘယ်လိုမျိုးတွေ အကြံ‌ထုတ်ပြီး ဆန်တာရွာကို အရောက်သွားကြမလဲ❓ဆန်တာရွာကို ရောက်သွားကြတော့လဲ ဘယ်လိုပြန်ထွက်လာမလဲ❓ခရစ်စမမတ်ရာသီလေးမှာ လူဆိုးလေး‌ ၉ ...
movie

The Naughty Nine (2023)

Get Him to the Greek (2010) 6.3
Get Him to the Greek (2010)  2011 ခုနှစ်ရဲ့ Best comedy award အပါအဝင် ဆုပေါင်း 14 ခုမှာဇကာတင်ခဲ့တဲ့ ဟာသဇာတ်ကားတစ်ကားဖြစ်ပြီး IMDb 6.3 ရရှိထားပါတယ် အယ်လ်ဒိုးရပ်စ်ဆိုတဲ့ ရော့ခ်စတားနဲ့ သီချင်းထုတ်လုပ်ရေးကုမ္ပဏီဝန်ထမ်း အာရွန်တို့နှစ်ယောက် ဂယက်ပေါင်းတစ်သိန်းနဲ့ တလွဲတွေဖြစ်နေတာကိုကြည့်ရှုရမှာပါ ဇာတ်လမ်းအကျဉ်း..... အယ်လ်ဒိုးရပ်စ်ကတော့ တချိန်ကအရမ်းနာမည်ကြီးခဲ့တဲ့ ရော့ခ်စတားတစ်ယောက်ဖြစ်ပြီး ရည်းစားနဲ့ပြတ်လို့အသဲကွဲရာကနေ အရှုံးသမားကြီးလုံးလုံးဖြစ်သွားပါတော့တယ် အာရွန်ကတော့ သီချင်းထုတ်လုပ်ရေးကုမ္ပဏီကဝန်ထမ်းဖြစ်ပြီး အယ်လ်ဒိုးရပ်စ်ရဲ့ comeback အတွက်တာဝန်ပေးခံရတာပါ အာရွန်တစ်ယောက် အယ်လ်ဒိုးရပ်စ်ကို ဖျော်ဖြေပွဲအမှီသွားခေါ်ရင်း လမ်းမှာ သူတို့နှစ်ယောက် တစ်မျိုးတစ်ဖုံမရိုးရအောင် အလွဲတွေချည်းဆက်တိုက်ဖြစ်နေပါတော့တယ် အာရွန်တို့နှစ်ယောက်သား တလွဲတွေကြားကနေဖျော်ဖြေပွဲအထိအရောက်သွားနိုင်ပါ့မလား အယ်လ်ဒိုးရပ်စ်ရဲ့ comeback ကရော ထင်ထားသလိုအောင်မြင်နိုင်ပါ့မလားဆိုတာကို ရယ်ရယ်မောမောနဲ့ကြည့်ရှုရမှာဖြစ်ပါတယ်File size…(2.4 GB)/(1.3 GB)Quality….Webrip 1080p / 720p Format…mp4 Duration….01:49:00 Genre...Adventure, Comedy, Music Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Khunn 
movie

Get Him to the Greek (2010)

Valentine’s Day (2010) 5.7
Valentine’s Day (2010) [Unicode]Valentine's Day270ADရောမမှာ ကလောက်ဒီးယပ်စ်ဆိုတဲ့ ဘုရင်အုပ်ချုပ်ခဲ့တဲ့အချိန်ကာလတစ်ခုရှိဖူးပါတယ်။ ကလောက်ဒီးယပ်စ်ဟာစစ်မက်ပြီး ရက်စက်တဲ့ ဘုရင်တစ်ပါးပါ။ သူ့လက်ထက်မှာ စစ်သားတွေကို စိတ်ပျံ့မလွင့်စေဖို့ လက်ထပ်ခြင်းကိုတားမြစ်ခဲ့ပါတယ်။ အဲ့ဒီတစ်ချိန်တည်းမှာပဲချစ်ခြင်းမေတ္တာကို ယုံကြည်တဲ့ စိန့် ဗယ်လ်လင်တိုင်းဆိုတဲ့ ဘုန်းတော်ကြီးတစ်ပါးလည်းရှိခဲ့ပါတယ်။လူတိုင်းကိတိတ်တဆိတ်လက်ထပ်ပေးတဲ့ ဗယ်လင်တိုင်းကိုအကျဉ်းသွင်းလိုက်ပါတယ်။ အကျဉ်းသွင်းခံရတဲ့ ဗယ်လ်လင်တိုင်းဟာ Feb 14 မှာ နှုတ်ဆက်စာရေးပြီးသေဆုံးသွားခဲ့ပါတယ်။ဒီရုပ်ရှင်ကတော့ ဗယ်လ်လင်တိုင်းဒေးမှာအချစ်ကစွန့်ပစ်သွားတဲ့။ ဗယ်လ်လင်တိုင်း‌ဒေးမှာအချစ်ကို တွေ့ရှိသွားတဲ့။ ဗယ်လ်လင်တိုင်းဒေးမှာ အချစ်ကို စွန့်ပစ်သွားတဲ့ လူတွေအကြောင်းပါ။ဒီရုပ်ရှင်က Fridayလိုမျိုး တစ်ရက်တည်းမှာဖြစ်နေတာတွေကို ရိုက်ပြသွားတဲ့ ရုပ်ရှင်မျိုးပါပဲ။ဒီရုပ်ရှင်ဟာ Ratingမကောင်းလှပေမယ့်Emotional ဖြစ်ပြီး Jessica Alba Anne Hathaway Emma Robertsတို့လိုမမတွေအပြင် Taylor Swift ၊Julia Robertတို့လို နာမည်ကျော်တွေပါ၀င်ထားတဲ့အတွက် ကြည့်ပျော်ပါတယ်။လူတစ်ဦးချင်း တစ်ယောက်ချင်းစီရဲ့အဖြစ်သနစ်ကလေးတွေကို ဆက်စပ်ပြီးV Day Themeထဲမှာ အီမိုရှင်နယ်ဖြစ်စေတဲ့အခန်းများများသုံးထားတဲ့ ဒီရုပ်ရှင်မှာ ဇာတ်ကောင်တွေရဲ့ မိုးလင်းက မိုးချုပ်Vdayတစ်ရက်တာ ဘယ်လိုပြီးဆုံးသွားလဲ တရိပ်ရိပ်ခံစားရမှာပါ။လူရဲ့တစ်နေ့တာဟာပြဿနာတွေနဲ့စပြီး ပြဿနာတွေနဲ့ပဲဆုံးတတ်တဲ့ သဘာ၀တော့ရှိပါတယ်။ ကျွန်တော်တို့ရဲ့ V dayကရောဘယ်လိုများပြီးဆုံးသွားပါသလဲဆိုတာဒီရုပ်ရှင်အပြီးသတ်မှာ တစိမ့်စိမ့်ပြန်တွေးကြည့်ရင် အတော်တဿဖွယ်ကောင်းပါတယ်။စကားမစပ်ဗျာ ဒီရုပ်ရှင်ရဲ့ ရသအပြည့်အ၀ကို ဒီညမှာပဲရနိုင်မှာပါ။File size__( 1.1 GB) Quality__Blu-720p IMDb ...
movie

Valentine’s Day (2010)