Channel Myanmar

Des McAleer

My Week with Marilyn (2011) 6.9
My Week with Marilyn (2011) My Week with Marilyn (2011)~ IMDb - 6.9/10, Rotten Tomatoes - 83% ~ဒီရုပ်ရှင်ကို ကောလင်းကလတ်ရေးတဲ့ The Prince, The Showgirl and Me နဲ့ My Week with Marilyn ဆိုတဲ့ ဒိုင်ယာရီစာအုပ်နှစ်အုပ်ကနေ ရိုက်ထားတာ။ The Prince and the Showgirl (1957) ကို မာရီလင်မွန်ရိုးနဲ့ လောရန့်အိုလီဗာတို့ ရိုက်ခဲ့ကြတုန်းက အကြောင်းပေါ့။ ဒီဇာတ်လမ်းကို သူ့ခေါင်းစဉ်အတိုင်းပဲ စာရေးဆရာ ကောလင်းကလတ်ရဲ့ ရှုထောင့်ကနေပဲ ပုံဖော်ထားတယ်။ ဒီဇာတ်လမ်းရဲ့ အဓိကက ကောလင်းလို့ပြောလို့ရပေမဲ့ သူက ဒီဇာတ်လမ်းထဲ အားကောင်းလှတဲ့ ဇာတ်ကောင်တော့ မဟုတ်နေဘူး။ သူက မွန်ရိုးကိုချစ်မိတဲ့ တတိယအဆင့်လက်ထောက်ဒါရိုက်တာနေရာက သူ့အမြင်ကို ဖော်ပြသွားရုံပဲ။ ဒီဇာတ်လမ်းရဲ့ အားအကောင်းဆုံး ...
movie

My Week with Marilyn (2011)

2011
How I Live Now(2013) 6.4
How I Live Now(2013)  မွေးကတည်းက အမေဖြစ်သူဆုံးသွားပြီး အဖေဖြစ်သူကလည်းဂရုမစိုက်တာကြောင့် အမေ့ရဲ့အမျိုးဖြစ်တဲ့ ဗြိတိန်ကအဒေါ်တွေဆီမှာ နွေရာသီပိတ်ရက်အတွင်း လာနေတဲ့အမေရိကန်လူမျိုး ဒေစီ...ငယ်စဉ်ကတည်းက သူနားကလူတိုင်း သူ့ကြောင့်ဒုက္ခရောက်ရတယ်ဆိုတဲ့ စိတ်အစွဲနဲ့ ဒေစီက အဒေါ်‌တို့မိသားစုနဲ့လည်းကင်းကင်းရှင်းရှင်းပဲနေပါတယ်..‌ တစ်နေ့မှာ အဒေါ်ဖြစ်သူက ငြိမ်းချမ်းရေးကိစ္စနဲ့ပတ်သက်ပြီးဂျနီဗာမြို့ကို ခရီးထွက်ရမှာမို့လို့ သူငယ်ချင်းဖြစ်သူကို ကိုယ်စားစောင့်ရှောက်ပေးဖို့ အပ်ခဲ့ပါတယ်။ အဒေါ့်သူငယ်ချင်းဖြစ်သူမရောက်ခင်မှာ ဗုံးပေါက်ကွဲပြီး စစ်စဖြစ်ပါတော့တယ်..စစ်အတွင်းမှာ ဒေစီတို့ မောင်နှမလေးယောက် ဘယ်လိုတွေဖြစ်မလဲ၊ဒေစီ တစ်ယောက် ဘယ်လိုတွေ ပြောင်းလဲလာမလဲ ဆိုတာကိုဇာတ်ကားလေးထဲမှာပဲ ကြည့်ရှူလိုက်ကြရအောင်ပါနော်..ဒီကားထဲမှာ စစ်ဖြစ်တာတွေ ပါတယ်ဆိုပေမယ့် လုံးဝပျင်းစရာမကောင်းဘဲ အဆုံးထိ ဆွဲခေါ်သွားနိုင်တဲ့ကားလေးဖြစ်လို့မလွတ်တမ်းကြည့်ရှူသင့်တဲ့ ဇာတ်ကားလေးတစ်ခုပဲဖြစ်ပါတယ်.. File size…2.38GB / 1.04GB Quality…Blu-Ray 1080p 5.1CH/ 720p Format…mp4 Duration….1h 41m Genre ..... Action , Adventure , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Benni
movie

How I Live Now(2013)

Hunger(2008) 7.5
Hunger(2008) Hunger(2008)*************ဒီဇာတ်ကားဟာ ၁၉၈၁ခုနှစ်က အိုင်ယာလန်တောင်ပိုင်း Mazeအကျဉ်းထောင်မှာ Irish Republicanခေါင်းဆောင်တစ်ဦးဖြစ်သူ Bobby Sands အစာငတ်ခံဆန္ဒပြခဲ့တဲ့အကြောင်းရိုက်ကူးတင်ဆက်ထားတာပါ။ ဘာကြောင့်ဒီလို ဆန္ဒပြပွဲတွေဖြစ်လာရသလဲဆိုတော့ ၁၉၇၂ခုနှစ်မှာ အိုင်ယာလန်မှာနိုင်ငံရေးအကျဉ်းသားတွေဟာဆိုရင် ရာဇဝတ်သားတွေလို ထောင်ဝတ်စုံဝတ်စရာမလို၊ အလုပ်ကြမ်းလုပ်စရာမလို၊ ကိုယ်ပိုင်အဝတ်ဝတ်ဆင်ခွင့်ရှိပြီး တစ်ပတ်တစ်ခါဧည့်တွေ့ခွင့်၊အစားအစာလက်ခံခွင့်တွေ၊ ထောင်ကန်တင်းမှာပဲ ကိုယ်ပိုင်ပိုက်ဆံနဲ့ဝယ်စားခွင့် စတဲ့နိုင်ငံရေးအခွင့်အရေးတွေရှိကြောင်း ပြဌာန်းခဲ့ပါတယ်။ ဒါပေမယ့်လည်း ၁၉၇၆ခုနှစ်မှာ ဗြိတိသျှအစိုးရဟာ ဒီနိုင်ငံ‌ရေးခံစားခွင့်တွေပိတ်သိမ်းလိုက်ပြီး နိုင်ငံရေးအကျဥ်းသားတွေကို ရာဇဝတ်သားတွေလိုဆက်ဆံပါတော့တယ်။ ဒါကိုလက်မခံနိုင်တဲ့ ထောင်ကျနေတဲ့ IRA(Irish Republican Army)တပ်ဖွဲ့ဝင်တွေဟာနည်းမျိုးစုံသုံးပြီး သပိတ်ကိုစတင်ခဲ့ပါတယ်... ဖြစ်ရပ်မှန်ဖြစ်တဲ့အပြင် ကြမ်းတမ်းရက်စက်တာတွေကို ထင်သာ မြင်သာအောင်ရိုက်ပြထားတဲ့ Biography ကားကောင်းမို့ ခံစားကြည့်ကြပါဦး... Bobby Sandsနေရာမှာတော့ X-menထဲက Magnetoမင်းသားကြီးMichael Fassbenderသရုပ်ဆောင်ထားပါတယ်ဗျ။File Size :(2.4GB) and (948MB) Quality : Web-Dl1080p, 720p Format…mp4 Duration…01:36:00 Genre : Biography, Drama, Crime Subtitle : Myanmar Subtitle (Hard Sub) Translated by Eric Encoded by Phyo Pyae
movie

Hunger(2008)