Channel Myanmar

Desirée Erasmus

Sexy Beast(2000) 7.3
Sexy Beast(2000)   အင်္ဂလန်နိုင်ငံရဲ့ ဂန်းစတာလောကကနေ အနားယူပြီးတော့ စပိန်နိုင်ငံတောင်ပိုင်း ကမ်းခြေမြို့လေးမှာ မိန်းမနဲ့အခြေချပြီး လာနှပ်နေတဲ့ဂယ်လ်... အတိတ်ကအရိပ်မည်းတွေကနေ ရှောင်လွှဲလို့မရနိုင်ခဲ့တော့ တစ်ရက်မှာ အလုပ်ရှင်ဟောင်း ဒေါန်က သူ့ဆီကိုရောက်ပြီး ဘဏ်ဖောက်ဖို့အလုပ်တစ်ခုကို ကမ်းလှမ်းပါတော့တယ်။ မိန်းမဖြစ်သူကလည်း မလုပ်စေချင်၊ ကိုယ်တိုင်ကလည်းမလုပ်ချင်၊ အလုပ်ရှင်ဖြစ်သူကလည်း လူတစ်ကိုယ်စိတ်နှစ်မျိုး၊ သဘောကောင်းလိုက်၊ထဖောက်လိုက်လူမျိုးဆိုတော့ အလုပ်ကိုယတိပြတ်ငြင်းဖို့ ခက်ခဲနေပါတယ်။ ဒီတော့ ဒေါန်ရဲ့ကမ်းလှမ်းချက်ကိုလက်ခံရမလား၊ စွန့်စားပြီးပဲငြင်းလိုက်မလား၊ ဘာတွေဆက်ဖြစ်မလဲဆိုတာကတော့ တကယ်ပဲစိတ်၀င်စားဖို့ကောင်းပါတယ်။ မင်းသားဂယ်လ်နဲ့ ဒေါန်တို့သရုပ်ဆောင်တာ ပီပြင်လွန်းတာကြောင့် တချက်တချက် ကိုယ်တိုင်ပါ ဂယ်လ်နေရာကနေ လိုက်စိတ်ပူသောကရောက်‌ရတဲ့ ခံစားချက်‌မျိုးတွေပါရတာကြောင့် တကယ်ကြည့်သင့်တဲ့ဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်။ File size…1.48GB / 428.1 MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 29m Genre .....  Crime , Drama , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Jaka
movie

Sexy Beast(2000)

The Ghost Writer(2010) 7.2
The Ghost Writer(2010) The Ghost Writer(2010) အညွှန်း****************************ဒီကားဟာ ဆုပေါင်း ၃၃ ဆုတောင်ရရှိခဲ့ပါတယ်..ဝါရင့်မင်းသမီး Olivia Williams၊ Star wars မင်းသား Evan McGregor နဲ့ James Bond မင်းသားကြီးPierce Brosnan တို့အဓိကပါဝင်သရုပ်ဆောင်ထားတဲ့ ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။နာမည်ကျော်ပုဂ္ဂိုလ်တွေရဲ့ ကိုယ်တွေ့မှတ်တမ်းတွေကို ရှဲဒိုးရေးပေးတဲ့ နာမည်ကျော်ရှဲဒိုးစာရေးဆရာ ဂို့စ်ဟာဗြိတိန်ဝန်ကြီးချုပ်ဟောင်း အဒမ်လန်းရဲ့ ကိုယ်တွေ့မှတ်တမ်းကို ရေးပေးဖို့ ငွေကြေးတနင့်တပိုးနဲ့ ကမ်းလှမ်းလာပါတယ်။နိုင်ငံရေးအကြောင်းကို သေချာမသိပေမယ့်လည်း ရမယ့်ငွေပမာဏကမနည်းတာကြောင့် ဗြိတိန်သား ဂို့စ်တစ်ယောက် အမေရိကန်အထိ လိုက်ပြီး ရှဲဒိုးရေးပေးဖို့ပြင်ဆင်ရပါတော့တယ်။သူ့ကိုငှါးဖြစ်သွားတာက သူ့အရင်ရေးပေးနေတဲမိုက်ခ်ဆိုသူဟာ ရေနစ်သေဆုံးသွားလို့ပါပဲ။သူ အလုပ်စတော့မယ့်အချိန်မှ တိုက်တိုက်ဆိုင်ဆိုင်ပဲ အဒမ်လန်းဟာ စီအိုင်အေနဲ့ပူးပေါင်းပြီးပြည်သူအချို့ကို အကြမ်းဖက်သမားဟုဆိုကာ ညှင်းပန်းနှိပ်စက်ခဲ့တဲ့ ကောလဟာလတွေ ထွက်လာပါတယ်။ဒီကောလဟာလတွေကြား ဂို့စ်တစ်ယောက် ရှေ့တိုးရမလို နောက်ဆုတ်ရမလိုဖြစ်ရင်းဘယ်လိုအရှုပ်တော်ပုံတွေထဲ ပဲလှော်ကြား ဆားညပ်မလဲဆိုတာကတော့…   File Size :(1.9GB)  (714 MB) and (245 MB) Quality : ...
movie

The Ghost Writer(2010)