Channel Myanmar

Desmond Chiam

Five Blind Dates (2024)
Five Blind Dates (2024) Five Blind Dates (2024)ဒီကားလေးကတော့ အခုလကမှထွက်ရှိလာပြီး ပေါ့ပေါ့ပါးပါးကြည့်ရှုရမယ့် ဟာသရိုမန့်အမျိုးအစားဇာတ်ကားလေးဖြစ်ပါတယ်။လီရာက မွေးရပ်မြေ တောင်းဗေးလ်စ်ကထွက်ပြီး အဖွားဆီက အမွေရထားတဲ့ပိုက်ဆံတွေနဲ့ ဆစ်ဒနေးကိုတက်လာပြီး တရုတ်လက်ဖက်ရည်ဆိုင်ဖွင့်ထားပြီး အရှုံးပေါ်မလိုဖြစ်နေတာပါ။တစ်နေ့ကျတော့ အစ်မဖြစ်သူအဲလစ်ရဲ့ စေ့စပ်ပွဲပါတီကြောင့် တောင်းဗေးလ်စ်ကိုပြန်ရင်း အဲဒီမှာရှိတဲ့ ဗေဒင်ဆရာမက စီးပွားရေးလမ်းကြောင်းနဲ့နှလုံးသားလမ်းကြောင်းက ရစ်နွယ်နေတာမလို့ စီးပွားရေးတက်ချင်ရင် ဘလိုင်းဒိတ်ငါးခုလုပ်ပြီး စစ်မှန်တဲ့လက်တွဲဖော်ရှာရမယ်လို့ဟောလိုက်ပါတယ်။လက်ဖက်ရည်ဆိုင် အရှုံးပေါ်ပြီး ပိတ်ရတော့မလိုဖြစ်နေတဲ့ လီရာတစ်ယောက် တွေ့ရာကောက်ရိုးမျှင်ဆွဲပြီး ဘလိုင်းဒိတ်လုပ်ရာကနေ ဘယ်လိုလူမျိုးတွေနဲ့တွေ့မလဲ... လက်တွဲဖော်ရောရှာတွေ့ပါ့မလား... လက်ဖက်ရည်ဆိုင်ရော အဆင်ပြေသွားပါ့မလား... ဆိုတာတွေကို ရယ်ရင်းမောရင်း ပေါ့ပေါ့ပါးပါးကြည့်ရှုနိုင်မှာပါ။(ဒီဇာတ်ကားနဲ့အညွှန်းကို Soe Thiri Swe မှ ပြန်ဆို ရေးသားထားပါတယ်)Size - 5.2GB, 1.6GB, 850MB Quality - 4K HEVC, 1080p, 720p IMDb Rating - 6.6/10 Format - mp4 Duration - 1H 23Min Genre - ...
movie

Five Blind Dates (2024)

2024
4K HEVC
Joy Ride(2023) 6.7
Joy Ride(2023) Joy Ride(2023)*************ပွင့်လင်းမြင်သာတဲ့အဖော်အချွတ်တစ်ချို့ပါလို့ မိသားစုနဲ့အတူမကြည့်သင့်ပါကြောင်း.... ကဲ ဘာဘီနဲ့အတူထွက်ရှိလာတဲ့ joy ride ဆိုတဲ့ဇာတ်ကားလေးကို တောင်းဆိုနေတဲ့သူတွေအတွက် ရပါပြီနော်။ ဇာတ်လမ်းအကျဥ်းကတော့အသက်၂၉နှစ်အရွယ်ရှိတဲ့ အော်ဒရီဆိုတဲ့သူဟာ ငယ်ငယ်လေးတည်းက အမေရိကမှာမွေးစားဖို့အပို့ခံခဲ့ရတဲ့ တရုတ်လူမျိုးတစ်ယောက်ဖြစ်ပြီးတော့ လက်ရှိမှာ ရှေ့နေ့ကုမ္ပဏီတစ်ခုမှာအလုပ်လုပ်နေပါတယ်။အမေရိကမှာနေပြီး သူ့လိုပဲတရုတ်လူမျိုးဖြစ်တဲ့ လိုလိုဆိုတဲ့သူငယ်ချင်းတစ်ယောက်လည်းရှိပါတယ်။​လိုလိုကတော့ sex organ တွေကို ပန်းချီဆွဲပြီးဖော်ပြရတာကို အရမ်းသဘောကျတဲ့သူပါ။​လူတွေကို ဖုံးကွယ်ထားသင့်တဲ့ခန္ဓာအစိတ်အပိုင်းတွေနဲ့ပတ်သက်ပြီး ပွင့်လင်းမြင်သာမှုရှိစေချင်တယ်ဆိုတာကသူ့ရဲ့ရည်ရွယ်ချက်ပါ။တစ်ရက်မှာတော့ အော်ဒရီဟာ အလုပ်ကိစ္စနဲ့ သူ့ရဲ့မွေးရပ်မြေလို့သိထားတဲ့တရုတ်ပြည်ကို လိုလိုနဲ့အတူခရီးထွက်ဖို့ဖြစ်လာပါတယ်။ လိုလိုက ခရီးမှာ သူ့ရဲ့တစ်ဝမ်းကွဲညီမဖြစ်တဲ့ဒတ်အိုင်းကို အပါခေါ်လာခဲ့ပါတယ်။​တရုတ်ကိုရောက်တော့ အော်ဒရီရဲ့သူငယ်ချင်းဖြစ်တဲ့ တရုတ်ပြည်မှာသရုပ်ဆောင်မင်းသမီးလုပ်နေတဲ့ကတ်နဲ့တွေ့ကြပါတယ်။ဒီလိုနဲ့လေးယောက်က အတူနေဖို့ဖြစ်လာကြပါတယ်။ တစ်ယောက်ချင်းစီရဲ့အကျင့်စရိုက်ကကွဲပြားခြားနားကြတာကြောင့် မကြာခဏရန်ဖြစ်ကြရင်းနဲ့ အလွဲတွေလုပ်ကြ၊ ပြန်ပြေလည်ကြနဲ့ ချစ်စရာကောင်းတဲ့သူတို့လေးယောက်ကြားက ဆက်ဆံရေးကိုရိုက်ပြထားတာပါ။တရုတ်ယဥ်ကျေးမှုနဲ့ပတ်သက်ပြီးလည်း အများကြီးဖော်ပြထားပြီး လူမျိုးရေးခွဲခြားတတ်တာတွေပါပွင့်ပွင့်လင်းလင်းရိုက်ပြထားတဲ့ Asian-American, comedy ဇာတ်ကားအမျိုးအစားဖြစ်ပါတယ်။ပြောရရင်တော့ ပေါ့ပေါ့ပါးပါးသူငယ်ချင်းဇာတ်ကားလေးလည်းကြည့်ချင်တယ်၊ခွီလည်းခွီချင်တယ်၊ ဗဟုသုတလည်းရချင်တယ်ဆိုရင်ဖြင့် ဒီဇာတ်ကားလေးကိုကြည့်သင့်ပါကြောင်း...  File size…3.85GB / 1.5GB/ 666MB Quality… 4K / WEB-DL1080P / 720p Format…mp4 Duration….1h 38m Genre ….. ...
movie

Joy Ride(2023)

4K HEVC
Magic Camp 2020 6.3
Magic Camp 2020 Magic Camp ဆိုတဲ့ ဇာတ်​လမ်​း​လေးက​တော့ အံသြစရာ ရင်​ခုန်​စရာ​ကောင်​းလှတဲ့ မျက်​လှည်​့​လေး​တွေနဲ့ မျက်​လှည်​့ပညာရှင်​ လူငယ်​​တွေကြားက ဟာသအလွဲ​လေး​တွေကို ကြည်​့ရှုရမယ်​့ ဇာတ်​လမ်​း​လေးပဲဖြစ်​ပါတယ်​။ မျက်​လှည်​့ပညာရှင်​ဖြစ်​ချင်​ကြတဲ့ က​လေး​တွေအတွက်​ ဖွင်​့လှစ်​​ပေးထားတဲ့ ​နွေရာသီ စခန်​းချသင်​တန်​း​လေးတစ်​ခု..... အဲ့ဒီ့ ​နွေရာသီမျက်​လှည်​့သင်​တန်​း​ကျောင်​းကို ရာက်​လာကြတဲ့ သင်​တန်​းသား​လေး​တွေက​တော့.... ဖခင်​ဖြစ်​သူဆုံးပါးသွားပြီး​နောက်​ ဖခင်သင်​​ပေးခဲ့တဲ့ မျက်​လှည်​့ပညာကိုလူမသိ​အောင်​​လေ့ကျင်​့ရင်​း ဖခင်​ကိုတမ်​းတ​နေတဲ့ သီအို မိဘ​တွေရဲ့ဂရုစိုက်​မှုမခံရဘဲ အ​ဝေးပို့ခံရတဲ့အတွက်​ စိတ်​မပါဘဲစခန်​းကို​ရောက်​လာတဲ့ ဂျနဲလ်​ ဓာတ်​မတည်​့တဲ့အရာ​တွေများစွာ​ကြောင်​့ ကျန်​းမာ​ရေးမ​ကောင်​း​ပေမဲ့ သချင်္ာသိပ်​​တော်​တဲ့ ​နေသန်​ နာမည်​ကြီးမျက်​လှည်​့ပညာရှင်​ဖြစ်​တဲ့ဖခင်​ရဲ့​မျှော်​လင်​့ချက်​ကို မလွန်​ဆန်​နိုင်​တဲ့အတွက်​ ဝါသနာမပါတဲ့မျက်​လှည်​့သင်​တန်​းကို​ရောက်​လာရတဲ့ ဂျဒ်​ တို့ပဲဖြစ်​ပါတယ်​။ သူတို့​လေး​တွေကို သင်​ကြား​ပေးဖို့ မျက်​လှည်​့ပညာမှာထူးချွန်​​ပေမယ်​့ စင်​မြင်​့ထက်​ပြသဖို့စွန်​့လွှတ်​ခဲ့တဲ့ အန်​ဒီနဲ့ အန်​ဒီ့ကို သစ္စာ​ဖောက်​ခဲ့တဲ့ ထိ်ပ်​တန်​းမျက်​လှည်​့ပညာရှင်​့ ခရစ်​တီးနားတို့ကို တာဝန်​အ​ပေးခံရတဲ့အခါမှာ​တော့ သူတို့ရဲ့ Magic camp ​လေး ဘယ်​လို အသက်​ဝင်​လှုပ်​ရှားသွားမလဲ ? က​လေး​တွေရဲ့ ​ပေါက်​ကရအပြုအမူ​တွေကို အန်​ဒီနဲ့ ခရစ်​တီးနားတို့ ...
movie

Magic Camp 2020