Channel Myanmar

Devon Gummersall

You’re Not Supposed to Be Here (2023)
You’re Not Supposed to Be Here (2023)  ဒီတစ်ခေါက်မှာတော့ အသစ်ထွက် Thriller ဇာတ်ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ မင်းသမီး Chrishell Stause (A Rose for Her Grave: The Randy Roth Story)နဲ့ Diora Baird (Hot Tamale), မင်းသား Curtis Hamilton (In Broad Daylight) တို့ အဓိကပါဝင်သရုပ်ဆောင်ထားကြတာပါ။လိင်တူချစ်သူနှစ်ဦးဖြစ်တဲ့ ကန်နဒီနဲ့ ဇိုဝီတို့ နှစ်ဦးက တစ်ဦးနဲ့ တစ်ဦး သစ္စာရှိစွာ ချစ်ခင်ကြသူတွေဖြစ်ပြီး ကံဆိုးစွာနဲ့ ပထမကလေး ပျက်ကျသွားခဲ့တဲ့အဖြစ်ဆိုးကို ရင်ဆိုင်ထားရသူတွေပါ။သို့ပေမဲ့လည်း ကလေးလိုချင်ကြသူ သူတို့နှစ်ဦးက ဇိုဝီ့သူငယ်ချင်းကောင်လေး အက်ဒမ့်ဆီကနေ သုတ်ပိုးအလှူခံပြီး နောက်တစ်ကြိမ်ကြိုးစားခဲ့ရာကနေ ဇိုဝီက မကြာခင်မွေးဖွားခါနီး နေ့စေ့လစေ့ အခြေအနေကို ရောက်ရှိနေချိန်မှာ သူတို့ဘဝအတွက် အလှည့်အပြောင်းတစ်ခု ဖြစ်ပေါ်လာပါတော့တယ်။အဲဒါကတော့ ပထမကလေး ပျက်ကျထားမှုရဲ့စိတ်ဒဏ်ရာကြောင့် ဇိုဝီတစ်ယောက် မကြာခဏ သံသယစိတ်တွေနဲ့ ကလေးအတွက် ...
movie

You’re Not Supposed to Be Here (2023)

Dick (1999) 6.2
Dick (1999) IMDb Rating (6.2) / Rotten Tomatoes (72%)ကမ္ဘာ့နိုင်ငံရေးအကြောင်းတီးမိခေါက်မိရှိသူဆိုရင်တော့ အမေရိကန်နိုင်ငံက Watergate Scandal ဆိုတဲ့ ကိစ္စကိုသိကြမှာပါ။ သမ္မတ နစ်ဆင်လက်ထက်က နိုင်ငံရေးအရှုပ်တော်ပုံတစ်ခုပေါ့။ သတင်းထောက်လောကမှာဆိုရင်လည်း ဒီကိစ္စက အတုယူမှတ်သားဖွယ်သတင်းတင်ဆက်မှုတစ်ခုအဖြစ်ရှိခဲ့ပါတယ်။ဒီ Dick ဆိုတဲ့ဇာတ်ကားကတော့ အဲဒီအဖြစ်အပျက်ကို Parody ဆန်ဆန် သရော်ထားတဲ့ဟာသဇာတ်လမ်းလေးဖြစ်ပါတယ်။ ၁၉၉၉ ခုနှစ်ကဖြစ်တဲ့အတွက် လက်ရှိအချိန်မှာနာမည်ကြီးနေတဲ့ Deadpool မင်းသားရဲ့ ငယ်ဘဝသရုပ်ဆောင်ပုံတွေကိုတွေ့ရမှာပါ။ Dick မှာဆိုရင် စပိုင်ဒါမန်းမင်းသမီးလို့နာမည်ကြီးတဲ့ Kristen Dunst၊ အော်စကာစာရင်းဝင်မင်းသမီး Michelle Williams တို့အဓိကပါဝင်ထားကြပါတယ်။ဆယ်ကျော်သက်ကောင်မလေး ၂ ယောက်ဟာ မအူမလည်နဲ့ အမေရိကန်သမ္မတကြီးဆီရောက်သွားပြီးတော့ သမ္မတကြီးရဲ့ လျှို့ဝှက်ချက်တွေကို အမှတ်မထင်ရခဲ့ကြပြီး သူတို့ရဲ့ ဆယ်ကျော်သက်စိတ်တွေကြောင့်ပဲ ဒီအရှုပ်တော်ပုံကြီးပေါ်ပေါက်ခဲ့ရတယ်ဆိုပြီး တကယ့်အဖြစ်အပျက်ကို ဟာသဆန်ဆန်ပြန်လည်ပုံဖော်ထားတာဖြစ်ပါတယ်။ဒါကြောင့် ရိုးအီနေတဲ့ နိုင်ငံရေးအရှုပ်တော်ပုံဇာတ်လမ်းကို နောက်ထပ် ဗားရှင်းတစ်မျိုးနဲ့ဟာသဆန်ဆန်ကြည့်ချင်ရင်တော့ Dick ကိုကြည့်ပါလို့ပဲ ညွှန်းဆိုလိုက်ပါရစေ။(ရုပ်ရှင်အညွှန်းနဲ့ ဘာသာပြန်ကို Mugiwara ...
movie

Dick (1999)

Independence Day (1996) 7.0
Independence Day (1996) ဒီဇာတ်ကားက ထွက်ထားတာ တော်တော်ကြာနေပေမဲ့ ဘယ်အချိန်ကြည့်ကြည့်မရိုးနိူင်တဲ့ဇာတ်ကားကောင်းတစ်ကားပါ။ ၂၀၁၆မှာ ဒီဇာတ်ကား အနှစ် ၂၀ပြည့် အထိမ်းအမှတ်အနေနဲ့Independence Day 2လာဦးမှာမို့ ဒီဇာတ်ကားကို အရင် ကြည့်ထားသင့်ပါတယ်။ ဒီဇာတ်ကားက စိတ်ကူးယာဉ်သိပ္ဗံဇာတ်ကား တစ်ကားဖြစ်ပြီး ဂြိုလ်သားတွေက ကမ္ဘာမြေကို လာဖျက်ဆီးတဲ့ ဇာတ်ကားပါ။ နည်းပညာမြင့်တဲ့ဂြိုလ်သားတွေက လူသားတွေက ဘယ်လို စိတ်ဓာတ်၊ဘယ်လို အစီအမံတွေနဲ့ ရင်ဆိုင်မှာလဲဆိုတာ စိတ်ဝင်စားစရာပါ။သူ့ခေတ် သူ့အခါတုန်းအနေအထားနဲ့ကြည့်ရင် ကွန်ပျူတာ ပြုလုပ်ချက်တွေ အဲလောက်ထိ ကောင်းမွန်တာက အံ့သြစရာပါ။ဒီဇာတ်ကားမှာတော့ ပရိသတ်အချစ်တော် Will Smithက ခေါင်းဆောင်မင်းသားအနေနဲ့ရိုက်ကူးထားတာ ဖြစ်ပါတယ်။ မကြည့်ရသေးတဲ့လူများ ကြည့်လိုက်ကြပါဦး
movie

Independence Day (1996)

1996