Channel Myanmar

Deyemi Okanlawon

Social Media 101 (2019)
Social Media 101 (2019) Social Media 101 (2019)လူကြီးမင်းတို့ဘဝမှာ Hollywood Bollywood Tollywood BBC တို့ဆိုတဲ့ ဖျော်ဖြေရေးမီဒီယာကြီးတွေကို ကြားဖူးကြမယ်ထင်ပါတယ်။ ဒါပေမဲ့ Nollywood ကိုတော့ တစ်ယောက်မှကြားဖူးကြမယ်မထင်ပါဘူး။ ဟုတ်ပါတယ် Nollywood ပါ။ ကျွန်တော်လဲ ပြောရရင် ခုမှကြားဖူးတာပါ။ နိုင်ဂျီးရီးယား နိုင်ငံက သူတို့ ဖျော်ဖြေရေးမီဒီယာကို Nollywood လို့နာမည်ပေးထားတာဗျ။ Hollywood ကဇာတ်ကားတွေက ကမ္ဘာကျော်တွေ ပိုပြီးကြည့်ကောင်းတယ်တို့ Bollywood ကားတွေကမှာ ဇာတ်ရှင်ခန်းတွေကလွဲရင် ကျန်တာတွေက ကြည့်ကောင်းတယ်တို့ Tollywood ကဇာတ်ကားတွေကမှာ လူ့သဘာဝနဲ့နီးစပ်တာတို့ ငြင်းခုန်နေမဲ့အစား Nollywood ကားတွေကို ကြည့်ကြည့်ပါလို့ အကြံပေးချင်ပါတယ်။ ကြည့်မယ်ဆိုလဲ ဘေးနားမှာ လူကိုအန္တရာယ်ဖြစ်စေတဲ့ ပစ္စည်းတွေ မထားပါနဲ့ တီဗီကို ဒါမှမဟုတ် ကိုယ့်ကိုကိုယ် ထိခိုက်အောင်လုပ်မိမှာစိုးလို့ပါ။ မကြည့်ခင်သေသွားသင့်တဲ့ ကားကောင်းလေးတွေမို့ပါ။ မြန်မာပေါကေားတွေရပ်ဆိုတဲ့ သူတွေကိုပြကြည့်ပါ အကယ်ဒမီပေးပွဲကို တန်ဖိုးထားတတ်သွားပါလိမ့်မယ်။ မြန်မာအနုပညာရှင်တွေကိုတော့ သွားမပြနဲ့ ကြံဖန်ပြီးဂုဏ်ဆာနေမှာစိုးလို့။ကဲဒီလောက်ညွှန်းပြီးသွားပြီဆိုတော့ ဇာတ်လမ်းအကျဉ်းလေး ပြောကြလိုက်ရအောင်။ ဇာတ်လမ်းလေးကတော့ ပညာပေးပုံစံလေးပေါ့။ ဆိုရှယ်မီဒီယာကို ကိုယ့်အတွေးနဲ့ကိုယ် သုံးစွဲနေကြတဲ့ မိန်းမပျိုလေးသုံးယောက်ပေါ့ဗျာ။ တစ်ယောက်က လာရှင်ဖို့အတွက် သုံးတယ်။ တစ်ယောက်က ကြွားဖို့အတွက်သုံးတယ်။ တစ်ယောက်က ...
movie

Social Media 101 (2019)

Brotherhood (2022) 5.0
Brotherhood (2022) ငယ်ငယ်က ကြားဖူးတဲ့ ကျေးညီနောင်ပုံပြင်လေးကို မှတ်မိကြသေးရဲ့လား.. မုန်တိုင်းကြောင့် အသိုက်ကနေလွင့်ပြီး တစ်နေရာစီ ရောက်သွားကြတဲ့ ကျေးညီနောင်လေးဟာ တစ်ကောင်ကအဖြူဘက် တစ်ကောင်က အမည်းဘက် ဒုစရိုက်ခြမ်းနဲ့ သုစရိုက်ခြမ်း တစ်ကွဲတစ်ပြားစီ ရောက်သွားခဲ့ကြရတာလေ...ဒီ IMDB 8.1/10 ရရှိထားတဲ့ နိုင်ဂျီးရီးယား crime-action thrillerကားလေး Brotherhood (2022)ကလည်း အလားတူ အခြေအနေမျိုးကို ရိုက်ကူးထားတာပဲဖြစ်ပါတယ်.."ဇာတ်လမ်းအကျဉ်း" ငယ်စဉ်က နှစ်သစ်ကူးညမှာ ဓားပြတိုက်ခံခဲ့ပြီး မိဘနှစ်ပါးလုံး ဆုံးပါးသွားခဲ့တာကြောင့် ဝါလေ နဲ့ အာကင်းတို့ အမြွှာညီအစ်ကိုနှစ်ယောက်ဟာ နေ့ချင်းညချင်း မိဘမဲ့အဖြစ်ကိုရောက်ရှိသွားခဲ့ရပါတယ်.. မိဘမဲ့ဂေဟာရောက်သွားတဲ့ အမြွှာညီအစ်ကိုနှစ်ယောက်မှာတော့ လီဂိုပြည်နယ်ရဲ့ လမ်းမများပေါ်မှာ အသက်ရှင်ရပ်တည်ဖို့ကြိုးစားရင်း အရွယ်ကြီးရင့်လာတဲ့အခါမှာတော့ တစ်ယောက်တစ်လမ်းစီ လျှောက်ဖြစ်ခဲ့ကြပါတော့တယ်.. အဖြူ အမည်း လားလားကြီးကို ဆန့်ကျင်နေတဲ့ ပြဒါးတစ်လမ်း သံတစ်လမ်းဖြစ်စွာ ဝါလေက ရဲအရာရှိဖြစ်၊ အာကင်းက ထောင်ကို အိမ်ဦးနဲ့ ကြမ်းပြင်လိုကူးနေတဲ့ ဒုစရိုက်သမားဖြစ်ခဲ့တာကြောင့် တဇောင်းစေးနဲ့ မျက်ချေးလို တစ်ယောက်နဲ့တစ်ယောက်ကြည့်မရ ဖြစ်နေကြတော့တာပေါ့.. ဒီလိုနဲ့ တစ်နေ့မှာတော့ ဝါလေလိုက်နေတဲ့ ရာဇဝတ်မှုထဲ အာကင်းက တရားခံတွေထဲကတစ်ယောက်ဖြစ်နေတာကို သိလိုက်ရတဲ့အခါမှာတော့... အလုပ်နဲ့ ညီအစ်ကိုသံယောဇဉ်ကြား ဝါလေတစ်ယောက် ဘယ်အရာကိုရွေးချယ်မှာလဲ.. အာကင်းကရော ဘယ်လိုဖြစ်ပြီး အဲဒီရာဇဝတ်မှုကြီးထဲ ပါသွားခဲ့တာလဲ.. နှစ်ယောက်သား ထိပ်တိုက်တွေ့ကြတဲ့အခါ ခါတိုင်းလို အသေအလဲ ...
movie

Brotherhood (2022)