Channel Myanmar

Dharmendra

Teri Baaton Mein Aisa Uljha Jiya (2024) 7.1
Teri Baaton Mein Aisa Uljha Jiya (2024) Teri Baaton Mein Aisa Uljha Jiya (2024) "ချစ်သူရဲ့ စကားသည်သာ..." IMDb - 7.1/10 အားလုံးစောင့်မျှော်နေကြတဲ့ ဘတ်ဂျတ် ရူပီး ၇၅ကုဋေ အသုံးပြုထားပြီး နှစ်ဆပြန်ဝင်ခဲ့တဲ့ ရုပ်ရှင်ကားကြီးကို တင်ဆက်ပေးလိုက်ပါတယ်။ခင်ဗျားတို့သိပ်ကြိုက်ကြတဲ့ မင်းသားရှာဟစ်ကပူးနဲ့ ကျွန်တော်သိပ်ကြိုက်တဲ့ မင်းသမီးလေး ကရီသီးတို့ ပါဝင်သရုပ်ဆောင်ထားကြပါတယ်။ အာယန်ဆိုတာ အိန္ဒိယရဲ့ အတော်ဆုံးပရိုဂရမ်မာတွေထဲက တစ်ယောက်ပေါ့။ မိခင်ဖြစ်သူရဲ့ အိမ်ထောင်ပြုဖို့ တဂျီဂျီနားပူနားဆာလုပ်သမျှ အကြောင်းအမျိုးမျိုးပြရှောင်နေရင်း ဇီဇာကြောင်တဲ့ လူပျိုကြီးဘ၀ကိုဖြတ်သန်းနေတဲ့သူ။ အမေရိကက အဒေါ်ဖြစ်သူပိုင်တဲ့ စက်ရုပ်ကုမ္ပဏီရဲ့ အိန္ဒိယရုံးခွဲတစ်ခုမှာ အလုပ်လုပ်နေတဲ့သူ။ တစ်ရက် ပရောဂျက်အသစ်တစ်ခုအတွက် အမေရိကကိုလာဖို့ အဒေါ်ဖြစ်သူကလှမ်းခေါ်တော့ အမေ့ရဲ့မိန်းမယူဖို့နားပူနားဆာလုပ်တဲ့ရန်က ဝေးပြီဆိုပြီး ဝမ်းသာအားရပြေးပါတယ်။အိန္ဒိယမှာနေတုန်းက သူ့ဆီမှာအလုပ်လုပ်ဖို့ အိမ်အကူမရှိတော့အထိ ဇီဇာကြောင်လွန်းတဲ့ အာယန်တစ်ယောက် အဒေါ့်ဆီရောက်တဲ့အခါမှာတော့ အဒေါ်ဖြစ်သူရဲ့ မန်နေဂျာဆိုသူ စီဖရာရဲ့ လုပ်ပုံကိုင်ပုံတွေကို သဘောအကျကြီးကျရာကနေ သိလိုက်ရတာက စီဖရာက စက်ရုပ်မလေး ဖြစ်နေတယ်ဆိုတာပါပဲ။ဒီကနေ အာယန်ရဲ့ အချစ်ဇာတ်လမ်းလေး ဘယ်လိုဖြစ်တည်လာမယ်ဆိုတာကတော့ ဒီသိပ္ပံခေတ်လွန်ရုပ်ရှင်ကားကြီးမှာ စီးမျောခံစားကြပါဦး။(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပဲ ...
movie

Teri Baaton Mein Aisa Uljha Jiya (2024)

2024
Rocky and Rani’s Love Story (2023) 7.2
Rocky and Rani’s Love Story (2023) Rocky Aur Rani Ki Prem Kahani (2023) IMDb-7.2/10 ရန်ဘီးကပူးရ် အူတိုရလောက်အောင်ရိုခဲ့ကြတဲ့ အာလီယားဘတ်နဲ့ ရန်ဗီးရ်ဆင်းဂ်တို့ရဲ့ ရုံတင်အမြတ်ငွေကုဋေ၁၀၀ကျော်လောက် မြတ်ထားတဲ့ အချစ်ဇာတ်လမ်းလေးလာပါပြီခင်ဗျာအချစ်ဆိုတဲ့အရာကလှပတဲ့ပေါင်းစပ်မှုတစ်ခုဆိုရင် နားလည်မှု ဒြပ်စင် ၊ ဂုဏ်ရည်အချင်းတူညီမှု ဒြပ်စင်၊ နှစ်ဖက်အသိုင်းအဝိုင်းရဲ့ မေတ္တာအကြင်နာဒြပ်စင်လေးတွေကမရှိမဖြစ်ပါကိုပါရတဲ့အရာ ခေတ်ပညာတွေတတ်မြောက်ပြီး အတွေးအခေါ်တွေကလည်းဆန်းသစ်တဲ့ မော်ဒယ်မိသားစုနဲ့ ဆွေဂုဏ်မျိုးဂုဏ်ကိုအဆက်ဆက်ထိန်းသိမ်းလာပြီး ယဉ်ကျေးမှုဘာသာတရား စည်းဘောင်အတွင်းမှာပဲနေကြတဲ့ မိသားစု ဒီမိသားစု‌နှစ်စုရဲ့ မျိုးဆက်တွေမှာအချစ်ဆိုတဲ့အရာဝင်လာတဲ့အချိန်မှာ အချစ်ကိုစတေးမိသားစုအရေး ဦးစားပေးခဲ့ကြသူတွေရှိတယ်ရာနီးနဲ့ ရော်ကီလို ရည်ရွယ်ချက် ၊ အတွေးအခေါ် ၊ နေထိုင်မှုဘဝ ဘာမှမတူကြတဲ့လူငယ်နှစ်ယောက်ရဲ့ အချစ်ထပ်တူကြလာချိန်မှာ ဒီအချစ်နဲ့ စည်းဘောင်တွေဖောက်ထွက်နိုင်ကြမလား ဒီအချစ်နဲ့ မတူညီတဲ့အရာတွေကိုပေါင်းစည်းနိုင်မလား တဟုန်းဟုန်းတောက်လောင်ရတဲ့ စစ်ပွဲမဟုတ် လူနှစ်ယောက်ရဲ့အချစ်တွေနဲ့ တဖြည်းဖြည်းချင်းပုံဖော်တိုက်ယူသွားကြမဲ့ အချစ်တိုက်ပွဲအကြောင်း သံစဉ်ချိုချိုလေးတွေနဲ့ ခံစားကြည့်ပါဦး အညွှန်းနှင့် ဘာသာပြန်သူတွေကတော့ V ~ ZweYan ~ BpL ~ YH ~ Cherry ~ Yunni တို့ပဲဖြစ်ပါတယ် File size…4k HEVC WEB DL / 2.68GB / 1.4GB Quality…1080p WEB DL / 720p Format…mp4 Duration….2h 48m Subtitle….Myanmar ...
movie

Rocky and Rani’s Love Story (2023)

2023
4K HEVC
Life in a Metro (2007) 7.4
Life in a Metro (2007) Life in a Metro (2007) *********************** ဒီဇာတ်ကားလေးကတော့ ပရိတ်သတ်တို့ရဲ့ အချစ်တော်မင်းသားကြီး အီရ်ဖားန်ခန်းနဲ့ မင်းသမီး ရှီလ်ပါးရှတ်သီးတို့ပါဝင် သရုပ်ဆောင်ထားတဲ့ Romance/Drama အမျိုးအစား ဘောလိဝုဒ်ဇာတ်ကားလေး တစ်ကားဖြစ်ပြီး IMDb ratingကလည်း 7.4အထိရရှိထားပါတယ်။ဇာတ်လမ်းအကျဉ်း အရည်အချင်းပြည့်ဝတဲ့ အကမယ်တစ်ယောက်ဖြစ်တဲ့ ရှီခါဟာ သူမရဲ့ ကလေးနဲ့ အိမ်ထောင်ရေးအတွက် သူ့ရဲ့ပညာရေးနဲ့ သူ့ဘဝတက်လမ်းတွေကို စွန့်လွှတ်ခဲ့ပါတယ်။၇နှစ်လောက် ကြာလာတဲ့အခါမှာတော့ သူတို့ရဲ့ အိမ်ထောင်ရေးအခြေအနေဟာ ယိုယွင်းစဖြစ်နေမှန်း သူမသတိထားမိလာခဲ့တယ်။ ရှီခါဟာ ပြဇာတ်မင်းသားတစ်ယောက်ကို စွဲလမ်းမိသွားပြီး သူမရဲ့ ယောကျာ်းဟာလည်း သူ့ရုံးက ကောင်မလေးတစ်ယောက်နဲ့ ငြိငြိတွယ်တွယ် ဖြစ်လာပါတော့တယ်။ရာဟုလ်ဆိုတဲ့ ဉာဏ်များတဲ့ သူကတော့ သူ့ရဲ့အခန်းကို ခိုးချိန်းကြတဲ့အတွဲတွေကို ငှားလေ့ရှိသတဲ့။ ဒီဇာတ်ကားထဲမှာ အဓိကဇာတ်ကောင် ၉ယာက်ပါဝင်ပြီး သူတို့၉ယောက်ဟာ အချင်းချင်း သိကျွမ်းကြပြီး အားလုံးဟာ မွမ်ဘိုင်းမြို့မှာ အလုပ်လုပ်ကြပါတယ်။တစ်နေ့မှာတော့ သူတို့ ၉ယောက်ရဲ့ ကံကြမ္မာအလှည့်အပြောင်းကြီး ဖြစ်ပေါပြီး တစ်ယောက်နဲ့တစ်ယောက် ကံကြမ္မာချင်းရောယှက်သွားကြ‌ပြီး စိတ်ခံစားချက်ကို အနိုင်ယူဖို့ ကြိုးစားကြတဲ့အခါ ... အရမ်းကောင်းတဲ့ Old but Goldဇာတ်ကားကောင်းလေးတစ်ကား ဖြစ်တာမလို့ ဘောလိဝုဒ်ချစ်သူများ လုံးဝ လက်မလွှတ်သင့်ပါကြောင်း ... ဘာသာပြန်သူတွေကတော့ ...
movie

Life in a Metro (2007)

2007
Om Shanti Om (2007) 6.7
Om Shanti Om (2007) ဒီတစ်ခေါက်မှာတော့ Old But Gold ဇာတ်ကားလေးဖြစ်တဲ့ ရှာရွတ်ခန်းရဲ့ ဇာတ်ကားကောင်းလေးတစ်ပုဒ်ကို တင်ဆက်ပေးလိုက်ရပါတယ်အွန်း(မ်)ဆိုတဲ့ ကောင်လေးဟာ အရမ်းကိုမှ မင်းသားဖြစ်ချင်နေတဲ့ သာမန်လူတန်းစားလေးတစ်ယောက်ပေါ့ အဲဒီအချိန်တုန်းက ရှန်တီဆိုတဲ့ ရုပ်ရှင်မင်းသမီးဟာ လျှမ်းလျှမ်းတောက် အောင်မြင်ကျော်ကြားတဲ့သူဖြစ်ပြီး အွန်း(မ်)ကလည်း သူ့ကို အသေအလဲသဘောကျနေတာပေါ့တစ်နေ့ကျတော့ ရှန်တီဟာ ထုတ်လုပ်သူတစ်ယောက်ရဲ့ မီးရှို့သတ်ခြင်းကို ခံခဲ့ရပြီး ဒါကိုမျက်မြင်ကိုယ်တွေ့ မြင်လိုက်တဲ့ အွန်း(မ်)က ဝင်ကယ်ဖို့လုပ်ရင်းနဲ့ သူပါ သေဆုံးသွားခဲ့ရပါတယ်ဒါပေမယ့် သူဟာ မင်းသားကြီးတစ်ယောက်ရဲ့ သားအဖြစ် ပြန်လည်လူဝင်စားလာခဲ့ပြီး နှစ် (၃၀) အကြာမှာတော့ လျှမ်းလျှမ်းတောက်မင်းသားတစ်လတ် ဖြစ်လို့လာခဲ့ပါတယ်အဲဒီလိုနဲ့ တဖြည်းဖြည်းနဲ့ သူ့အရင်ဘဝကို ပြန်အမှတ်ရလာပြီး ရှန်တီအတွက် တရားမျှတမှုရှာပေးဖို့ ကြံစည်ပါတော့တယ်သူဘယ်လိုနည်းနဲ့ ပြန်အမှတ်ရခဲ့တာလဲ ရှန်တီကရော ဘာလို့အသတ်ခံခဲ့ရတာလဲ ရှန်တီအတွက် တရားမျှတမှုကိုရော ဘယ်လိုရှာပေးမလဲဆိုတာ ရှာရွတ်ခန်းရဲ့ နှစ်ဘဝသရုပ်ဆောင်ချက်တွေကို အပြည့်အဝခံစားကာ ကြည့်ရှုရမှာပဲဖြစ်လို့ အခုလိုပဲ တင်ဆက်ပေးလိုက်ရပါတယ် File size…4.35GB / 2.2GB Quality…1080p BluRay /720p Format…mp4 Duration….2h 12m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by  Sora 
movie

Om Shanti Om (2007)

2007
Shimla Mirchi (2020) 5.0
Shimla Mirchi (2020) (Unicode)ဘောလီဝုဒ်ဖန်တွေအတွက် အသစ်စက်စက် Rom-Com တစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်ပါဝင်တဲ့အနုပညာရှင်တွေကလည်း ဘောလီဝုဒ်ရဲ့ဂန္တဝင်မင်းသမီးကြီး ဟေမာမာလီနီနှင့်သဘာဝသရုပ်ဆောင် ရာဂျ်ကူမား ရာအိုတို့နဲ့အတူ မင်းသမီးချောလေး ရာခူးလ်ပရီးဆင့်တို့ပဲဖြစ်ပါတယ်ဇာတ်လမ်းလေးကလည်း ပေါ့ပေါ့ပါးပါးလေးနဲ့မို့ မိသားစုနဲ့အတူ ပျော်ပျော်ပါးပါး ကြည့်ရှု့လို့ကောင်းမယ့်ကားမျိုးပါပဲဇာတ်လမ်းအကျဉ်းလေးပြောပြရင် အဗီး ခေါ် အဗီနက်ရှ်ဆီမှာ အားနည်းချက်တစ်ခုရှိပါတယ်အဲ့ဒါကတော့ သူချစ်တဲ့မိန်းကလေးတစ်ယောက်ကို ဖွင့်မပြောနိုင်တာပါ ဟုတ်ပါတယ်သူ အကြိမ်ကြိမ်ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူးဘယ်လိုနည်းနဲ့မှ မပြောနိုင်ခဲ့ဘဲ ဆွံ့အနေခဲ့ပါတယ်အဲ့ဒိလိုအချစ်ရေးမှာ မအောင်မြင်နိုင်သေးတဲ့အဗီးတစ်ယောက် ရှင်းမ်လားမြို့အလည်ရောက်တဲ့အခိုက်နိုင်နားဆိုတဲ့မိန်းမချောလေးကို မြင်မြင်ချင်းချစ်ခဲ့မိပါတယ်သူ့ကိုလည်း ရှေးနည်းတွေအတိုင်း ဖွင့်ပြောဖို့ကြိုးစားခဲ့ပေမယ့် ဆွံ့အနေတုန်းပါပဲ အဲ့ဒိအခိုက် အဗီးဆီမှာ အကြံစည်တစ်ခုရသွားပါတယ်အဲ့ဒါကတော့ စာရေးပြီးပြောတာပါ ဟုတ်ပါတယ် အဗီးဟာ နိုင်နားဆီ ရည်းစားစာရေးပြီး သူ့ခံစားချက်တွေကို ဝန်ခံခဲ့ပါတယ်သိပ်မကြာခင်မှာပဲ အဗီးတစ်ယောက် အဖြေပြန်ရခဲ့ပါတယ်အဲ့ဒိအဖြေကတော့ ... "ငါ့အမေ နင့်ကို ...
movie

Shimla Mirchi (2020)

2020
Sholay (1975) 8.2
Sholay (1975) Sholay (1975)IMDb - 8.2/10_____Rotten - 91%    All time Best Bollywood Movies မှာ Sholay ဟာ နံပါတ် ၃ နေရာမှာရှိနေပါတယ်။ 1975 က ရိုက်ကူးထားတဲ့ ရုပ်ရှင်ကားဆိုပေမယ့် ဇာတ်လမ်း၊ဇာတ်ကွက်တွေနောက်ခံသီချင်းတွေ အဲ့ဒီခေတ် အနေအထားနဲ့ ဒီလို အက်ရှင်ခန်းတွေ၊ ကျေးလက်ဒေသ မြင်ကွင်းတွေ၊ အထူးပြောချင်တာကတော့ ဒရာမာအခန်းတွေပါပဲ့ တကယ့်ကို ပြီးပြည့်စုံလွန်းတယ်လို့ပဲပြောရမလား ဘယ်အချိန်ပြန်ကြည့်ကြည့် မချီမကဲဖြစ်သွားစေတဲ့ ဒရာမာအခန်းလေးတွေ၊တစ်ယောက်နဲ့တစ်ယောက် စိတ်ဝင်စားနေပေမယ့် စကားလုံးတွေမပါပဲ နောက်ခံတေးသံသာသာလေးဟာ အခုချိန်ထိ နားထဲမှာ ကြားရောင်နေဆဲပါပဲ။ သရုပ်ဆောင်တွေကလည်း ကဏ္ဌအသီးသီးမဇာ တာဝန်ကျေကြသလို၊ အကောင်းမွန်ဆုံးတွေဆိုတော့ သဘာဝကျမှုကို အပြည့်အဝရရှိစေပါတယ်။ တစ်ခါမှ မကြည့်ဖူးသေးဘူးဆိုရင်တော့ တစ်ခါလောက်တော့ မဖြစ်မနေကြည့်ကြည့်လိုက်ပါ့ ကြည့်ပြီးသားလူတွေအတွက်လည်း ဘယ်အချိန်မှ မရိုးနိုင်တဲ့ ဇာတ်ကားကောင်း တစ်ခု ဖြစ်ပါတယ်။ ======================================================= ဇာတ်လမ်းနည်းနည်းလောက် ညွှန်းရမယ်ဆိုရင်တော့ ရမ်ဂဗ်ရွာရဲ့ အငြိမ်းစားရဲတစ်ယောက်ဖြစ်သူ ထာကူရ်ဗဲလ်ဒေ့ဆင့်ဟာ အသိဖြစ်သူ ထောင်ပိုင်တစ်ယောက်ကို လူနှစ်ယောက်ကို ရှာပေးဖို့ အကူအညီတောင်းခဲ့ပါတယ် သူရှာခိုင်းတဲ့ နှစ်ယောက်က ဗီရူးနဲ့ ...
movie

Sholay (1975)

1975