Channel Myanmar

Dibor Adaobi

Blood Vessel (2023)
Blood Vessel (2023)  Netflix ကနေ ဒီဇင်ဘာလ ၈ရက်နေ့ကမှ ပူပူနွေးနွေးထွက်ရှိထားတဲ့ သည်းထိတ်ရင်ဖို ဒရာမာ ရုပ်ရှင်တကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။အာဘီတို့နေထိုင်တဲ့ မြို့ကလေးမှာ Axis ရေနံကုမ္ပဏီရဲ့ ရေနံယိုဖိတ်မှုကြောင့် ဖြစ်ပေါ်နေတဲ့ သဘာ၀ပတ်၀န်းကျင်ပျက်စီးညစ်ညမ်းမှုကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေဟာ ဆက်တိုက်ဖြစ်ပေါ်နေပါတယ်။ဒါပေမဲ့ အာဘီရဲ့ဇာတ်လမ်းကတော့ လူငယ်တွေရဲ့ ထကြွပုန်ကန်မှုနဲ့ မဆက်စပ်နေပါဘူး။ အာဘီရဲ့ဇာတ်လမ်းဟာ အချစ်ဇာတ်လမ်းပါ။ အာဘီမှာ အိုရင်လို့ခေါ်တဲ့ ချစ်ရတဲ့အမျိုးသမီးတဦးရှိပါတယ်။ ဒါပေမဲ့ သမီးထိ ဓားကြည့် ဆိုတဲ့ အိုရင်ရဲ့အဖေဟာ အာဘီရဲ့ အိုရင်ကို လုံး၀သဘောမတူဘဲ သမီးဖြစ်သူကို တရပ်တကျေးကိုပို့ဆောင်ဖို့ စီစဉ်ပါတော့တယ်။ဒီလိုနဲ့ လမ်းတွေပေါ်မှာ ဆူပူအုံကြွမှုတွေဖြစ်နေစဉ်ကာလကြီးမှာ အာဘီတယောက်ဟာ အိမ်ထဲမှာပိတ်လှောင်ခံထားရတဲ့ အိုရင်ကို ကယ်ထုတ်ရင်း ခိုးပြေးရပါတော့တယ်။ ဒီလိုနဲ့ အာဘီနဲ့အိုရင်တို့ဟာ အကြောင်းတိုက်ဆိုင်ပြီး တခြား လူလေးဦးနဲ့အတူ တခြားနိုင်ငံကိုသွားမယ့် သင်္ဘောရဲ့၀မ်းဗိုက်ခန်းထဲမှာ မှောင်ခိုလိုက်သွားဖို့ အကြောင်းဖန်သွားပါတော့တယ်။ ဒီလိုနဲ့ ဆယ်ပေပတ်‌လည်လောက်ပဲကျယ်တဲ့ ပြည်ပနိုင်ငံကိုရောက်ရှိဖို့ မျှော်လင့်ချက်ကိုယ်စီနဲ့ အာဘီနဲ့ အိုရင် ...
movie

Blood Vessel (2023)

The Stand Up (2022) 5.0
The Stand Up (2022) The Stand Up (2022) ================2022 က ထွက်ရှိခဲ့တဲ့ နိုင်ဂျီးရီးယား comedy, crime, drama ကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ အိုဗီက သူ့အဖေနဲ့အတူ ဝါရီမြို့မှာ လုံခြုံရေးအ စောင့်အနေနဲ့ အလုပ်လုပ်ပါတယ်။ တစ်နေ့မှာ အဖေက ပစ်သတ်ခံလိုက်ရပြီး မြေမြှုပ်တဲ့နေ့မှာပဲ ဒီဝါဆိုတဲ့လူကြီးက အိုဗီ့အဖေက သူ့ဆီမှာ နိုင်ရာနှစ်သန်း အကြွေးတင်နေတယ်လို့ စာချုပ်နဲ့တကွ ပြလာတယ်။ ဘယ်တုန်းက ချေးထား မှန်းလဲ မသိရ၊ ဘယ်မှာသုံးထားမှန်းလဲ မသိရတဲ့ အိုဗီက မပေးနိုင်ဘူးငြင်းတဲ့ အခါမှာ ဒီဝါက အိုဗီ့ညီမလေးကို ဖမ်းခေါ်ထားလိုက်ပါတယ်။ဒါနဲ့ပဲ အိုဗီက လူတွေပြောပြောနေကြတဲ့ လီဂိုစ်မြို့ကိုသွားပြီး ပိုက်ဆံရှာဖို့လုပ် ပါတော့တယ်။ ဘာရည်မှန်းချက် ပန်းတိုင်မှမရှိတဲ့ ကောင်လေးက ညီမကို ကယ် ဖို့လုပ်ရာကနေ သူကျွမ်းကျင်တဲ့အလုပ်ကို တွေ့သွားပြီး အောင်မြင်အောင်ကြိုး စားတဲ့ ခရီးစဉ်ကို ရိုက်ကူးထားတာပါ။ Stand-up comedian တွေရဲ့ ဟာသတွေ ပြက်လုံးတွေ အိုဗီ့ခရီးလမ်းတစ်လျှောက် တွေ့ကြုံရတဲ့ အခက်အခဲတွေနဲ့ လူတွေရဲ့ ယုတ်မာကောက်ကျစ်မှုတွေကို ဝေဝေဆာဆာထည့်သွင်းထားတဲ့ ကားတစ်ကားပဲ ဖြစ်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ EL ...
movie

The Stand Up (2022)

2022