Channel Myanmar

Didja

Thin Ice (2011) 6.2
Thin Ice (2011)  IMDB - 6.2 , Rotten Tomatoes - 70 %ဇာတ်ညွှန်းတောင်သိပ်ဖတ်မနေပဲ ဒေါင်းကြည့်လိုက်ပါလို့ ပြောလိုက်ချင်ပါတယ်။ရှည်ရှည်ဝေးဝေးမပြောတော့ဘူး။ ဇာတ်လမ်းအကျဉ်းကတော့မက်ကီက လိုင်စင်ရအာမခံ အရောင်းသမားတစ်ယောက်ပါ။ဒီနှစ် အာရူဘာကိုအပန်းဖြေခရီးထွက်ရမယ့် ပထမဆုကို ကုမ္ပဏီကပေးမယ့်အတွက်ဒီဆုရရေး သူ့အရေးဖြစ်နေပါတယ်။ တစ်နေ့ ဟိုတယ်မှာ သူဟောပြောပွဲလုပ်ပြီးနောက်မှာသူ့ဟောပြောပွဲကိုလာတက်တဲ့ ဘော့ဘ်ကို ကုမ္ပဏီမှာ သူကြိတ်ပြိုင်နေတဲ့ဖီးလ်ပီတာ လက်အောက်မှာမလုပ်စေချင်တဲ့အတွက် ကော်မစ်ရှင်ခ ပိုပေးမယ်ဆိုပြီးဆွဲစိလိုက်ပါတယ်။ဘော့ဘ် ကလည်းအရမ်းဝမ်းသာသွားပြီးတော့လက်ခံလိုက်တယ်။နောက်တော့ ဘော့ဘ်က ပိုက်ဆံချမ်းသာတဲ့ လယ်သမား အဖိုးကြီးတစ်ယောက်ကပိုင်ဆိုင်မှုအာမခံလုပ်ချင်နေကြောင်း မစ်ကီကိုပြောပြတယ်။ အစပိုင်းမယုံသလိုနဲ့နောက်ပိုင်းမှာ အဖိုးကြီးရဲ့ ပိုင်ဆိုင်မှုတွေကိုတစ်ခုပြီးတစ်ခုသိလာတော့ မရရအာင်အာမခံလုပ်ခိုင်းလိုက်တယ်။အဖိုးကြီး အာမခံလုပ်ပြီးနောက်မှာ မထင်မှတ်ထားတဲ့အရာတွေတစ်ခုခုပြီးတစ်ခုဖြစ်လာပါတော့တယ်။  File size…1.37GB / 669MB Quality…Blu-Ray 1080p / 720p Format…mp4 Duration….1h 33m Genre ….. Comedy , Crime , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Tin Myo Lwin
movie

Thin Ice (2011)