Channel Myanmar

Diego Boneta

Die in a Gunfight (2021) 4.7
Die in a Gunfight (2021) ရက်သ်ကာ့သ် မိသားစုနဲ့ ဂစ်ဘွန် မိသားစုတွေဟာ နယူးယောက်ခ်မြို့တော်မှာ သြဇာကြီးတဲ့ ထိပ်တန်းမီဒီယာလုပ်ငန်းရှင်ပြိုင်ဘက်ကြီးတွေဖြစ်ပြီး မျိုးရိုးစဉ်ဆက် တစ်ဦးနဲ့ တစ်ဦး ရန်စောင်တိုက်ခိုက်လာတဲ့ မဟာရန်သူတွေပါ။ သူတို့ရဲ့ ဆယ်ကျော်သက်သားနဲ့သမီးတွေဖြစ်တဲ့ ဘင်န်ဂစ်ဘွန်နဲ့ မေရီရက်သ့်ကာသ့်တို့ဟာ ရန်စတွေကို လျစ်လျူရှုပြီး အရူးအမူးချစ်မိသွားတဲ့အခါမှာတော့ ခေတ်သစ်ရိုမီယိုနဲ့ ဂျူလီယက်ဆန်ဆန် ဇာတ်လမ်းမျိုးဖြစ်လာပါတော့တယ်။ ဒီနေရာမှာဇာတ်လမ်းကို ပိုရှုပ်ထွေးတာက ကော်ပိုရိတ်တစ်ခုရဲ့အတွင်းရေးအရှုပ်တော်ပုံ၊ သူတို့ငှားထားတဲ့ ကြေးစားလူသတ်သမား၊ မေရီရက်သ်ကာ့သ်ကို တစ်ဖက်သတ်ချစ်မိနေတဲ့ ဝီလျံရက်သ်ကာ့သ်ရဲ့လူယုံတော်တို့ပါပဲ။ ခေတ်အဆက်ဆက်ရိုးမသွားနိုင်တဲ့ ဇာတ်လမ်းသွားမျိုးကို မြူးကြွသွက်လက်နေအောင်တင်ဆက်ထားပြီး လူငယ်ကြိုက် သရုပ်ဆောင်တွေဖြစ်တဲ့ Diego Boneta (Terminator: Dark Fate,Monster Hunter) နဲ့ အထူးတလည်မိတ်ဆက်ပေးစရာမလိုတဲ့ မင်းသမီးချောလေး Alexandra Daddario တို့က ခေါင်းဆောင်ပါဝင်ထားတာဖြစ်ပါတယ်။ File size…(3.1 GB)/(2 GB)/(1.3 GB) Quality…BluRay 1080p /720p Format…mp4 Duration….01:33:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung Translated by Alias
movie

Die in a Gunfight (2021)

4K HEVC
Terminator: Dark Fate (2019) 6.2
Terminator: Dark Fate (2019) အရေပျော်စက်ရုပ်ကားဆိုပြီး ငယ်ငယ်ကတည်းက စွဲလမ်းခဲ့ကြတဲ့ တာမီနေတာ ရုပ်ရှင်တွေရဲ့ နောက်ဆုံးထွက် ရုပ်ရှင်ပါ။ တာမီနေတာ တွေအထဲမှာ ကျွန်တော်တို့ အကြိုက်ဆုံးက နံပါတ် ၂ ရုပ်ရှင်ပဲ ဖြစ်မယ်ထင်ပါတယ်။အခုထွက်တဲ့ရုပ်ရှင်ကတော့ အားလုံး ဒုတိယအကြိုက်ဆုံး တာမီနေတာရုပ်ရှင် ဖြစ်လာမယ်ထင်ပါတယ်။ ဇာတ်လမ်း နဲ့ အက်ရှင်တွေက အတော်ကို ကောင်းပါတယ်။ အားရစရာပါပဲ။ဇာတ်လမ်းအကျဉ်းဆာရာကော်နာ နဲ့ ဂျွန်ကော်နာတို့ဟာ စကိုင်းနက်ကို ဖျက်ဆီးနိုင်ခဲ့ပြီး အနာဂတ်ကို ပြောင်းလဲနိုင်ခဲ့ပြီးချိန်မှာ တာမီနေတာ တစ်ကောင်က ဂျွန်ကော်နာကို သတ်သွားခဲ့ပါတယ်။ ဒါတွေဖြစ်ပြီးလို့ နှစ် ၂၀ အကြာလောက်မှာ ဒန်နီဆိုတဲ့ မိန်းကလေးကို သတ်ဖို့ အနာဂတ်က ပိုအဆင့်မြင့်တဲ့ ရက်ဗ်နိုင်းမော်ဒယ် တာမီနေတာ ရောက်လာပြီး၊ ဒန်နီကို ကာကွယ်ဖို့လည်း ဂရေ့စ် ဆိုတဲ့ စက်ရုပ်တစ်ပိုင်းလူသား ရောက်လာပါတယ်။ဒန်နီနဲ့ ဂရော့စ်တို့ကို ဆာရာ ကော်နာက ကယ်တင်သွားပြီး ရက်ဗ်နိုင်းကို ရင်ဆိုင်ဖို့ ရန်သူဟောင်းကြီးတစ်ယောက်နဲ့ ...
movie

Terminator: Dark Fate (2019)

Rock of Ages (2012) 5.9
Rock of Ages (2012) Rock of Ages (2012)Musical filmတစ်ခုဖြစ်ပြီး Main leadတစ်ယောက်အနေနဲ့ ကျွန်တော်တို့ရဲ့ Tom Cruiseကြီးက ပါဝင်သရုပ် ဆောင်ထားပါတယ်။ဇာတ်အိမ်ကိုတော့ Los Angeles မြို့နယ်အခွဲလို့ပြောလို့ရတဲ့ ဟောလီးဝုဒ် အဆိုကျော်တွေ ကျင်လည်ရာ Sunset Stripမြို့လေးမှာ တည်ထားပါတယ်။ဇာတ်လမ်းအစမှာတော့ သီချင်းဆိုပြီး အသက်မွေးဝမ်းကြောင်းပြုမယ်ကြံပြီး နယ်မြို့လေးကတက်လာတဲ့ Sherrieဟာ မြို့ပေါ်ရောက်ရောက်ချင်းပဲ လုယက်ခံလိုက်ရပါတယ်။ အဲဒီမှာပဲ နာမည်ကြီး Bourbon roomမှာ အချိန်ပိုင်းအလုပ်ဝင်လုပ်နေတဲ့ လူငယ်လေး Drewနဲ့ ကံအကြောင်းဆိုင်လို့ Bourbon room မှာပဲ အလုပ်တစ်ခုရဖို့ ဖြစ်လာပြီးတဲ့နောက် ဝါသနာတူ Drewနဲ့ ကိုယ်စီ အနုပညာလမ်းကို လျှောက်လှမ်းဖို့အကြောင်းဖန်လာတဲ့အခါမှာတော့.. ။တစ်ဖက်မှာလည်း သူ့ခေတ်သူ့အခါမှာ ရော့ခ်နတ်ဘုရားလို့ တင်စားရလောက်တဲ့ Stacee Jaxxတစ်ဖြစ်လဲ Tom Cruiseဟာ လူမှုရေးပြဿနာတချို့ကြောင့် အနုပညာလမ်းကြောင်း တန့်နေတာ ကြာခဲ့ပါပြီ။ အဲဒီလိုနဲ့ တိုက်ဆိုင်စွာပဲ Bourbon roomမှာ ပထမဆုံးအကြိမ် တစ်ကိုယ်တော်ရှိုးပွဲဆိုပြီး အနုပညာသက်တမ်း ပြန်ဆက်ဖို့လုပ်နေတဲ့အခိုက် Sherrieနဲ့ Drewကြား ဆူးညှောင့်တစ်ခုလို ဖြစ်လာပါတော့တယ်။ကျန်တာကိုတော့ ကိုယ်တိုင်သာ ဆက်လက် ...
movie

Rock of Ages (2012)

2012
Father of the Bride (2022) 5.9
Father of the Bride (2022) သမီးရှင် .... အဖေဆိုတာ သူ့တို့အလှည့်တုန်းကသာ မိန်းမယူဖို့ တကဲကဲဖြစ်ပြီး ဇွတ်တွေ ယူကြပေမယ့် တကယ်တမ်း သူတို့ မိဘဖြစ်လာတဲ့အခါ သားသမီးကို တစ်ပါးသူလက်ထဲ ထည့်ပေးရမှာ အင်မတန် အူတိုကြသူတွေပါပဲ။ အထူးသဖြင့် သမီးရှင် ဖခင်တွေပါ။ သူ ပိုးမွေးသလို မွေးခဲ့ရတဲ့ သမီးလေးကို အနာဂတ်မှာ သမက်ဖြစ်လာမယ့်လူရဲ့ လက်ထဲကို အပြီးအပိုင် ပေးလိုက်ဖို့အရေးဟာ သူတို့အတွက်တော့ ကမ္ဘာကြီး ပူနွေးလာမှုထက် ပိုပြီး ရင်ဆိုင်ရခက်ခဲတဲ့ ပြဿနာကြီးတစ်ခုပါ။ဒီ‌လူဟာ ငါ့သမီးနဲ့ သင့်တော်ရဲ့လား၊ ငါ့သမီးကို တင့်တောင်းတင့်တယ် ထားနိုင်ပါ့မလား၊ ငါ့သမီးအပေါ် ကောင်းပါ့မလား စတဲ့ စတဲ့ သံသယတွေနဲ့ လောင်မြိုက်ကြတာဆိုသည်မှာ မသိရင် သူတို့အလှည့်တုန်းက ပြီးပြည့်စုံနေသည့်အလား ..... ဒီ သ၀န်တိုမှုဟာ တစ်မျိုးလေးတော့ ချစ်စရာကောင်းနေပါတယ်။ ဖခင်ရဲ့ မေတ္တာပါပဲ .... ဒီဇာတ်လမ်းမှာလည်း ဘီလီဆိုတဲ့ သူဌေးကြီးဟာ သိပ်ကို ...
movie

Father of the Bride (2022)

Monster Hunter(2020) 6.0
Monster Hunter(2020) Monster Hunter(2020)အညွှန်း**************************Milla Jovovich နဲ့ Tony Jaa တို့ရဲ့ ရုပ်ရှင်အသစ်ထွက်လာပါပြီ။ဗိုလ်ကြီး အာတီမစ်ဟာ သူ့ရဲ့ အထူးတပ်ဖွဲ့နဲ့အတူ စစ်ဆင်ရေး ထွက်ရင်း မုန်တိုင်းတစ်ခုကြားထဲကို ရောက်သွားခဲ့ပါတယ်။မုန်တိုင်းထဲကနေ အပြင်ထွက်လာချိန်မှာတော့ မတူတဲ့ ကမ္ဘာသစ်တစ်ခုထဲကိုရောက်နေပြီး အဖျက်စွမ်းအားကြီးလှသလိုအချိန်မရွေးလူသားတွေကို အရေခွံဆုတ်နိုင်တဲ့ ထူးဆန်းသတ္တဝါကြီးတွေနဲ့ရင်ဆိုင်ရပါတော့တယ်။ ရင်ဆိုင်ရင်းနဲ့ ကမ္ဘာသစ်ထဲက လူသားမိတ်ဆွေသစ်တွေရဲ့အကူအညီကိုယူပြီး မူလကမ္ဘာကိုပါ ပြန်ဖို့ အစွမ်းကုန်ကြိုးစားပါတော့တယ်...နင်းကန်လန်းတဲ့ အကြမ်းစားအက်ရှင်ခန်းတွေမြင်ရမှာဖြစ်သလို သတ္တဝါဆန်းတွေရဲ့စူပါ ပါဝါတွေကိုလည်းစိတ်လှုပ်ရှားရင်ခုန်စွာနဲ့ ကြည့်ရမှာြဖစ်ပါတယ်....ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Littleneoပဲဖြစ်ပါတယ်.....File Size : (1GB) and (469 MB) Quality : WEB-DL 720p Format…mp4 Duration…01:43:00 Genre :  Action, Adventure, Fantasy Subtitle : Myanmar Subtitle (Hard Sub) Translated by Littleneo Encoded by Phyo Pyae 
movie

Monster Hunter(2020)

HEVC
HEVC 1080p 5.1
Monster Party (2018) 5.0
Monster Party (2018) လူတိုင်းရင်ထဲမှာ မကောင်းဆိုးရွားတွေရှိတတ်ကြပါတယ်။လူတွေဟာ သတ်ချင်ဖြတ်ချင်တဲ့ဗီဇစိတ်ကို ယဉ်ကျေးမှုလူ့အဖွဲ့အစည်းနဲ့ ထိန်းချုပ်ခဲ့ပြီး တိရစ္ဆာန်တွေနဲ့ကွဲပြားအောင်ရုန်းထွက်ပြီးလူတွေဖြစ်လာကြတာပါ။တချို့သူတွေမှာတော့ သတ်လိုဖြတ်လိုတဲ့ ဗီဇစိတ်ကတားမရဆီးမရဖြစ်နေတတ်ပါတယ်။ဒီ Monster Party (2018) Horror,Mystery, Triller ဇာတ်ကားလေးမှာတော့ လူသတ်ခြင်းကို စွဲလမ်းနေကြလို့ ထိန်းချုပ်ထားတဲ့ အဖွဲ့တစ်ခုရဲ့ နှစ်ပတ်လည် အခမ်းအနားကို သူခိုးလေးသုံးယောက် စားပွဲထိုးဟန်ဆောင်ပြီး ဝင်ခိုးရာမှာ ဘာတွေဖြစ်မလဲသူတို့တွေဝင်ပြီးတော့ ပြန်ထွက်နိုင်ပါမလားဆိုတာကို ရင်တထိတ်ထိတ်နဲ့ကြည့်ရမှာပဲဖြစ်ပါတယ်။IMDB Rating ကတော့ 5.0 ရရှိထားပါတယ်။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ပေးထားသူကတော့ မေသရဖီလွင်ပါ) File Size : (700 MB) and (330 MB) Quality : WEB-DL 720p Running Time : 1h 29min Format : Mp4 Genre : Horror , Mystery , Thriller Subtitle : Myanmar Subtitle (Hard Sub) Source : 720p.WEB-DL.XviD.AC3-FGT Translated by ...
movie

Monster Party (2018)

2018
The Titan (2018) 4.8
The Titan (2018) The Titan (2018)_____IMDb - 4.8/10   ဒီဇာတ်ကားကတော့ သိပ္ပံဇာတ်ကားတွေကိုရိုက်လေ့ရှိတဲ့ Avatar ထဲကမင်းသား Sam Worthington ကအထိကပါဝင် သရုပ်ဆောင်ထားပါတယ်။အခုကားကလည်း သိပ္ပံဇာတ်ကားပါပဲ။ ဇာတ်လမ်းကို အကျဉ်းကတော့....လူသားမျိုးနွယ်ဟာ တစ်ဖက်နဲ့တစ်ဖက် အပြိုင်အဆိုင် စစ်မက်ယှဉ်ပြိုင်တိုက်ခိုက်ရင်းကနေ ရှင်သန်နေထိုင်ဖို့ မှီခိုအားထားရမဲ့ ကမ္ဘာကြီးကိုပါ ဖျက်ဆီးပစ်နေကြပါတယ်။အဲဒီလိုဖျက်ဆီးရင်းကနေ ကမ္ဘာတစ်ခြမ်းစာလောက်က လူနေလို့မရတော့တဲ့ အခြေနေထိ ဖြစ်လာပါတော့တယ်။ဒီတော့ နောက်လာမဲ့လူသားမျိုးဆက်အတွက် စဉ်းစားရတော့တာပေါ့။အဲဒီအချိန်မှာ အမေရိကန်က ဇီဝသိပ္ပံပညာရှင် တစ်ယောက်ဖြစ်တဲ့ ပါမောက္ခကောလင်းဝုသ်က အဖြေတစ်ခုကို ရှာကြံခဲ့ပါတယ်။အဲဒါကတော့ စနေဂြိုဟ်ရဲ့ ဂြိုဟ်သိမ်တစ်ခုဖြစ်တဲ့ Titan ဆိုတဲ့ဂြိုဟ်မှာ သွားနေဖို့ပြင်ဆင်တာပါ။အဲဒီ Titan ဂြိုဟ်က စင်္ကဝြဠာအဖွဲ့စည်းမှာ ဒုတိယအကြီးဆုံး ဂြိုဟ်တစ်လုံးပါ။ လေရှိတယ်၊ ရေရှိတယ်။လုပ်နေကြပုံစံအတိုင်းဆိုရင် နေထိုင်ဖို့အတွက် အဆောက်အဦးတွေ သီးသန့်ဆောက်လုပ်ရတာပေါ့။ဒါပေမဲ့ အဲဒါက ကြာရှည်နေထိုင်ဖို့ အတွက်ဆိုရင် အလုပ်မဖြစ်ဘူးလေ။ဘာလို့လဲဆိုတော့ Titan မှာက အသက်ရှူဖို့အတွက် အောက်ဆီဂျင်က ၂၀% လောက်ပဲရှိတာ။ ကျန်တဲ့ ၈၀% ...
movie

The Titan (2018)

2018
Pelé: Birth of a Legend (2016) 7.2
Pelé: Birth of a Legend (2016) Pelé: Birth of a Legend (2016)_____IMDb - 7.2/10   ဒီကားလေးဟာ Imdb rating အနေနဲ့ 7.2/10 အထိ ရရှိထားပြီး အောင်မြင်ထားတဲ့ကားလေးပါ ထွက်ရှိတဲ့နေ့ရက်ကတော့ ၁၃ ရက် မေလ ၂၀၁၆ မှာ ထွက်ရှိခဲ့ပါတယ်။ -------------------------- ဒီကားလေးရဲ့ ဇာတ်အိမ်ဟာ ၁၉၈၅ ခုနှစ်လောက်ကဘောလုံးလောကထဲကို စတင်ခြေချ ခဲ့တဲ့ ဘရာဇီးနိုင်ငံသား ဘောလုံးသမားကြီး {ပီလီ (pele)} နာစီမန်တို ရဲ့ သူ ကလေးဘဝကနေစပြီးအောင်မြင်လာတဲ့ အချိန်အထိ ရိုက်ကူးထားတဲ့ ဇာတ်ကားလေးပါ။သူ့ရဲ့ ငယ်ဘဝဟာ ဖိနပ်တိုက်ကျောင်းတက်ရတဲ့ဘဝဖြစ်ပြီး သူ့ရဲ့မွေးရာပါပင်ကိုယ်စွမ်းရည်ကတော့ဘောလုံး ကစားတာပါ။ ဘောလုံးကို ကျွမ်းကျွမ်းကျင်ကျင်ကစားတတ်ပြီး အများနဲ့မတူတဲ့ ကစားနည်းနဲ့ဆော့ကစားတာပါ ဒါပေမဲ့ ဘောလုံးဆော့တာကို သူ့ရဲ့အမေဖြစ်သူက မကြိုက်ပါဘူး။ ဒါပေမဲ့ ခိုးကြောင်ခိုးဝှက်ဆော့ရင်းနဲ့ သူ့သူငယ်ချင်းတစ်ဦးသေဆုံးခဲ့ပြီး စိတ်ဒါဏ်ရာ ရခဲ့ပါတယ်။ ဒါပေမဲ့ လဲ သူ့မှာရှိတဲ့ ဘောလုံး ပင်ကိုယ် စွမ်းရည်ကို သူ့အမေဟာ တွေ့မြင်သွားပြီး သူ့ရဲ့သားကို ချစ်တဲ့ စိတ်နဲ့ ဘောလုံးအသင်း ဥက္ကဌ တစ်ဦးနဲ့ မိတ်ဆက်ပေးခဲ့ပါတယ် ...
movie

Pelé: Birth of a Legend (2016)

2016