Channel Myanmar

Dillard Brinson

Elf (2003) 7.1
Elf (2003)  ခရစ္စမတ်နီးလာပြီဆိုတော့ ခရစ္စမတ်ဇာတ်ကားကောင်းကောင်းလေးတွေရှာရတာ ပင်ပန်းနေရောပေါ့။အဲ့ဒါဆိုရင် ၂၀၀၃ ခုနှစ်တုန်းကထွက်ရှိခဲ့တဲ့ ခရစ္စမတ်နဲ့ပတ်သတ်ရင်နာမည်ကြီးခဲ့တဲ့ လူတော်တော်များများလည်းကြည့်ဖူးလောက်ပြီဖြစ်တဲ့Elf ဆိုတဲ့ဇာတ်ကားလေးကို ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်။ခရစ္စမတ်မှာ ကြည့်ဖို့ဇာတ်ကားတွေထဲမှာ ဒီကားလေးကိုပါထပ်ထည့်လိုက်လို့ရပါပြီ။ဘာလို့လဲဆိုတော့ IMDb Rating 7.1 အထိတောင်ရရှိထားပြီး ကြည့်ရတာလည်းပျော်စရာကောင်းတဲ့ ဇာတ်ကားလေးဖြစ်နေလို့ပါ။ဒီတော့ ရှည်ရှည်ဝေးဝေးပြောမနေပဲနဲ့ဇာတ်ကားအကျဉ်းချုပ်လေးကို ပြောလိုက်ရအောင်။ဘက်ဒီဆိုတဲ့ မိဘမဲ့ကလေးပေါက်စလေးတစ်ယောက်က မိဘမဲ့ဂေဟာမှာရှိနေတုန်းဆန်တာကလော့စ်က လက်ဆောင်ပစ္စည်းတွေလာပို့တဲ့ အချိန်မှာ ဆန်တာ့ရဲ့အိတ်ကြီးထဲကိုဝင်နေခဲ့ပါတော့တယ်။ဒီလိုနဲ့ မြောက်ဝင်ရိုးစွန်းကို ရောက်သွားခဲ့ပြီး နတ်သူငယ်တစ်ယောက်ရဲ့မွေးစားခြင်းကို ခံခဲ့ရပါတော့တယ်။ဘက်ဒီလေးက တခြားနတ်သူငယ်တွေနဲ့အတူတူကြီးပြင်းလာပေမဲ့ လူသားဖြစ်နေတဲ့အတွက် အရွယ်အစားကနှစ်ဆလောက်ပိုကြီးနေပါတော့တယ်။ငယ်ငယ်တုန်းက ဘာမှမဖြစ်ပေမဲ့ကြီးလာတဲ့အခါမှာတော့ လူသားတစ်ယောက်နဲ့နတ်သူငယ်တွေနေတဲ့ နေရာကအံဝင်ခွင်ကျမဖြစ်တော့ပါဘူး။ဒါ့ကြောင့်ပဲ ဆန်တာကသူ့ကိုသူ့အဖေအရင်းရှိရာ နယူးယောက်မြို့ကိုပြန်ပို့လိုက်ပါတော့တယ်အခုမှ လူ့လောကကြီးထဲကိုခြေပြန်ဆန့်တဲ့ ဘက်ဒီတစ်ယောက်သူ့အဖေနဲ့ပြန်တွေ့ပြီးနောက်ပိုင်းဘာတွေဆက်ဖြစ်ကြမယ်ဆိုတာကို စိတ်ဝင်စားစရာကောင်းအောင် ခရစ္စမတ် Vibe အပြည့်အ၀ရအောင်ရိုက်ကူးထားတဲ့ Old But Gold ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။ File size…1.74GB / 835MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 31m Genre ….. Adventure , Comedy , Family Subtitle….Myanmar ...
movie

Elf (2003)

An Unfinished Life (2005) 7
An Unfinished Life (2005) An Unfinished Life (2005)~ IMDb - 7/10, Rotten Tomatoes - 52% ~ကျေးလက်အငွေ့အသက်တွေနဲ့ မိသားစုဆန်ဆန်ဇာတ်လမ်းမျိုးကြည့်ချင်နေတယ်ဆိုရင် An Unfinished Life ကို ကြည့်ပါ။Pop Icon တစ်ဦးဖြစ်တဲ့ J Lo အဓိကပါဝင်ထားပြီး ရသတွေ တပုံကြီးပေးတဲ့ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ ဘဝရဲ့ အငြိုးတရားတွေ၊ ဝမ်းနည်းပူဆွေးမှုတွေကို ဖယ်ရှားပြီး ငြိမ်းချမ်းတဲ့စိတ်အခြေအနေရောက်ဖို့ လက်လွှတ်သင့်တာ လက်လွှတ်ရမယ်ဆိုတဲ့အကြောင်းကို ပုံဖော်ထားပါတယ်။အိုင်နာ ဆိုတဲ့ ကောင်းဘွိုင်အဖိုးကြီးဟာ သူ့သားသေဆုံးမှုကြောင့် ချွေးမဖြစ်သူကို ရန်လိုနေပြီး ချွေးမဖြစ်သူ ဂျင်း ကတော့ သမီးတစ်ယောက်ပိုက်လို့ နောက်ရည်းစားတိုက်ခန်းမှာနေပါတယ်။ ရည်းစားဖြစ်သူက ကိုယ်ထိလက်ရောက် ညှင်းပန်းတာတွေလုပ်လာတဲ့နောက် မခံနိုင်တဲ့အဆုံး သူ့ကိုမုန်းနေတဲ့ အိုင်နာဆီ မြေးမျက်နှာနဲ့ပြန်သွားရပါတော့တယ်။ သမီးလေးကို ပြုစုရင်း နေရာသစ်မှာ အခြေချဖို့ကြိုးစားနေတဲ့ ဂျင်းကို သူ့ရည်းစားကတော့ လက်မလွှတ်ဘဲ လိုက်ချောင်းနေဆဲပါ။ဂျင်းကို ပြန်တွေ့ပြီးဘာတွေဆက်ဖြစ်မလဲ... ဂျင်းနဲ့ ...
movie

An Unfinished Life (2005)

2005