Channel Myanmar

Divya Drishti

Dear Comrade (2019) 7.3
Dear Comrade (2019) IMDb Rating (7.3) ထိ ရရှိထားတဲ့ ဒီရုပ်ရှင်ကားကတော့ တောင်ပိုင်းရဲ့ နာမည်ကြီး အက်ရှင်ရိုမန့်အချစ်ဇာတ်ကားတစ်ကားပါပဲ...မင်းသား Vijay Devarakonda ကိုတော့ Arjun Reddy ဇာတ်ကားထဲက အချစ်လူကြမ်းကြီးအဖြစ် မှတ်မိကြမယ်ထင်ပါတယ်။မင်းသမီးလေးကတော့ အားလုံးရဲ့အသည်းကျော်လေး ရာရှ်မီကား(Rashmika Mandanna)ပါပဲ။ဇာတ်ကားနာမည်ကတော့ အားလုံးသိတဲ့အတိုင်း ချစ်လှစွာသော သွေးသောက်ရဲဘော်တဲ့။"သွေးသောက်ရဲဘော်ဆိုတာ ကိုယ့်လုပ်ရပ်တွေကို ဝန်းရံပေးပြီး တစ်ဖက်တစ်လမ်းက ကူညီပေးတဲ့လူ"ပဲမဟုတ်လား။ဇာတ်လမ်းစစချင်းမှာဘော်ဘီဆိုတဲ့ လူငယ်တစ်ယောက် မူးရူးသောက်စားပြီး မျက်ရည်တွေနဲ့ လီလီဆီ ဖုန်းခေါ်ဖို့ အတင်းကြိုးစားနေတယ်။လီလီ... တစ်ချိန်က သူ့ဘဝထဲ လှလှပပ ဝင်ရောက်ခိုနားခဲ့ပြီး ဝမ်းနည်းမှုတွေပေးပြီးမှ ထွက်ခွာသွားခဲ့သူ။လီလီဟာ ဘာကြောင့်များ ဒီလို ထွက်သွားရက်တာလဲ။ဘော်ဘီဟာ စိတ်လိုက်မာန်ပါ လုပ်တတ်တဲ့လူတစ်ယောက်။ကျောင်းမှာဆိုရင်လည်း "ကျောင်းသားသမဂ္ဂ" ဆိုတဲ့ နာမည်တစ်ခုနဲ့ ထင်ရာစိုင်းတဲ့ကောင်လို့ အများမြင်ကြတယ်။ခဏခဏ ရန်တွေဖြစ်တယ်။ သောက်စားတယ်။ဒါပေမဲ့ မိန်းကလေးတွေကို ရိုသေမှုထားတတ်တာလည်း သူ့စရိုက်ပဲ။"သူ ပြောခဲ့တဲ့ စကားတွေထက် ကျွန်တော် ဘာမှ ခွန်းတုန့်မပြန်နိုင်ခဲ့တာကို ပိုရင်နာရပါတယ်" ...
movie

Dear Comrade (2019)

2019
4K HEVC Web-DL
Good Luck Sakhi (2022) 7.8
Good Luck Sakhi (2022) Good Luck Sakhi (2022)============================‘ကံကောင်းမှုဆိုတာမရှိပါဘူးကံတရားဆိုတာက ငါ့လက်ထဲမှာပဲရှိတယ်’ဒီကားလေးကတော့ Feb 12 မှာမှ လတ်လတ်ဆတ်ဆတ်ထွက်ရှိထားတဲ့Sports Comedy အမျိုးအစား ဇာတ်ကားကောင်းလေး တစ်ကားပဲဖြစ်ပါတယ်သာမန်ရွာလေးတစ်ရွာက ဂေါ်လီပစ်ရင်းပေါ့ပေါ့ပါးပါးသွက်သွက်လက်လက်ကြီးပြင်းလာတဲ့ သာမန်ကောင်မလေးတစ်ယောက်ဟာ အရွယ်ရောက်လို့လက်ထပ်ထိမ်းမြားရတော့မယ့်အချိန်မှာ ကံဆိုးစွာနဲ့ သတို့သားလောင်းကဆုံးပါးသွားရပါတော့တယ် ဒီလိုနဲ့ အကြောင်းတွေတိုက်ဆိုင်သွားပြီးသေနတ်ပစ်လေ့ကျင့်ကာ ပြိုင်ပွဲဝင်ဖို့ ဖြစ်လာတဲ့အကြောင်းကို ကြည့်ရှုရမှာပါဒီဇာတ်ကားလေးက အစအလယ်အဆုံး ပျင်းစရာမကောင်းဘဲ တက်ကြွဖျတ်လတ်နေတဲ့မင်းသမီးလေးကလည်း အတော်ချစ်ဖို့ကောင်းပါတယ် ဝါရင့်မင်းသားကြီး Jagapathi Babu ရဲ့သရုပ်ဆောင်ချက်တွေကလည်း မိမိုက်နေတာပါပဲ…ဇာတ်ဝင်တေးလေးတွေလည်းနားထောင်ကြည့်ရင် အတော်ကောင်းပြီး သီချင်းနောက်ခံဇာတ်ကွက်လေးတွေကလည်းချစ်စရာရယ်စရာကောင်းတာမို့ တစ်ကားလုံးမရစ်ဘဲ ကြည့်လိုက်ဖို့ အကြံပေးလိုက်ပါရစေ  File size…4Gb / 900MB Quality…1080p H264 AAC 5.1CH / 720p  AAC 2.0CH Format…mp4 Duration….2h 10m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Go - O & Shwe Pwint & Haruko
movie

Good Luck Sakhi (2022)

2022