Channel Myanmar

Divyendu Sharma

Thai Massage (2022) 6.3
Thai Massage (2022) Thai Massage (2023) ***************************** IMDb-6.8/10 ဟာသမင်းသားကြီး ဂရားဂ်ျရောဝ် နဲ့ Freddy နဲ့ Ram Settu ထဲက ဘရာဇီးသူအချောလေး ဂျနီဖာပစ်ချီနာတိုတို့ပါ၀င်ထားတဲ့ ဟာသကားလေးပါ။ဇာတ်လမ်းအညွှန်း မစ္စတာဒူဘေဆိုတာ အသက် ၇၀ ပြည့်တော့မယ့် မုဆိုးဖိုတစ်ဦးပါ။ သားသမီးမြေးချွေးမတစ်တွေနဲ့ နောက်အိမ်ထောင်မပြုပဲနေတဲ့ ပတ်၀န်းကျင်ကလေးစားရတဲ့သူတစ်ဦးပေါ့။ တစ်နေ့မှာ သူအမြတ်တနိုးတန်ဖိုးထားတဲ့ပုံမတော်တဆကျကွဲရာက လွန်ခဲ့တဲ့သုံးနှစ်ကဖုံးကွယ်ထားတာကြီးတစ်ခုပေါ်လာပါတယ် ထိုင်းမှာ သွားပျော်ပါးခဲ့ဖူးတာပါ....ဒီမြို့လေးကနေ ဝေးဝေးလံလံမသွားဖူးတဲ့ သား‌မြေးတစ်သိုက်နဲ့ ဂုဏ်သိက္ခာရှိရှိနေတဲ့ အငြိမ်းစားလူကြီးလူကောင်းတစ်ယောက်က ဘယ်လိုတွေဖြစ်ပြီး ထိုင်းမာဆတ်ခန်းကိုရောက်သွားရသလဲ... ကြီးမှ၀က်သက်ပေါက်တဲ့အဘိုးကြီးတစ်ယောက်အဖြစ် သရုပ်ဆောင်ထားတဲ့ နာမည်ကျော်ဟာသမင်းသားကြီးရဲ့စွမ်းရည်တွေနဲ့ ရယ်ပွဲဖွဲ့နိုင်မလားဆိုတာတော့ ခံစားကြည့်ပါဦးလို့... မိဘမောင်ဘွားတွေနဲ့အတူကြည့်ဖို့တော့ အဆင်မပြေတာမို့ တစ်ယောက်တည်းကျိတ်ခွီးဖို့အကြံပေးရင်း ... တင်ဆက်ပေးလိုက်ရပါတယ်ခင်ဗျာ။ File size…1.94GB / 962MB Quality…1080p WEB DL / 720p Format…mp4 Duration….2h 4m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Thaik San ~ BpL~Yunni
movie

Thai Massage (2022)

2022
Mere Desh Ki Dharti (2022) 7.9
Mere Desh Ki Dharti (2022) Mere Desh Ki Dharti(2022) ဆိုတဲ့ အန္ဒိယဟာသ ဒရာမာလေးဟာ ကြည့်ရှူသူတိုင်းကို စိတ်ကျေနပ်မှုပေးမယ့် ဇာတ်ကားကောင်းလေးပါပဲ။ ကျွန်တော်တို့ လက်တွေ့ဘဝတွေမှာလိုမျိုးပဲ သင့်တော်တဲ့အလုပ်ဆိုတာ လူတိုင်းမရနေတဲ့ အကြောင်းလေးကို ဇာတ်အိမ်တည်ထားပြီး ပေါ့ပေါ့ပါးပါး ဟာသဆန်ဆန် ကြည့်ရှုရင်း အမောပန်းပြေရမယ့် ဇာတ်ကားလေးပါ။ အာဂျေးနဲ့စမီးရ် ဟာ လစာနည်းတဲ့ အင်ဂျင်နီယာတွေဖြစ်ကြပြီး သက်ဆိုင်ရာလုပ်ငန်းခွင်မှာ အဆင်ပြေရုံလေးရုန်းကန်နေကြရပါတယ်။ အာဂျေးက လစာနည်းပါး၍ ချစ်သော ဖခင်ရဲ့ ဆူပူမှုတွေကြောင့် စိတ်ညစ်နေရသူဖြစ်ပြီး ကိုယ်ပိုင်လုပ်ငန်းလေးတည်ထောင်ချင်နေသူဖြစ်ပါတယ်။ ကိုယ်ပိုင်လုပ်ငန်းအတွက် လိုအပ်တဲ့ငွေကြေးကို ရှာဖွေရင်း လုပ်နိုင်သမျှ အားလုံးကိုလုပ်နေရသူပါ။ ဒါပေမယ့်လဲ လိုအပ်တဲ့ ငွေရေးကြေးရေးဟာ ရှာမရဘဲ အရာအားလုံးက တလွဲဖြစ်ဖို့ပဲ ဖန်တီးလာပါတယ်။ တစ်ချိန်ထဲမှာပဲ စမီးရ်ဟာ ဆိုရင် ကုမ္မဏီမှာ ရာထူးကောင်းပေမယ့် ယောက္ခမလောင်း အထင်ကြီးလောက်တဲ့ နေရာမှာရှိမနေတဲ့အတွက် ချမ်းသာတဲ့ သူ့ရဲ့ရည်းစားကောင်မလေးနဲ့ ဆက်ဆံရေးအဆင်မပြေလှပါဘူး။ ရှားပါးလှတဲ့ ရာထူးတိုးအခွင့်ရေးကို စောင့်မျှော်နေရင်း ရာထူးတိုးဟာ သူအတွက်မဟုတ်ဘူးဆိုတာ သိလိုက်ရပါတော့တယ်။ ဒါနဲ့သူငယ်ချင်းနှစ်ယောက် တခြားရွာတစ်ခုမှာ သတ်သေကြမယ်ဆိုပြီး တိုင်ပင်ပြီးထွက်ခွာသွားရာမှ ဘဝမှာ မထင်မှတ်ထားတဲ့အပြောင်းလဲတွေနဲ့ကြုံရပါတော့တယ်။ သတ်သေမှုမအောင်မြင်ဘဲ အဲဒီရွာလေးမှာပဲ ပိတ်မိနေပြီး တလွဲတွေဖြစ်နေတဲ့ ရွာသားတွေရဲ့ ဘဝကို ဝင်ရောက်ပြင်ဆင်ပေးဖို့ဖြစ်လာခဲ့ပါတော့တယ်။ ရွာမှာရှိနေတဲ့ လယ်သမားတွေရဲ့ သေဆုံးမှုနောက်ကွယ်က အကြောင်းအရာကို လိုက်လံရှာဖွေဖြေရှင်းရင်း ကြုံတွေ့ရတဲ့ အဖြစ်အပျက်တွေကို ဟာသလေးနှောပြီးရိုက်ကူးထားတဲ့ ဇာတ်လမ်းကောင်းလေးပဲဖြစ်ပါတယ်။ File ...
movie

Mere Desh Ki Dharti (2022)

2022
Batti Gul Meter Chalu (2018) 6.0
Batti Gul Meter Chalu (2018) Batti Gul Meter Chalu (2018) ဒီဇာတ်ကားကတော့ Kabir Singh မင်းသား Shahid Kapoor နဲ့ Yami Gautam တို့အပြင် နာမည်ကြီး မီဇားပူးဇာတ်လမ်းတွဲထဲက Munna Tripathi ဆိုတဲ့ Divyenndu တို့ အဓိက ပါဝင်သရုပ်ဆောင်ထားကြတဲ့ Comedy,Dramaအမျိုးအစား ဘောလိဝုဒ် ဇာတ်ကားတစ်ကား ဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်း SK, Lalitaနဲ့ Sundarတို့သုံးဦးဟာ အရမ်းချစ်ကြတဲ့ ငယ်သူငယ်ချင်းအရင်းကြီးတွေဖြစ်ကြပါတယ်။ Sundarရဲ့ ပုံနှိပ်တိုက်ကို မီတာဘေ(လ်) မတန်တဆ အတောင်းခံရတဲ့အခါမှာတော့ Sundar ဟာ သူ့ကိုယ်သူ အဆုံးစီရက်ဖို့ ဆုံးဖြတ်လိုက်ပါတော့တယ်။ ငယ်သူငယ်ချင်းတစ်ယောက်လုံး ဆုံးရှူံးလိုက်ရတဲ့ ရှေ့နေ SKပန့်(တ်)ဟာ မီတာဘေ(လ်) မတန်တဆတောင်းတဲ့ SPTL လျှပ်စစ်ဓာတ်အားပေး ကုမ္ပဏီကို တရားစွဲဆိုပါတော့တယ် ...တရားရုံးက ဘယ်လိုအဆုံးအဖြတ်ပေးမှာလဲ သူ့ သူငယ်ချင်းအတွက် တရားမျှတမှု ရမှာလား ဆိုတာတွေကိုတော့ ဇာတ်လမ်းထဲမှာပဲ ကြည့်ရှူပေးကြပါလို့ ...။ (ဘာသာပြန်သူတွေကတော့ Myint Thu ...
movie

Batti Gul Meter Chalu (2018)

Chashme Baddoor (2013) 5.4
Chashme Baddoor (2013) Pink တို့ Badla တို့အပြင် ဟိုတလောက နာမည်ကြီးသွားတဲ့ Haseen Dillruba ဇာတ်ကားတို့ရဲ့မင်းသမီးချောလေး Taapsee Pannu ရဲ့ ဇာတ်ကားလေးကို တင်ဆက်ပေးလိုက်ပါတယ်...ဒီဇာတ်ကားကတော့ Bollywood ရဲ့ Comedy,Drama ရုပ်ရှင်တို့ထုံးစံအတိုင်းအက..အလှ..ဟာသအစုံအလင်ကို ကာလာရောင်စုံမျိုးစုံနဲ့ ပေါ့ပေါ့ပါးပါးကြည့်ရှုရမှာပါ....ဇာတ်လမ်းကတော့...ဆီးမာဆိုတဲ့ကောင်မလေးဟာ ဇီဇာကြောင်တဲ့အရာရှိကြီးတစ်ဦးရဲ့သမီးလေးပါ...ဇီဇာကြောင်ဖခင်တို့ ထုံးစံအတိုင်း သမီးကညာအရွယ်ရောက်ချိန်မှာ သမီးဖက်ကိုမစဉ်းစားဘဲသူကြိုက်တဲ့သတို့သားလောင်းတွေ ခေါ်ခေါ်လာပြီး သမီးတော်နဲ့ပေးပေးတွေ့နေတာကို စိတ်ကုန်လာတဲ့ဆီးမာတစ်ယောက်အိမ်ကနေ ဂိုအာကို ထွက်ပြေးပါတော့တယ်..ဂိုအာမှာလဲ ဗရုတ်သုတ်ခနဲ့လုပ်ချင်ရာလုပ်တတ်ကြတဲ့ Jai,Sid,Omi ဆိုတဲ့ သူငယ်ချင်း ၃ ‌ယောက်ရောက်နေပါတယ်...ဒီ ၃ ယောက်နဲ့ ဆီးမာတို့တွေ့ကြတဲ့အခါ.....။ဒီဇာတ်ကားက ရုပ်ရှင်ရုံမှာ ပေါ့ပေါ့ပါးပါးခွီနေကျ ဇာတ်လမ်းမျိုးလေးပါ။ဘယ်တော့ပြီးမယ်မှန်းမသိတဲ့ ကိုဗစ်ကာလ ရုပ်ရှင်ရုံပိတ်ထားချိန်ကိုယ့်အိမ်မှာ...ကိုယ့်မိသားစု ချစ်သူခင်သူတွေနဲ့ ကြည့်သင့်တဲ့ရုပ်ရှင်ဖြစ်ကြောင်းညွှန်းဆိုပါရစေ။  File size…(2.4 GB) / (1.6 GB) / (800 MB) Quality…BluRay 1080p /720p/ 480p Format…mp4 Duration….02:01:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung
movie

Chashme Baddoor (2013)

Shukranu(2020) 6.8
Shukranu(2020) Shukranu(2020)Drama ဇာတ်ကားဖြစ်ပြီးတော့တစ်ခြားဇာတ်ကားတွေနဲ့မတူဘဲကတဲ့အခန်းလုံးဝမပါပါဘူး၊IMDB rating ကလည်း 6.8 ရထားပါတယ်။ဘစ်တူးဟာဘာနူးနဲ့အတူဒေလီမှာနေပါတယ်။သူကဒေလီကကောင်မလေးတစ်ယောက်ကိုတွေ့ပြီးကြိုက်သွားပါတော့တယ်။ဒါပေမယ့်အခြေအနေမပေးတဲ့အတွက် အိမ်ကပေးစားပဲသူနဲ့ပဲလက်ထပ်ဖို့ဆုံးဖြတ်လိုက်တယ်။အဲ့ဒီခေတ်က သူတို့ဆီမှာ ခပ်ဆန်းဆန်းအမိန့်တစ်ခုထုတ်ပြန်ထားတယ်...ဘစ်တူးတစ်ယောက် တလွဲလုပ်မိရာကနေ ထုတ်ထားတဲ့အမိန့်မှာ ရောယောင်ပြီးပါသွားတယ်...။အဲ့ဒီနောက်ကစလို့ ပြဿနာမျိုးစုံကြုံတွေ့ရပါတော့တယ်..ထုတ်ထားတဲ့အမိန့်ကဘာလဲ...ဘာကြောင့်အဲ့အမိန့်ကို မလိုက်နာသင့်ဘဲသူလိုက်နာလိုက်ရတာလဲ..နောက်ဆက်တွဲပြဿနာတွေကရောဘာဖြစ်မလဲဆိုတာကိုတော့ ခံစားကြည့်ကြပါဉီး...ဘာသာပြန်သူကတော့ Thaik San ပဲဖြစ်ပါတယ်။File Size : (850 MB) and (380 MB) Quality : WEB-DL 720p Format…mp4 Duration…01:30:00 Genre : Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Thaik San Encoded by Phyo Pyae
movie

Shukranu(2020)