Channel Myanmar

Djohan Ekspresi

Layar (2023) 8.8
Layar (2023) Layar (  2023 ) ===========အန်နီဆိုတဲ့ ကောင်မလေးတစ်ယောက်ရှိတယ်။ သူ့အမေ သူ့ကိုမွေးတဲ့ အချိန်မှာ ရုပ်ရှင်ကြမ်းပိုး သူ့အဖေက သူ့အမေနားမရှိနေဘဲ ရုပ်ရှင်ရုံကိုသွားနေခဲ့တာကြောင့် သူဟာ မွေးကတည်းက ရုပ်ရှင်တွေကို မုန်းတဲ့လူအဖြစ် မွေးလာတယ်။ ရုပ်ရှင်တွေကိုချစ်တဲ့ သူ့အဖေက သူ့ကို ရုပ်ရှင်ရုံကို လိုက်ခဲ့ဖို့ ခေါ်ပေမဲ့ သူက တစ်ခါမှ မလိုက်ခဲ့ဘူး။ တီဗီမြင်ရင် တီဗီကို တုတ်နဲ့ရိုက်ချင်တဲ့အထိ ရုပ်ရှင်ကို မုန်းတဲ့ပိုးက သူ့မှာပါလာခဲ့တယ်။ဒါက သူ့အဖေမဆုံးခင်အထိပေါ့။ သူ့အဖေဆုံးသွားတဲ့နောက် သူ့အဖေချစ်တဲ့ ရုပ်ရှင်တွေကို သူ့အဖေ ဘာလို့ ဒီလောက်ချစ်နေလဲသိရအောင် အဖြေရှာဖို့လုပ်ရင်း  ရုပ်ရှင်တွေသွားသွားကြည့်ရာက ရုပ်ရှင်တွေချည်းဆက်တိုက်ကြည့်နေမိပြီး သူလည်း ရုပ်ရှင်ကြမ်းပိုဖြစ်လာခဲ့တယ်။ နောက်ဆုံး ရုပ်ရှင်အမြဲကြည့်နေရအောင် ရုပ်ရှင်ရုံမှာ အလုပ်လုပ်ခဲ့တဲ့အထိ သူက ရုပ်ရှင်တွေကိုချစ်ခဲ့တယ်။ဒီလိုနဲ့ ကိုဗစ်ကာလရောက်လာတဲ့အချိန် ရုပ်ရှင်ရုံတွေ အားလုံးပိတ်လိုက်ရတယ်။ ရုပ်ရှင်ရုံမှာ အလုပ်လုပ်နေတဲ့သူတွေ ရုပ်ရှင်ရုံကို အမီပြုပြီးနေနေရသူတွေလည်း အခက်တွေ့ကုန်ကြတယ်။ အန်နီတို့ရဲ့ နယ်ဘက်ကျေးဘက်က ...
movie

Layar (2023)

AUM! (2021) 7.4
AUM! (2021) Aum! (2021)ခုရက်ပိုင်းမှာ Mockumentary တွေ ဓာတ်ကျနေတဲ့ပရိသတ်တို့အတွက် Indonesia Mockumentaryလေးတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ Western Mockumentary တွေလို Hypeနေတာမျိုးမဟုတ်ပေမဲ့ ကြည့်လို့အဆင်ပြေတဲ့ comedy movieလေးတစ်ခုတော့ ဖြစ်မှာပါ။ဒီကားလေးထဲမှာတော့ Part 1 နဲ့ Part 2 ဆိုပြီး 2 ပိုင်းခွဲထားတာကို မြင်ရမှာပါ။ Part 1 မှာတော့ အစိုးရသစ်ပြန်လည်ဖွဲ့စည်းရေးအတွက် တိုက်ပွဲ‌ဝင်နေတဲ့ တက်ကြွလှုပ်ရှားသူ ဆထရီယာအကြောင်း ရိုက်ကူးထားတဲ့ Low Budget movieလေးတစ်ခုကို ပြထားတာဖြစ်ပြီး Part 2 ကမှ ရုပ်ရှင်လောကကို ထေ့ငေါ့ပြီးလှောင်ထားတဲ့ Mockumentary တစ်ဖြစ်လဲ Part 1 က ရုပ်ရှင်ကို ရုပ်လုံးပေါ်လာအောင် ရိုက်ကူးခဲ့တဲ့ဖြစ်စဉ်ကို ဖော်ပြထားတာပါ။Low Budget ကလည်းဖြစ် နိုင်ငံရေးတွေပါနေတော့ ခိုးကြောင်ခိုးဝှက်ကရိုက်ရ၊ အာဏာပြတတ်တဲ့ဒါရိုက်တာနဲ့ ရုပ်ရှင်အဖွဲ့သားတွေကြားက ပဋိပက္ခ၊ အကြောင်းအရာကိုပဲအဓိကထားချင်တဲ့ ထုတ်လုပ်သူနဲ့ ဆန်းသစ်တဲ့ဇာတ်လမ်းဇာတ်ကွက်တွေကို ကွန့်ပြီးထည့်ချင်တဲ့ အတွေးသမားဒါရိုက်တာကြားက အားပြိုင်မှု၊ Limited ...
movie

AUM! (2021)

2021