Channel Myanmar

Đỗ Khánh Vân

Dreamy Eyes (2019) 6.9
Dreamy Eyes (2019) Dreamy Eyes (2019)~ IMDb rating - 6.9/10 ~"ဟိုးတုန်းက ကလင်ကလင် မြည်တတ်တဲ့ ဘဲလ်ကလေးပါတဲ့ စက်ဘီးကလေးတစ်စီး ရှိခဲ့ဖူးတယ်..."စက်ဘီးကလေးတစ်စီးနဲ့ လူငယ်ဘဝဟာ ကောင်ကလေးတစ်ယောက်ရဲ့ ဝမ်းနည်းရိပ်မသန်းတဲ့ ရွှေအိုရောင်ကာလတွေပါပဲ။ အဲဒီရွှေအိုရောင်အတိတ်မှာပဲ ဝေဝေရီရီမျက်လုံးလေးတွေနဲ့ ဆုံတွေ့ခဲ့ရတယ်။ ဝေဝေရီမျက်ဝန်းလေးတစ်စုံနဲ့ ကောင်မလေးတစ်ယောက်ဟာ ဘာကိုမှမသိတတ်သေးတဲ့ ကောင်ကလေးတစ်ယောက်ရဲ့ မစားရက်မသောက်ရက် ပိုင်ဆိုင်ချင်ခဲ့တဲ့ ဆင်စွယ်မင်းသမီးရုပ်ကလေးပေါ့။ ဘကြီးအောင်ညာတယ်ဆိုတဲ့ အဖြစ်မျိုးကိုလည်း သူ မသိတတ်ခဲ့ဘူး။နှင်းဆီခြုံတောထဲ သူမ ဖြတ်လျှောက်သွားတဲ့အခါ... ကတ္တီပါဆံပင်ရှည် သမင်လည်ပြန်မပွင့်တပွင့်အပြုံးတွေ၊ ဝေဝေရီရီမျက်ဝန်းတွေကို ငေးကာမောကာနဲ့၊ ဝေးရမယ်ဆိုတဲ့အသိမှာ အခါခါသေရင်း၊ ကျောင်းသွားဖော်ကောင်မလေးရဲ့ အနောက်ဆီ‌မှာ ရာစုတစ်ထောင်ကျန်ရစ်ခဲ့တဲ့ ကောင်လေးတစ်ယောက်ဟာ နေဝင်မှာကို သိပ်ကြောက်ရင်း ညဉ့်နက်ခဲ့သူတစ်ယောက်ပေါ့။ တစ်ချိန်က ကောင်မလေး မက်မောခဲ့တဲ့အရာတွေဟာ အခုတော့ လွယ်လင့်တကူများဖြစ်ခဲ့ပြီ။ ပစ္စုပ္ပန် ကောင်မလေး တမ်းတနေတတ်တဲ့အရာတွေဟာ ကောင်လေးမမီနိုင်ရာများဖြစ်ခဲ့ပြီ။ ချစ်ခြင်းမေတ္တာဟာ ဘာများလဲ။ ကိန်းဂဏန်းလား စက္ကူတစ်ရွက်လား ဦးရာလူလား ...
movie

Dreamy Eyes (2019)

2019