Channel Myanmar

Dominic DeVore

Dirt (2018) 6.2
Dirt (2018)  ကားပြိုင်တာကိုမှ ခပ်ကြမ်းကြမ်းလေးပြိုင်တာကို ကြိုက်တယ်ဆိုတဲ့လူတွေအတွက် သဲတွေရွံ့တွေကြားမှာ ကြမ်းကြမ်းတမ်းတမ်းယှဉ်ပြိုင်ရတဲ့ Dirt Racing နဲ့ဒရာမာကောင်းကောင်းလေးတွေကိုပေါင်းစပ်ပြီးရိုက်ကူးထားတဲ့ 2018 ခုနှစ်ကထွက်ရှိခဲ့တဲ့ Dirt ဆိုတဲ့ဇာတ်ကားလေးကို တင်ဆက်ပေးလိုက်ပါတယ်။IMDb Rating 6.2 ရရှိထားပြီး Rotten Tomatoes မှာ 84%ရရှိထားပါတယ်။ဇာတ်လမ်းအစမှာတော့ ဒက်ဇ်ဆိုတဲ့ကောင်လေးကတန်ဖိုးကြီး Roll Royce ကားကိုခိုးလာပြီး ခိုးရာပါကားတွေရောင်းတဲ့အလုပ်ရှင်ဆီသွားအပ်တာကို တွေ့ရမှာပဲဖြစ်ပါတယ်။ဒါပေမယ့်ကံဆိုးချင်တော့ သူ့နောက်ကိုရဲတွေလိုက်လာပြီး အဖမ်းခံလိုက်ရပါတော့တယ်။ဒါပေမယ့် သူကအသက်မပြည့်သေးတဲ့အပြင် ဆယ်နှစ်အရွယ်ညီမလေးကိုလည်း ပြုစုစောင့်ရှောက်ပေးနေရတဲ့အတွက် သူ့ကိုအုပ်ထိန်းပေးမဲ့သူရှိရင် ထောင်မကျနိုင်တာကြောင့်ရဲမှူးရဲ့အကူအညီနဲ့ရစ်ခ်ရက်ဒန်ဆိုတဲ့ လူဆီရောက်သွားပါတော့တယ်။ရစ်ခ်ရက်ဒန်ဆိုတာကတစ်ချိန်က ဂန္တဝင်လမ်းကြမ်းပြိုင်ကားသမားဖြစ်ပြီး မတော်တဆမှုကြောင့်အနားယူရကာ လက်ရှိရက်ဒန်ဆိုတဲ့ပြိုင်ကားအဖွဲ့ကိုထောင်ထားတဲ့သူဖြစ်ပါတယ်။ရစ်ခ်ကဒက်ဇ်ကို ဒီအတိုင်း မျက်ကန်းတောတိုးလက်ခံခဲ့တာမဟုတ်ဘဲ ဒက်ဇ်ရဲ့ကားမောင်းကျွမ်းကျင်မှုတွေကြောင့် ခေါ်ယူခဲ့တာဖြစ်ပြီးနောက်ပိုင်းမှာ ရက်ဒန်အဖွဲ့ရဲ့ ပင်တိုင်ပြိုင်ကားမောင်းသမားကထွက်သွားရတဲ့အခါမှာတော့ ဒက်ဇ်တစ်ယောက်သူ့ရဲ့အရည်အချင်းတွေကိုထုတ်ပြခွင့်ရမလား သူတို့မောင်နှမနှစ်ယောက်ရဲ့ဘ၀လည်း ဘာတွေဆက်ဖြစ်ကြမယ်ဆိုတာကိုကြည့်ရမဲ့ဒရာမာ အက်ရှင်ဇာတ်ကားလေးပဲဖြစ်ပါတယ်။ File size…1.82 GB / 875 MB Quality…WEB-Rip 1080p 5.1CH / 720p Format…mp4 Duration….1h 42m Genre ….. Action , ...
movie

Dirt (2018)