Channel Myanmar

Dominique Allen Lawson

Down Low (2023) 5.5
Down Low (2023)  ဒီဇာတ်လမ်းလေးကတော့ Comedyကိုမှ LGBTQ ပုံစံလေးနဲ့ဇာတ်အိမ်တည်ထားပါတယ်...။Dark Comedyလေးတွေနဲ့ ဗရုတ်သုတ်ခ ‌ဂေးတို့ဘဝကို ပီပီပြင်ပြင်မြင်တွေ့ရဦးမယ့်ကားလေးပါပဲ...။ဇာတ်လမ်းနာမည်ဖြစ်တဲ့ Down Lowဆိုတဲ့အတိုင်း သိုသိုသိပ်သိပ်ဖုံးဖုံးဖိဖိနဲ့ကြိတ်ပုန်းဂေးနေတဲ့ အိမ်ထောင်ရှင်ကြီးအကြောင်းပေါ့...။ ဇာတ်လမ်းအကျဥ်းလေးကတော့ဂေရီဟာ နောက်တစ်လသာအသက်ရှင်ရတော့မယ့် ရောဂါရှင်အိမ်ထောင်သည်ကြီး‌ပါ...။သူမသေခင်လေးမှာ တစ်သက်လုံးဖုံးဖိလာခဲ့တဲ့ ဆန္ဒလေးတွေကို ဖြစ်မြောက်အောင်အကောင်အထည်ဖော်ကြည့်မယ်ဟဲ့ဆိုပြီး ဂေးနေကြောင်းမိသားစုကို ဖွင့်ပြောလိုက်ပါတယ်...။ဖွင့်ပြောပြီးချက်ချင်းပဲ ဇနီးနဲ့သားနှစ်ယောက်က ပစ်သွားလို့ တစ်ကိုယ်တည်းကြေကွဲနေရသူပေါ့...။ဒီလိုနဲ့ ပွ့င်ချင်တာတောင် ပြည့်ပြည့်ဝဝ မပွင့်ရဲ မပွင့်တတ်တော့ပါဘူး...။တစ်ကိုယ်တည်းဘဝဖြစ်သွားပြီးနောက် သူ့ဆန္ဒလေးတွေပြည့်ဝအောင်ဆိုပြီး ‌ဂေးအနှိပ်သည်လေးတစ်ယောက်ကို ငှားလိုက်ပါတယ်....။ဒီမှာစပြီး ငါးပါးမှောက်တဲ့ဇာတ်လမ်းကစတော့တာပါပဲ...။အပုန်းကြီးနဲ့ အနှိပ်သည်လေးတို့ နှစ်ယောက်ပေါင်းလောင်းကျော်ပြီး ဘယ်လိုဗရုတ်ကျဦးမလဲဆိုတာဇာတ်လမ်းလေးထဲကြည့်ရှုလို့ရပါပြီဗျာ....။ File size…1.17GB / 469MB Quality…WEB-DL 1080p 5.1 CH/ 720p Format…mp4 Duration….1h 30m Genre ….. Comedy Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Themes
movie

Down Low (2023)

Happiest Season (2020) 7.0
Happiest Season (2020) Happiest Season (2020)==================IMDb Rating - 6.9/10ချစ်ခြင်းမေတ္တာဆိုတဲ့အရာက ယောကျ်ား၊ မိန်းမမခွဲခြားဘဲ တစ်ယောက်လက်ကို တစ်ယောက်တွဲပြီး လောကဓံကိုအတူရင်ဆိုင်ဖြတ်သန်းကြတာပါ......မိဘတွေဆုံးပါးသွားပြီးနောက်ပိုင်း ခရစ်စမတ်ကို တစ်ယောက်ထဲ အထီးကျန်စွာ ဖြတ်သန်းနေတဲ့ အက်ဘီ.....ပြီးပြည့်စုံတဲ့ မိသားစုတစ်စုဖြစ်ဖို့ မိမိရဲ့ပုံစံအမှန်ကို ဖုံးကွယ်ထားရတဲ့ ဟက်ပါ......ဟက်ပါနဲ့ အက်ဘီတို့က lesbian ချစ်သူတွေပါ။ ဟက်ပါက သူမိသားစုနဲ့အတူ ခရစ်စမတ်မှာ အတူဖြတ်သန်းပြီးမိဘတွေနဲ့ မိတ်ဆက်ပေးဖို့ အက်ဘီကို အိမ်ခေါ်သွားပါတယ်။ ခရစ်စမတ်မှာ အက်ဘီတစ်ယောက် ဟက်ပါကို လက်ထပ်ခွင့်တောင်းဖို့ ရည်ရွယ်ပြီး ဟက်ပါအိမ်ကို လိုက်သွားပါတော့တယ်။ အဲ့လိုနဲ့ ဟက်ပါတို့ မိသားစုရဲ့ အိမ်တွင်းရေးအခြေအနေနဲ့ ခရစ်စမတ်မှာ မပျော်တတ်တဲ့ အက်ဘီတို့ကြား ပြဿနာလေးတွေ၊ ကတောက်တဆလေးတွေနဲ့၊ LGBT တွေမှာသာရင်ဆိုင်ကြုံတွေ့ရတဲ့ ပြဿနာတွေနဲ့ သူတို့ရဲ့ ခံစားချက်တွေကို နားလည်ပေးနိုင်ဖို့ ဘယ်လိုဖြေရှင်းရမယ်ဆိုတာကို ဒီဇာတ်ကားမှာ စီးမျောခံစားနိုင်မှာပါ။ ဒီကားထဲမှာ မင်းသမီး Kisten Stewart ကို ...
movie

Happiest Season (2020)

2020