Channel Myanmar

Dominique Willingham

M.F.A.(2017) 5.9
M.F.A.(2017)  M.F.Aဆိုတာက "Master of Fine Arts"၊ အနုပညာဘွဲ့ရဲ့ အတိုကောက်ဖြစ်ပြီးဇာတ်လမ်းလေးကလည်း လူမှားပြီးချစ်မိတဲ့ အနုပညာကျောင်းသူလေးအကြောင်းရိုက်ကူးထားတာပါ....။နိုအယ်လ်ဟာ ပန်းချီပညာကိုဝါသနာပါသူလေးဖြစ်ပြီး ခပ်အေးအေးနေတတ်ကာအပေါင်းအသင်းလည်းသိပ်များသူမဟုတ်ပါဘူး....။တစ်နေ့ကျတော့ အတန်းထဲမှာ ပန်းချီဆွဲရင်းပဲ ကောင်လေးတစ်ယောက်သဘောကျမိသွားတယ်ပေါ့....။ဒါကို ကောင်လေးဖြစ်သူက သတိထားမိသွားတော့ နိုအယ်လ်ကိုပါတီပွဲလာခဲ့ဖို့ဖိတ်ပါလေရော....။ကိုယ်ကြည်တဲ့ အဆင်လေးက ကိုယ့်ကိုပါတီပွဲဖိတ်တယ်ဆိုတော့ နိုအယ်လ်ကလည်းမျှော်လင့်ချက်အပြည့်နဲ့ စိတ်ကူးလေးတွေယဥ်ပြီး သွားခဲ့တာပေါ့....။ဒါပေမဲ့ နိုအယ်လ်လေးခဗျာ အဲ့ဒီပါတီပွဲညမှာ သူကြည်တဲ့အဆင်လေးကသူ့ကို rapeလုပ်တဲ့အတွက် ကံခေသူ အချစ်ကျောင်းသူလေးဖြစ်ခဲ့ရပါတယ်....။တရားမျှတမှုကို လိုလားတဲ့ နိုအယ်လ်ဟာ ဒီအကြောင်းကို ကျောင်းအုပ်ကိုတိုင်တော့လည်းအကူအညီမရတဲ့အတွက် သူကိုယ်တိုင်ပဲ လက်စားချေဖို့ဆုံးဖြတ်လိုက်တဲ့အခါ.....နိုအယ်လ်နေရာမှာ သရုပ်ဆောင်ထားတဲ့ မင်းသမီးFrancesca Eastwoodရဲ့လူငယ်ဆန်ဆန် ဆွဲဆောင်မှုအပြည့်နဲ့အလှအပကိုခံစားရင်း Horror Thriller ဇာတ်အိမ်လေးကိုစီးမျှောကြည့်ရှုလို့ရပါပြီ....။   File size…1.56GB / 644MB Quality…Blu-Ray 1080p / 720p Format…mp4 Duration….1h 32m Genre ….. Drama , Horror , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Themes
movie

M.F.A.(2017)

House Party (2023) 4.4
House Party (2023) House Party ရုပ်ရှင်ကားကို ၂၀၂၃ခုနှစ် ဇန်နဝါရီလမှာ ထုတ်လွှင့်ပြသခဲ့တာဖြစ်ပါတယ်။ ယခင် ၁၉၉၀ နဲ့ ၁၉၉၁ ခုနှစ်ကပြသခဲ့တဲ့ House Party 1 နဲ့ 2 ကိုreboot ပြန်လည်ရိုက်ကူးထားတဲ့ Comedy Drama ဟာသဒရမ်မာ ရုပ်ရှင်ကားတစ်ကားဖြစ်ပါတယ်။ကယ်ဗင်နဲ့ ဒါ့မွန်ဆိုတာက အယ်လ်အေမြို့မှာနေတဲ့ သန့်ရှင်းရေးအလုပ်သမားတွေဖြစ်ပါတယ်။ တစ်ဖက်မှာလည်း သူတို့ကအိမ်ပါတီပွဲစီစဥ်တဲ့သူတွေ ဖြစ်နေ​ပြန်ပါတယ်။ တစ်နေ့မှာ သူတို့အလုပ်လုပ်နေရင်း အလုပ်လည်းပြုတ် ပိုက်ဆံစိုက်ထားတဲ့ ပါတီပွဲကနေလည်း အနှင်ထုတ်ခံလိုက်ရပါတော့တယ်။ ပိုက်ဆံလိုနေတဲ့တစ်ချိန်တည်းမှာပဲ ကံဆိုးမိုးမှောင်ကျတာမလို့ ကြံမိကြံရာလုပ်ဖို့ ရည်ရွယ်တဲ့အခါမှာတော့ သူတို့သန့်ရှင်းရေးလုပ်နေဆဲ အိမ်ကြီးဟာ ဘတ်စကတ်ဘော ကစားသမား လီဘရွန်ဂျိမ်းစ်ရဲ့အိမ်ကြီးဖြစ်နေပြီးတော့ အိမ်ရှင်ကလည်း ခရီးထွက်သွားပါတယ်။ ဆိုတော့ကာ လူမရှိတဲ့အိမ်မှာ သူတို့ပါတီပွဲပေးပြီး ငွေရှာဖို့လုပ်ပါတော့တယ်။ သူတို့ ပိုက်ဆံကို ဖြောင့်ဖြောင့်တန်းတန်းရှာနိုင်လေမလား ဘာပြဿနာတွေတက်ကြမလဲ ဘယ်လိုတွေရော ဖြေရှင်းကြမလဲဆိုတာကို ကြည့်ရှု့ရမယ့် ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ဇာတ်ကားတစ်ကားလုံးမှာ အဆဲစကားလုံးတွေကို ဖောဖောသီသီသုံးထားတဲ့အပြင် မူးယစ်ဆေးသုံးတဲ့ပြကွက်တွေ ...
movie

House Party (2023)