Channel Myanmar

Don Fellows

Indiana Jones and Raiders of the Lost Ark (1981) 8.4
Indiana Jones and Raiders of the Lost Ark (1981) Indiana Jones and Raiders of the Lost Ark (1981)IMDb Rating (8.4) / Rotten Tomatoes (93%)++++++++++++++++++++++++Indiana Jones Franchise (1981-2023)George Lucas လို့ပြောလိုက်တာနဲ့ ရုပ်ရှင်ပရိသတ်တော်တော်များများက Star Wars ကို ပြေးမြင်မိကြလိမ့်မယ်။ ဟုတ်တော့လည်း ဟုတ်ပါတယ်။ လူးကပ်စ်ရဲ့ အပေါက်ဆုံးကား‌တွေဟာ ကြယ်တာရာစစ်ပွဲတွေ ဖြစ်ခဲ့တာကိုး။ ဒါပေမဲ့ Steven Spielberg လို့ပြောရင်ကျ ပြေးမြင်မိစရာ ဇာတ်ကားအများကြီးရှိပါလိမ့်မယ်။ အဲဒီလို ဇာတ်ကားအများကြီးတွေထဲကမှ Jaws ဟာ စပီးဘာ့ဂ်အတွက် ရိုက်ရတာ ဒုက္ခအရောက်ဆုံးဖြစ်ခဲ့သလို လူးကပ်စ်အတွက်လည်း Star Wars Ep IV: A New Hope ကို လွယ်လွယ်နဲ့ ရိုက်ခွင့်ရခဲ့တာ မဟုတ်ဘူး။ ဒါပေမဲ့ အဲဒီလို ပင်ပင်ပန်းပန်းကာလတွေအလွန်မှာ သူတို့နှစ်ယောက်ဟာ ...
movie

Indiana Jones and Raiders of the Lost Ark (1981)

1981
4K HEVC
Velvet Goldmine (1998) 6.9
Velvet Goldmine (1998) မင်းသားကြီး Christian Bale ငယ်စဉ်ကသရုပ်ဆောင်ထားတဲ့ 1998 ခုနှစ်က ဇာတ်ကားကောင်းလေးကို တင်ဆက်ပေးလိုက်ပါတယ်။ Glam-rock အဆိုတော် ဘရိုင်ယန်စလိတ်ဒ်ဟာ စင်ပေါ်မှာဖျော်ဖြေနေတုန်း သေနတ်အပစ်ခံခဲ့ရပါတယ်။ ဒါပေမဲ့ နောက်နေ့ကျမှ သေနတ်ပစ်ခံရတာဟာ သရုပ်ဆောင်တာသာဖြစ်ကြောင်း၊ စတန့်ပြကွက်တစ်ခုသာဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။ အဲဒီပြကွက်နောက်ပိုင်း ပရိတ်သတ်တွေရဲ့ ဝေဖန်မှုတွေခံရ၊ ရောင်းအားတွေလည်းကျဆင်းပြီး စလိတ်ဒ်တစ်ယောက် ဘယ်ရောက်သွားမှန်းမသိအောင်ကို အစပျောက်သွားခဲ့ပါတယ်။ အဲဒီအဖြစ်အပျက်အပြီး ၁၀ နှစ်အကြာမှာ အမေရိကန်သတင်းဌာနတစ်ခုကနေ အဆိုတော် ဘရိုင်ယန်စလိတ်ဒ်ဘာဖြစ်သွားလဲ၊ ဘယ်ရောက်နေလဲဆိုတာ စုံစမ်းခိုင်းဖို့ သတင်းထောက် အာသာကို လွှတ်လိုက်ပါတယ်။ သတင်းထောက်အာသာဟာ ငယ်စဉ်တုန်းက အဲဒီအဆိုတော် ဘရိုင်ယန်စလိတ်ဒ်ကို အရူးအမူးအားပေးခဲ့သူပဲဖြစ်ပါတယ်။ ဘရိုင်ယန်စလိတ်ဒ်ရဲ့ လိင်တူနှစ်သက်မှုကို ပွင့်လင်းမြင်သာစွာ ဖွင့်ဟထားမှုတွေ၊ ထုံးတမ်းကိုဆန့်ကျင်တဲ့ ဝတ်စားဆင်ယင်မှုတွေက အာသာအနေနဲ့ သူ့ရဲ့စိတ်ဆန္ဒတွေကို ဖွင့်လှစ်ပြဖို့ အားတက်စေခဲ့တဲ့အရာတွေ ဖြစ်ခဲ့တာပါ။ စလိတ်ဒ်သေနတ်ပစ်ခံရပုံဟန်ဆောင်ပြတဲ့ ဖျော်ဖြေပွဲညတုန်းက ပွဲထဲမှာ အာသာပါရှိနေခဲ့တာပါ။ အခုအခါမှာတော့ သူတစ်ချိန်ကအရူးအမူးကြိုက်ခဲ့တဲ့ အဆိုတော်အကြောင်း ...
movie

Velvet Goldmine (1998)

Superman IV: The Quest for Peace (1987) 4.7
Superman IV: The Quest for Peace (1987) Superman IV: The Quest for Peace (1987) ==============================စူပါမန်း 4 က 1980 ကျော်ကာလတွေက စူပါမန်းကားတွေရဲ့ အဆုံးသတ်ဖြစ်ပါတယ်။ စူပါမန်း 2 မှာ အဖမ်းခံခဲ့ရတဲ့ လက်စ် လူသာက ထောင်ကပြန်လွတ်လာပြီး စူပါမန်းဆံချည်မျှင်ကနေ DNA ယူကာ နယူးကလီးယားမန်းဆိုတဲ့ Villain ကိုတည်ထွင် လိုက်ပါတယ် ။စူပါမန်းကို ဖျက်စီးပြီး ကမ္ဘာကိုအုပ်စိုးဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ လက်စ်လူသာတီထွင်လိုက်တဲ့ နယူးကလီးယားမန်းက နောက် ပိုင်းမှာ သူကိုယ်တိုင်မထိန်းချုပ်နိုင်တော့ဘဲ အနိုင်ယူဖြေရှင်းဖို့က စူပါမန်းရဲ့တာ၀န်ဖြစ်လာပါတယ်။#Christopher Reeve(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thiha Yan Naing ဖြစ်ပါတယ်)File Size..........(1.9 GB) / (646 MB) / (424 MB) Quality............BLU-RAY 1080p / 720p / 480p Duration.........1Hr 30Mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Action, Adventure, Sci-Fi Translator.......Thiha Yan Naing Encoder..........SWM
movie

Superman IV: The Quest for Peace (1987)

1987
Superman II (1980) 6.8
Superman II (1980) Superman II (1980) =============== IMDb Rating - 6.8/10၁၉၈၀ ကာလက CGI အထူးပြုလုပ်ချက်တွေ မရှိဘဲ ရိုက်ကူးခဲ့တဲ့ ဂန္တဝင်စူပါမန်းကားတွေထဲက အပိုင်း ၂ ဖြစ်ပါတယ်။အပိုင်း ၁ နဲ့ဆက်နေပြီး ...General Zod တို့သုံးဦးကို ခရစ်ပတွန်ဂြိုလ်မှ နှင်ထုတ်ပြီး ကလာ့ခ်ကန့်ခ် ခေါ် စူပါ မန်းလည်း ကမ္ဘာမြေပေါ်မှာအခြေချနေပါပြီ။ ဒါပေမယ့် အချိန်ကြာလာတာနဲ့အမျှ လူသားတွေရဲ့ အာကာသနယ် မြေချဲ့ထွင်ရေးကနေ General Zod တို့ကို ပိတ်လှောင် ထားတဲ့ ထောင်လည်းစွမ်းအားလျော့သွားပြီး လွတ်မြောက် သွားကာ ခရစ်ပတွန်ဂြိုလ်သား စူပါမန်းကို ကလဲံ့စားချေဖို့ ကမ္ဘာမြေကိုအန္တရာယ်ပြုပါတော့တယ်။General Zod တို့ကို ထောင်ဖောက်ပြေးလာတဲ့ လက်စ် လူသာက ပူးပေါင်းကာ စူပါမန်းကို ဒူးထောက်ဖို့အကြပ်ကိုင် ပါတယ်။ အဲဒီတော့ Villain တွေကိုရှင်းလင်းပြီး ကမ္ဘာမြေကို ကယ်တင်ဖို့ စူပါမန်းအပေါ်ပဲတာဝန်ကျလာပါတော့တယ်။ဒီကားက စူပါဟီးရိုးကားဆိုပေမယ့် Comedy , Drama ပုံစံနဲ့ ရိုက်ထားတော့ ဒီဘက်ခေတ်ကားတွေနဲ့ ကြည့်ရတဲ့ အရသာ မတူတာတေ့ာ့ အမှန်ပါပဲ ။#Christopher Reeve(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thiha Yan ...
movie

Superman II (1980)

1980
The Omen (1976) 7.5
The Omen (1976) The Omen (1976)~ IMDb - 7.5/10, RT - 86%, Meta - 62% ~တစ်ချို့ရုပ်ရှင်တွေက ကျိန်စာသင့်နေတတ်ကြတာ အားလုံးပဲ ကြားဖူးကြပါလိမ့်မယ်။ The Omen ဟာ အဲဒီကျိန်စာသင့်ရုပ်ရှင်တွေထဲမှာမှ အဆိုးဆုံးကျိန်စာသင့်နေတဲ့ ရုပ်ရှင်အဖြစ် သတ်မှတ်ခံထားရတဲ့ ရုပ်ရှင်ပါ။ အိုမန်ရိုက်ကွင်းမှာ သေတာတွေရော ဒဏ်ရာရတာတွေရော မိုးကြိုးပစ်တာတွေပါ အစုံဖြစ်ခဲ့ပြီး ဒီရုပ်ရှင်ကိုလုပ်တဲ့သူက အဖွဲ့သားတွေကို ဒီရုပ်ရှင်ရိုက်တာကို စေတန်ကြိုက်မှာမဟုတ်ဘူးလို့တောင် ပြောခဲ့ဖူးပါတယ်။ ဒီရုပ်ရှင်ဟာ ရုပ်ရှင်သမိုင်းမှာ စေတန်ကို စိတ်ဆိုးအောင်လုပ်ခဲ့တဲ့ ရုပ်ရှင်အဖြစ်လည်း သတ်မှတ်ခံခဲ့ရပါတယ်။သူရိုက်ထားတဲ့အကြောင်းအရာကလည်း ခရစ်တော်ရဲ့ ဆန့်ကျင်ဘက် Antichrist ဖြစ်တဲ့ ယေဝါဖန်ဆင်းတဲ့ နိုင်ငံတော်ကို အရင်းကဖြိုဖို့ စေတန်က လူ့အသွင်နဲ့ လူ့လောကထဲ အကြံကြီးကြံဖို့ လွှတ်ထားတဲ့ ဒေမီယံဆိုတဲ့ စေတန်ရဲ့သားတော် လူ့လောကထဲရောက်လာတဲ့အကြောင်းပါ။ ဒေမီယံဟာ လူ့လောကထဲကကို သွန်းဆိုတဲ့ လူကုံထံတစ်ယောက်ရဲ့သားကို သတ်ပြီး ...
movie

The Omen (1976)

1976