Channel Myanmar

Dong Wenjun

The Apostles ( 2014 ) 5.8
The Apostles ( 2014 ) ဒီဇာတ်ကားလေးကတော့ သည်းထိတ်ရင်ဖိုနဲ့ စိတ္တဇဆန်ဆန် ဇာတ်လမ်းကြိုက်တဲ့သူတွေအတွက် အကြိုက်တွေ့စေမဲ့ကားမျိုးလေးဖြစ်ပါတယ် ။ဇာတ်လမ်းအကျဉ်းလေးကတော့ - စာရေးဆရာမလုယွင်ဟာ အမြဲလိုလိုအိပ်မက်ဆိုးတွေမက်လေ့ရှိပါတယ် ။ ဒီလိုနဲ့သူစာအုပ်ထုတ်ဖို့ချိန်းဆိုထားတဲ့တစ်နေ့မှာ အမျိုးသားဖြစ်သူဟာ အလုပ်ခရီးကနေ‌ရပ်ဆီပြန်အလာ စီးလာတဲ့လေယာဉ်ပျက်ကျသွားပြီး သေဆုံးလို့သွားခဲ့ပါတယ် ။လုယွင်တစ်ယောက် ယောက်ျားရဲ့ နောက်ဆုံးကျန်ခဲ့တဲ့ ပစ္စည်းလေးတွေကိုသွားယူရင်း အမှန်တရားကိုလက်မခံနိုင်တဲ့အခါ.... တစ်ဖက်မှာလည်း ဟန်ပင်းလို့ခေါ်တဲ့ အမျိုးသားရဲ့ အမျိုးသမီးဖြစ်သူကလည်း လေယာဉ်ပျက်ကျမှုထဲပါလို့သွားခဲ့ပြီး ‌ကျစ်ရစ်ပစ္စည်းတွေထဲမှာ လုယွင်၏ခင်ပွန်းဖြစ်သူဖုန်းကရှိနေတဲ့အခါ...သူတို့နှစ်ယောက်အမှန်တရားကိုဘယ်လိုရှာဖွေသွားကြမလဲ.. ကိုယ်အမှန်လို့ထင်ထားတဲ့အရာတွေကအမှားဖြစ်ပြီး အမှားလို့ထင်ထားတဲ့အရာတွေက အမှန်တကယ်ဖြစ်နေတဲ့အခါ... လုယွင်တစ်ယောက်ဘယ်လိုဆက်ဖြစ်မလဲဆိုတာကို ဇာတ်လမ်းထဲမှာပဲဆက်လက်ကြည့်ရှုပေးကြပါဦး Quality : WEB-DL 1080p , 720p Format : mp4 Genres : Thriller , Mystery , Science Fiction Runtime : 1h 40 Min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Kay Encoded by LK
movie

The Apostles ( 2014 )

12 Hours(2022) 5.9
12 Hours(2022) တရုတ်အက်ရှင်ကားကောင်းလေးတစ်လေးတစ်ကားနဲ့မိတ်ဆက်ပေးပါရစေခေတ်လွန်Cyber City မှာ နေ့စဉ်လူပျောက်မှုတွေဆက်တိုက်ဖြစ်နေပါတယ်။အထူးတပ်သားဟောင်းဖြစ်တဲ့ ကျင်းချန် (Aarif Rahman)ဟာသမီးလေးခွဲစိတ်ရဖို့အတွက် Credit Bitဆိုတဲ့ ချေးငွေလုပ်ငန်းမှာခန္ဓာကိုယ်ကိုအပေါင်ထားချေးငွေယူတဲ့အချိန်ကနေပြဿနာတွေစတော့တာပါပဲ။ချေးငွေသဘောတူစာချုပ်ချုပ်ပြီးတဲ့အချိန်မှာ ကျင်းချန်ဟာမေ့ဆေးပေးခံရပြီးတစ်ခြားသူတွေနဲ့အတူ ထူးဆန်းတဲ့သစ်တောတစ်ခုကိုရောက်သွားပါတယ်။နယ်ပယ်အသီးသီးလူတွေစုနေတဲ့သူတို့လူတစ်စုဟာအဲဒီသစ်တောထဲမှာအသက်ရှင်ဖို့ကြိုးစားကြရပါတယ်။တကယ်တော့သူတို့ဟာစွမ်းရည်စမ်းသပ်ခံဖို့Survival Gameတစ်ခုကိုကစားနေမှန်းမသိကစားနေကြရတာပါ။မျိုးရိုးဗီဇအဆင့်မြှင့်သတ္တဝါတွေနဲ့ပါတိုက်ခိုက်ရတဲ့သူတို့ဟာအသက်ရှင်နိုင်ပါ့မလား ဆိုပြီးရင်တမမနဲ့ကြည့်ရမှာပါ။Effect တွေကတော်တော်ကောင်းပြီး တိုက်ရိုက်ရေးဒါရိုက်တာကလဲJackie Chan ရဲ့ကားတွေရိုက်ခဲ့တဲ့ဒါရိုက်တာဆိုတော့ အတိုင်းထက်အလွန်ပါပဲ။ဇာတ်သိမ်းမှာ ထင်မထားတဲ့အကွက်နဲ့သိမ်းသွားတာဆိုတော့ ကြည့်ရှုအားပေးကြပါဦးနော်။  Quality : WEB-DL 1080p , 480p Format : mp4 Duration : 1h 24 min Genres : Action , Crime , Adventure Subtitle : Myanmar Subtitle ( Hardsub ) Translated by Nu Mon Encoded by LK
movie

12 Hours(2022)