Channel Myanmar

Doug Chapman

Resident Evil: The Final Chapter (2016)
Resident Evil: The Final Chapter (2016) ဒီဇာတ်ကားက Franchiseကြီးတစ်ခုလုံးရဲ့အဆုံးသတ်ဖြစ်သလို Plot twist​တွေအများကြီးပါ​နေတဲ့ ဇာတ်ကားလည်းဖြစ်ပါတယ်။ ရုရှား​မြေ​အောက်စခန်းမှာ ဖမ်းဆီးခံထားရရာက​နေ လွတ်လာတဲ့ အဲလစ်က အမ်ဘရဲလားရဲ့​နောက်ဆုံး​​ခေါင်း​ဆောင်ကို အပြီးသတ် ရှင်းပစ်ဖို့ ရက်ကွန်းမြို့​တော်ကို ပြန်​လာပါ​တော့တယ်။ရက်ကွန်းမြို့ကိုပြန်လာတဲ့လမ်းမှာ အခက်အခဲ​များစွာကြုံခဲ့သလို သူထင်ထားတဲ့ ​နောက်ဆုံး​ခေါင်း​ဆောင်က အဲလ်ဘတ် ဝက်စ်ကာ မဟုတ်ဘဲ မထင်ထားတဲ့လူတစ်​ယောက် ဖြစ်​နေပါ​တယ်။ အဲလစ် တစ်​ယောက် ​နောက်ဆုံး အမ်ဘရဲလားရဲ့ နိဂုံးကို ဖန်တီးနိုင်မလား သူကိုယ်တိုင်ပဲ ဇာတ်သိမ်းသွားမလား။ Franchiseကြီးတစ်ခုလုံး ကို ဘယ်လိုtwist​တွေနဲ့ ချိတ်ဆက်ပြီး အဆုံးသတ်​ပေးလိုက်မလဲ ဆိုတာ ကြည့်ရှုရမှာ ဖြစ်ပါတယ်။  File size…     3.7 GB /  1.6 GB /  757  MB Quality… BluRay 4K / 1080p / 720p Format… mp4,mkv Duration…. 1h 46m Genre ..... Action/Horror Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by JimX
movie

Resident Evil: The Final Chapter (2016)

4K HEVC
The Painter (2024)
The Painter (2024) The Painter (2024)ဒီကားကို "The Painter" လို့ ခေါင်းစဉ်တပ်ထားပေမဲ့ တကယ့် ပန်းချီဆရာမဟုတ်ဘဲ ပန်းချီဆရာလို့တင်စားခံရလောက်အောင် လုပ်ကြံသတ်ဖြတ်တဲ့နေရာမှာ ထူးချွန်ပြောင်မြောက်လှတဲ့ လူတစ်ယောက်အကြောင်းဖြစ်ပါတယ်။ ပီတာဘယ်ရက်ဆိုတဲ့လူဟာ ငယ်စဉ်ဘဝ အက်ဆီးဒင့်တစ်ခုဖြစ်ကတည်းက သူ့ရဲ့အကြားအာရုံတွေဟာ ပုံမှန်လိုမဟုတ်တော့ဘဲ အလွန်အမင်းအားကောင်းလာခဲ့ပါတယ်။ မိဘတွေဆုံးပါးသွားတဲ့ပီတာလေးကို သူ့မိဘတွေရဲ့ သူငယ်ချင်းလည်းဖြစ် စီအိုင်အေဝန်ထမ်းတစ်ယောက်လည်းဖြစ်တဲ့ ဘန်းဆိုတဲ့သူက ပီတာ့ကိုမွေးစားပြီး အထူးအေးဂျင့်တစ်ယောက်ဖြစ်အောင် လေ့ကျင့်ပေးခဲ့ပါတယ်။ ပီတာကြီးလာတော့လည်း စီအိုင်အေက အေးဂျင့်တစ်ယောက်နဲ့ ချစ်ကျွမ်းဝင်ခဲ့ပါတယ်။ပီတာ့မိန်းမဟာ ကိုယ်ဝန်တစ်ဖက်နဲ့ ထောက်လှမ်းရေးလုပ်နေသလို ပီတာကလည်းသူ့စစ်ဆင်ရေးနဲ့သူနဲ့ပေါ့။ ဒီလိုနဲ့ ပီတာတစ်ယောက် စစ်ဆင်ရေးအရောက် သူ့ပစ်မှတ်ကို လုပ်ကြံလုဆဲဆဲမှာပဲ တစ်ဖက်ကနေ ပီတာ့ပစ်မှတ်ကိုဖမ်းဖို့လုပ်နေတဲ့ သူ့မိန်းမကရောက်လာခဲ့ပါတယ်။ အဲဒီအခါ ရုတ်တရက်ဆိုလို ပစ်မှတ်ဘက်ကနေတုံ့ပြန်မှုကြောင့် ပီတာ့မိန်းမဒဏ်ရာရပြီး ရေမွှာပေါက်သွားခဲ့ပါတယ်။ ဒီလိုနဲ့ ဆေးရုံအပြေးရောက်သွားခဲ့ပေမယ့် ပီတာနဲ့အယ်လီနာတို့ရဲ့ကလေးဟာ မွေးမွေးချင်းဆုံးသွားလို့ လင်မယားနှစ်ယောက်စိတ်ဒဏ်ရာရပြီး ကွဲသွားပါတယ်။ ဒါပေမဲ့ တစ်နေ့မှာ ပီတာ့ကို ကလေးတစ်ယောက်လာရှာပါတယ်။ သူ့ရဲ့သမီးလို့အမည်ခံပြီး သူ့မိန်းမအကြောင်းပြောလာတဲ့အခါမှာ ပီတာတစ်ယောက်မခံမရပ်နိုင်ဖြစ်ပြီး ...
movie

The Painter (2024)

2024
Sonic the Hedgehog 2 (2022) 6.9
Sonic the Hedgehog 2 (2022) Sonic the Hedgehog 2 (2022)=====================IMDb Rating - 6.9/10ကျွန်တော်တို့ငယ်ငယ်ကတည်းက ဂိမ်းလောကမှာ နာမည်ကြီးခဲ့တဲ့ ဆိုးနစ် ဖြူကောင်လေး လာပါပြီ။ ဒီရုပ်ရှင်ကတော့ ဒုတိယကားပါ။ ပထမကားကိုလည်း ချန်နယ်မြန်မာမှာ တင်ပေးထားပါတယ်။ ဗီလိန်ကလည်း The Mask လို ရုပ်ရှင်တွေနဲ့ ဂန္ထဝင်ဖြစ်ခဲ့တဲ့ ဂျင်မ် ကာရေးပဲ ဖြစ်ပါတယ်။ပထမကားမှာတော့ ဗီလိန်ကြီး ရိုဘော့နစ်တစ်ယောက် ကမ္ဘာပေါ်ကနေ အခြားဂြိုလ်ကို ကန်ထုတ်ခံလိုက်ရပြီး အဆုံးသတ်သွားခဲ့ပါတယ်။ အခုကားမှာတော့ ရိုဘော့နစ် ပြန်လာတဲ့အပြင် သူနဲ့အတူ ဆိုးနစ်ကို တိုက်ခိုက်မယ့် ဂြိုလ်သားလေး နက်ကယ်ပါ ပါလာပါတယ်။ ဒါ့အပြင် ဆိုးနစ်ကိုလေးစားနေတဲ့ မြေခွေးလေး တေးလ်စ်ပါ ပါလာတဲ့အခါ တစ်ဖက်ကို နှစ်ယောက်ဆီ ဘယ်လိုရင်ဆိုင်ပြီး တိုက်ခိုက်ကြမလဲဆိုတာ ကြည့်လိုက်ပါဦး။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Mr.Anderson ဖြစ်ပါတယ်) Sonic 1 ကို မကြည့်ရသေးသူများက ဒီလင့်မှာကြည့်လို့ရပါတယ်။ Click HereFile Size - (2.61 GB) / (1.29 GB) Quality – Web-Rip ...
movie

Sonic the Hedgehog 2 (2022)

2022