Channel Myanmar

Douglas Henshall

The Salvation (2014) 6.7
The Salvation (2014)  classic westernကားကောင်းကောင်းကြည့်ချင်တယ်...actionခန်း သေနတ်ပစ်ခန်းကောင်းကောင်းတွေလည်းပါရမယ်..ဇာတ်လမ်းကလည်း Drama Thrillerလေးမှဆိုရင် ဒီကားကိုကြည့်ဖြစ်အောင်ကြည့်ပါဗျာ...။သရုပ်ဆောင်ထားတဲ့ မင်းသားတွေကလည်း ခပ်အေးအေးနဲ့ ဇာတ်ရုပ်နဲ့လိုက်ဖက်လွန်းပါတယ်...။Danish မင်းသားကြီး Mads Mikkelsenရဲ့ သရုပ်ဆောင်ဟန်တွေကိုဒီမှာမြင်တွေ့ရဦးမယ့်အပြင် မင်းသားကြီး Mikael Persbrandtကလည်းအားဖြည့်ပါဝင်ထားပါတယ်...။မင်းသမီးEva Greenဆိုရင် တစ်ကားလုံးစကားတစ်ခွန်းမှမပြောဘဲလူကြမ်းမကြီးအသွင်နဲ့ သရုပ်ဆောင်ပြသွားပါ‌သေးတယ်...။စကားများများမပြောဘဲ ရိုက်ကွင်းရိုက်ကွက်နဲ့ ဇာတ်အိမ်ထဲမျှောပြီးခံစားရမယ့်ကားမျိုးပါ...။ဇာတ်ကြောင်းကလည်းရိုးရိုးရှင်းရှင်းပါပဲ...သားနဲ့ဇနီးက ဗီလိန်တွေသတ်ဖြတ်တာကိုခံလိုက်ရလို့ တုန့်ပြန်လက်စားချေတဲ့ဖခင်တစ်ယောက်ရဲ့ဇာတ်လမ်းပါ...။ခံစားကြည့်ရှုလို့ရအောင် တင်ဆက်ပေးလိုက်ပါတယ်ဗျ...။  File size…1.44GB / 671MB Quality…Blu-Ray 1080p / 720p Format…mp4 Duration….1h 32m Genre ….. Action , Drama , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Themes
movie

The Salvation (2014)

Dorian Gray (2009) 6.2
Dorian Gray (2009) ဒီဇာတ်ကားက Oscar Wilde ရဲ့ ဂန္တဝင်ဝထ္ထုကိုလိုက်လျောညီထွေနဲ့စွဲမက်ဖွယ်ကောင်းလောက်အောင်ပြန်လည်ပုံဖော်ထားတဲ့ဇာတ်ကားကောင်းလေးဖြစ်ပါတယ်။လူတွေရဲ့အတ္တနဲ့သေခြင်းတရားအပေါ်ကြောက်ရွံ့မှုတို့ကိုနက်ရှိုင်းတဲ့သဘောနဲ့ပုံဖော်ပြထားပါတယ်။စွဲမက်လောက်စရာရုပ်သွင်ရှိတဲ့ Ben Barners က Dorian Gray ဇာတ်ကောင်နေရာမှာသရုပ်ဆောင်ပေးထားတာကဇာတ်လမ်းနဲ့တကယ့်ကိုလိုက်ဖက်ညီလွန်းပါတယ်။ဇာတ်လမ်းသဘောကတော့သူ့ရဲ့ဝိညဥ်ကိုနတ်ဆိုးနဲ့မမျှော်လင့်ပဲအပေးအယူလုပ်မိသွားတဲ့ကောင်ချောလေးတစ်ယောက်အကြောင်းပါ။ရိုးသားဖြူစင်တဲ့ကောင်ချောလေးဒိုရီယန်ဟာအဖိုးသေဆုံးသွားပြီးအမွေဆက်ခံဖို့အတွက်တောကနေလန်ဒန်မြို့ကြီးကိုရောက်လာခဲ့ပါတယ်။မအူမလည်ဖိုးသခွားလေးဟာ လူရှုပ်လူပွေကြီး Lord Henry နဲ့ပေါင်းမိပြီးတဲ့နောက်မှာကောင်ချောလေးကနေကောင်ဇိုးလေးဖြစ်လာခဲ့ပါတယ်။ဆရာထက်တပည့်လက်စောင်းထက်လာတဲ့ဒိုရီယန်ဟာသူ့ဝိညဥ်ကိုမမျော်လင့်ဘဲ နတ်ဆိုးနဲ့အလဲအလှယ်လုပ်မိသွားတဲ့နောက်မှာမအိုမင်းနိုင်တဲ့ခန္တာကိုပိုင်ဆိုင်သွားပြီးမြင်းကိုဂျိုတပ်ပေးလိုက်သလိုတွေဖြစ်သွားတဲ့အခါ....သူ့နုပျိုမှုကထာဝရခံပါ့မလား အဲ့ဒီအလဲအလှယ်အတွက်သူဘာတွေပေးဆပ်လိုက်ရမလဲဆိုတာဇာတ်ကားထဲမှာဆက်ပြီးစောင့်ကြည့်ပေးကြပါဦး....Ben Bernes က Dorian Gray ရဲ့ ဇာတ်ကောင်ကိုအပြစ်ကင်းစင်တဲ့လူငယ်လေးတစ်ယောက်ရဲ့ဘဝကနေပြီးတော့စိတ်ဝိညဥ်မရှိတော့တဲ့အထိကိုယ့်ကျင့်တရားဖောက်ပြန်စိတ်ဓာတ်ပျက်ပြားတဲ့လူတစ်ယောက်အဖြစ်ကူးပြောင်းလာပုံကို ကျွမ်းကျွမ်းကျင်ကျင်ပဲပုံဖော်ပြသွားပါတယ်။Horry and Mystery vibes မျိုးကိုသေချာခံစားချင်ပြီးတကယ်စိတ်ဝင်စားစရာကောင်းပြီးကြည့်ရတာတန်တဲ့ဇာတ်လမ်းမျိုးကိုရှာနေရင်ဒီဇာတ်ကားလေးကသင်တို့အတွက်ပါပဲလို့...( PS. တစ်ချို့ဇာတ်ဝင်ခန်းတွေက မိသားစုနဲ့အတူကြည့်ဖို့မသင့်တော်တဲ့အတွက်ကြောင့်ညမှောင်မှောင်မှာ တစ်ယောက်တည်း or သူငယ်ချင်းတွေနဲ့စုကြည့်ကြဖို့ပြောချင်ပါတယ်။)  File size…  1.74 GB /  800 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 52m Genre .....  Drama, Fantasy Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Aung Wai ...
movie

Dorian Gray (2009)

2009
Angels and Insects (1995) 6.8
Angels and Insects (1995) IMDb - 6.8/10ဒီဇာတ်ကားက Don't look up, Ready Player One , The BFG, Bridge of Spines, Bones and All အစရှိတဲ့ ရုပ်ရှင်ဇာတ်ကားကောင်းတွေမှာ သရုပ်ဆောင် ရိုက်ကူးခဲ့တဲ့ မင်းသားကြီး Mark Rylanceက ဦးဆောင်ပြီးတခြားသော Cast ၈၃ယောက်နဲ့အတူ ဒီဇာတ်ကားကို ပုံဖော်ထားပါတယ်။ဇာတ်လမ်းကတော့ တောထဲမှာ အင်းဆက်တွေကို လေ့လာပြီး သုတေသနပြုလုပ်တဲ့ ပညာရှင်မစ္စတာအမ်ဒမ်ဆမ်က သင်္ဘောမြှပ်ပြီး ယူဂျီနီးယားရဲ့ အိမ်မှာ မှီခိုနေထိုင်ရဖို့ အကြောင်းဖန်လာပါတော့တယ်။ တစ်အိမ်ထဲမှာ နေထိုင်ရင်း အချိန်တစ်ခုကြာလာတော့ ယူဂျီနီးယားလေးနဲ့ ယူဖြစ်သွားပါလေရော။ ယူဂျီနီးယားနဲ့ အမ်ဒမ်ဆမ်နဲ့ယူတာကို ယူဂျီးနီးယားရဲ့ အကိုအက်ဂါကတော့ သိပ်သဘောမကျပါဘူး။ သဘောမကျတဲ့အပြင်ကိုမှာမှ နှိမ်ပါ နှိမ်နေသေးတာပါ။ မစ္စတာအမ်ဒမ်ဆမ်တစ်ယောက် အက်ဂါ နှိမ်နေတာကို မခံနိုင်တဲ့အဆုံး ကိုယ့်ဝမ်းစားရှာဖို့ သုတေသနစာအုပ် တစ်အုပ်ရေးပါတော့တယ်။ ...
movie

Angels and Insects (1995)

The Eagle(2011) 6.2
The Eagle(2011) The Eagle (2011)==============IMDb 6.2 / Rotten Tomatoes 39%အမေရိကန် နိုင်းနိုင်း😜 Channing Tatum ရဲ့ ဇာတ်ကားကောင်းလေးတစ်ကားကို CM ပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ်ဇာတ်လမ်းလေးကတော့ နိုင်ငံရဲ့အဖိုးတန် ဆုတံဆိပ် ရွှေလင်းယုန်ငှက်ရုပ်တုပျောက်ဆုံးမှုကြောင့် နာမည်ပျက်ခဲ့ရတဲ့ တပ်မှူးရဲ့ သား မားကပ်စ်မားကပ်စ်ရဲ့အမိန့်ကြောင့် မိသားစုဝင်တွေအားလုံး သေဆုံးပြီး ကျွန်ဘဝရောက်ခဲ့ရတဲ့ အက်စကာ ဖခင်ရဲ့ဂုဏ်သိက္ခာကို ပြန်လည်အဖတ်ဆယ်ဖို့တိုက်ပွဲဝင်ရင်း ဒဏ်ရာရကာ တပ်မှ ထွက်လိုက်ရတဲ့ မားကပ်စ်တစ်ယောက်လူသတ်ပွဲတစ်ပွဲမှာ အက်စကာ့အသက်ကို ကယ်တင်ပေးလိုက်တဲ့အခါ...နှစ်ယောက်အတူ လူရိုင်းတွေရဲ့ နယ်မြေမှာ လင်းယုန်ငှက်ရုပ်တုကို သွားရှာကြချိန်မှာတော့...အနိုင်ကျင့်သူနဲ့ အနိုင်ကျင့်ခံရသူကနေ သခင်နဲ့ ကျွန်အဖြစ်ကို ရောက်ခဲ့ကြတဲ့သူတို့နှစ်ယောက် တစ်ဖန် ရန်သူတွေဖြစ်သွားကြမလား...ဆိုတာစိတ်ဝင်စားဖွယ် ကြည့်ရှုရမယ့် Adventure / Action ဇာတ်ကားကောင်းလေးတစ်ကားပဲ ဖြစ်ပါတယ်... File size…2.35GB / 825MB Quality…Blu-Ray 1080p 5.1CH/ 720p Format…mp4 Duration….1h 54m Genre ..... Action ...
movie

The Eagle(2011)