Channel Myanmar

Dragos Bucur

Stuff and Dough (Marfa Si Banii) (2001) 7.3
Stuff and Dough (Marfa Si Banii) (2001) Marfa si banii ဆိုတာ ပစ္စည်း နဲ့ ငွေ ကို ရိုမေးနီးယားဘာသာစကားနဲ့ရေးထားတာပါ။ IMDb 7.3 အထိရရှိထားတဲ့ low budget film တစ်ခုပါ။ဇာတ်လမ်းအကျဉ်းကတော့...မိဘတွေကို အိမ်ဆိုင်ဖွင့်ကူရင်း တောက်တိုမယ်ရလုပ်ပြီး နေထိုင်နေတဲ့ အိုဗီဒူဆိုတဲ့ လူငယ်တစ်ယောက်ရှိတယ်။ အိုဗီဒူက မိဘတွေနဲ့ အိမ်ခွဲနေပြီး သူ့ရဲ့ကိုယ်ပိုင်ဈေးဆိုင်လေးကို ဖွင့်ချင်တာ။ ဒီလိုဖွင့်ဖို့က‌လည်း အရင်းအနှီးတစ်ခုကတော့ လိုနေတာမလို့ အကြံအစည်ကိုအကောင်အထည်မဖော်နိုင်သေး ဖြစ်နေတယ်။တစ်ရက်မှာတော့ အိုဗီဒူကို အဖိုးကြီးတစ်ယောက်က ၃ ၊ ၄ နာရီ‌ပဲမောင်းရမယ့် ခရီးတစ်ခုအတွက် မြိုးမြိုးမြက်မြက်ပေးဖို့ ကမ်းလှမ်းလာတယ်။ ဒီအလုပ်ကတော့ အိုဗီဒူတို့မြို့ကနေ တခြားမြို့ကို ပစ္စည်းပို့ပေးရမှာပါ။ နဂိုကတည်းက ပိုက်ဆံအချီကြီးရဖို့ စောင့်မျှော်နေတဲ့ အိုဗီဒူလည်း ဂွင်တွေ့သွားပြီ သူငယ်ချင်းအတွဲဖြစ်တဲ့ ဗာလီနဲ့ ဘက်တီ တို့ကိုခေါ်ပြီး ဗန်ကားလေးတစ်စီးနဲ့ ဘူကာရက်စ်မြို့ကနေထွက်ခွာလာခဲ့တယ်။ထုံးစံအတိုင်း လမ်းရောက်တော့မှ သယ်လာရတဲ့ပစ္စည်းတွေဟာ သာမန်ပစ္စည်းတွေမဟုတ်မှန်း သိလိုက်ရတဲ့နောက်မှာတော့ အိုဗီဒူတို့သူငယ်ချင်းသုံးယောက် ...
movie

Stuff and Dough (Marfa Si Banii) (2001)

The Way Back (2010) 7.3
The Way Back (2010)  ဒီရုပ်ရှင်ကို ဒါရိုက်တာ Peter Weirက နာမည်ကြီး ဝတ္ထု The Way Backရဲ့ စာရေးဆရာ ပိုလန်လူမျိုး reporter Slavomir Rawicz ရဲ့ကိုယ်တွေ့ဖြစ်ရပ်ကိုမှ နောက်ခံဇာတ်ကောင်တွေထပ်ထည့်ပြီး ရိုက်ကူးထားတာပါ။ Jim Sturgess, Colin Farrell, Ed Harris နဲ့ Saoirse Ronan တို့လို နာမည်ကြီးတွေ ဦးဆောင်ပါဝင်ထားပါတယ်။ Oscar nominationကို Best makeup နဲ့ဝင်ခဲ့ပေမယ့် The Wolfmanကို ရှုံးသွားခဲ့ပါတယ်။ ဒုတိယကမ္ဘာစစ်အတွင်း ပိုလန်နိုင်ငံကို ဆိုဗီယက်ကျူးကျော်ထားစဥ်မှာ စစ်အရာရှိငယ် Janusz Wieszczekက ဖမ်းဆီးထိန်းသိမ်းခံရပါတယ်။ဆိုဗီယက်တွေက သူ့ရဲ့အမျိုးသမီးကိုပါ ခေါ်ယူရိုက်နှက်စစ်ဆေးပြီး Januszကို စပိုင်လို့ အမည်တပ်ကာ နိုင်ငံရေးအကျဥ်းသားတွေကို ဖမ်းဆီးပြီး အလုပ်ကြမ်းအတင်းခိုင်းစေတဲ့ စနစ်ဖြစ်တဲ့ Gulagကိုကျင့်သုံးနေတဲ့ Siberiaက campတစ်ခုဆီပို့လိုက်ပါတယ်။ ရာသီဥတုက အင်မတန်အေးပြီး ဆိုးလွန်းတဲ့အထဲ အလုပ်ကြမ်းတွေမနားလုပ်ရပါတယ်။နှင်းကိုက်ဒဏ် ...
movie

The Way Back (2010)

Ride Along(2014) 6.2
Ride Along(2014) Ride Along(2014)===============ကယ်လ်ဗင်ဟာ့တ် လို့ပြောလိုက်တာနဲ့ မသိတဲ့သူတော့ ရှားမယ်ထင်ပါတယ်။ဒီတစ်ခါ ပရိတ်သတ်ကြီးအတွက် တကယ်ခွီရမယ့် 2014မှာ ထွက်ရှိခဲ့တဲ့ ရဲ အက်ရှင်ဟာသဇာတ်လမ်းလေး တင်ဆက်ပေးလိုက်ပါတယ်ဘန်ဟာ စာသင်ကျောင်းတစ်ခုမှာ လုံခြုံရေးအဖြစ် အလုပ်လုပ်ပြီး သူ့ရဲ့အားလပ်ချိန်တွေမှာတော့ ဂိမ်းတွေဆော့ပြီး ဘဝကို ပေါ့ပေါ့ပါးပါး ဖြတ်သန်းတတ်သူတစ်ယောက်ပါ။ ဘန်မှာ သိပ်ချစ်ရတဲ့အန်ဂျလာလို့ခေါ်တဲ့ ကောင်မလေးတစ်ယောက်လည်းရှိပါသေးတယ်။ သူတို့နှစ်ဦးဟာ လက်ထပ်ဖို့ အဆင်သင့်ဖြစ်နေကြတဲ့ စုံတွဲဖြစ်ပါတယ် ဒါပေမယ့် ပြသနာကတော့ အန်ဂျလာရဲ့ အကို ဂျိမ်းစ်ပါ။ဂျိမ်းစ်ဟာ ရဲတစ်ယောက်ဖြစ်ပြီး သူ့ရဲ့အလုပ်ကို တာဝန်ကျေအောင်လုပ်သူတစ်ယောက်ပါ။ အမှုတစ်ခုကို နှစ်နဲ့ချီပြီး လိုက်တဲ့အထိ ဂျိမ်းစ်ဟာ ဇွဲရှိသူတစ်ယောက်ပါ။ ဂျိမ်းစ်က သူ့ညီမဖြစ်သူ အန်ဂျလာကို အရမ်းချစ်ပြီး ယောက်ဖလောင်းဖြစ်သူ ဘန်ကိုတော့ ကြည့်မရလို သဘောလည်းမတူပါဘူးတစ်နေ့တော့ ဘန်တစ်ယောက် အတ္တလန်တာ ရဲသင်တန်းကျောင်းကို ဝင်ခွင့်ရသွားခဲ့ပါတယ်။ဒီအကြောင်းကို ဂျိမ်းစ်ကို ပြောပြလိုက်တဲ့အခါမှာတော့ ဂျိမ်းစ်ဟာ ဘန်ကိုရဲတစ်ယောက်ဖြစ်ရန် ထိုက်တန်သလားဆိုတာ ဆုံးဖြတ်ဖို့ သူကင်းလှည့်စဉ်မှာအကူအဖြစ်နဲ့ ခေါ်ဖို့ ...
movie

Ride Along(2014)