Channel Myanmar

Drew Henderson

Candid About Love (2023) 6.1
Candid About Love (2023)  အချစ်ကားကောင်းကောင်းလေး ကြည့်ချင်တယ်ဆိုရင်တော့2023 ခုနှစ်က ထွက်ထားတဲ့ Candid About Love ဆိုတဲ့Romance ကားလေးကို ကြည့်စေချင်ပါတယ်။ဒီဇာတ်ကားထဲမှာ လော်ရာဆိုတဲ့ ဓာတ်ပုံဆရာမ အရမ်းဖြစ်ချင်နေတဲ့ အမျိုးသမီးချောချောလေးတစ်ယောက်ကဓာတ်ပုံပြခန်း နေရာအသစ်မှာ သူ့ရဲ့ ပုံတွေ ပြခွင့်ရဖို့အတွက်ကြိုးစားနေတာကို အဓိက ကြည့်ရှုရမှာဖြစ်ပါတယ်။ ဒါပေမဲ့သူ အလုပ်လုပ်နေတဲ့ ပြခန်းမှာ နာမည်ကြီး ဓာတ်ပုံဆရာ ရှိန်းရဲ့ဓာတ်ပုံတွေ ပွဲဦးထွက်ပြသဖို့ သူ့အနေနဲ့ ဆွဲဆောင်နိုင်မှ ရမှာဖြစ်ပါတယ်။ခက်တာက ရှိန်းဆိုတဲ့ ဓာတ်ပုံဆရာက ဓာတ်ပုံလောကထဲကနေပျောက်သွားတာ ဆယ်နှစ်လောက်ရှိနေတာပါ။ ဆယ်နှစ်လောက်ဓာတ်ပုံ မရိုက်တဲ့ ဓာတ်ပုံဆရာကို လော်ရာ တစ်ယောက်ဘယ်လိုမျိုး ဆွဲဆောင် သိမ်းသွင်းမလဲ ဆိုတာကတော့ဒီ ရိုမန်တစ်ကားလေးထဲမှာ အချိန် ကုန်လို့ ကုန်မှန်း မသိအောင်စီးမျောရင်း ခံစားကြည့်ရှုကြရမှာပဲ ဖြစ်ပါတယ်။ File size…1.62GB / 776MB Quality…WEB-DL 1080p / 720p Format…mp4 Duration….1h 26m Genre …..Romance, Comedy, Family Subtitle….Myanmar Subtitle ...
movie

Candid About Love (2023)

An Easter Bloom (2024) 6.3
An Easter Bloom (2024)  အမန်ဒါဆိုတဲ့ ကောင်မလေးတစ်ယောက် ဆုံးသွားတဲ့ ဖအေဖြစ်သူဆီက ရခဲ့တဲ့ပျိုးခင်းလေးကို တာဝန်ယူလုပ်ကိုင်နေတဲ့အချိန် ကံဆိုးမှုတွေ ဆက်တိုက်ဆိုသလို ဝင်လာတယ်။ ရေခဲပြီး နွေမဝင်သေးတဲ့အတွက် ပျိုးခင်းတွေဟာ အီစတာမတိုင်ခင် မဖူးပွင့်လာပဲ ရှိနေတယ်။ ပျိုးခင်းနေရာကို ပိုက်ဆံပေး ဝယ်ယူလိုသူတွေလည်း ရှိနေတယ်။ဘဏ်ကနေချေးငွေ လျှောက်ပေမဲ့လည်း ရောင်းကြေးနည်းလို့ ချမပေးတဲ့အပြင် ပိတ်သိမ်းကြောင်း အကြောင်းကြားစာ ပို့ထားတယ်။ ဒီအချိန်မှာ ပျိုးခင်းနားကို ကားပျက်သွားတဲ့ အမျိုးသမီးကြီးတစ်ယောက်ကို ကူညီပေးလိုက်တော့ သူက ပန်းအလှဆင်သမားဟောင်းဖြစ်ပြီး အမန်ဒါကိုလည်း ဒီပညာတွေ သင်ပေးမယ် နှစ်ပတ်လည် ပန်းအလှဆင်ပြိုင်ပွဲ ဝင်ပြိုင်ပေါ့လေ။အစကတော့ အင်တင်တင်ဖြစ်နေပေမဲ့ ပြိုင်ပွဲဆုကြေး ၂ သောင်းက သူတို့ခြံလေးကို ကယ်တင်ပေးနိုင်မယ်ဆိုတာသိပြီး အနိုင်ရဖို့ ကြိုးစားပါတော့တယ်။ ဒီမှာတင် ဘုရားကျောင်းကို ဖခင်ဆုံးပါးကတည်းက မသွားတတ်တဲ့ အမန်ဒါတစ်ယောက် သင်းအုပ်ဆရာအသစ်လေးနဲ့တွေ့ဆုံပြီး ဘာတွေပြောင်းလဲသွားဦးမလဲဆိုတာပဲ ကြည့်ရမှာ ဖြစ်ပါတယ်။ File size…(1.6 GB)/(900 Mb) Quality….Webrip 1080p / ...
movie

An Easter Bloom (2024)

The Wedding Cottage (2023) 7.1
The Wedding Cottage (2023)  မင်္ဂလာပွဲစီစဉ်သူတစ်‌ ယောက်ဖြစ်တဲ့ ဗန်နက်ဆာ ဒွိုင်းကတော့ မင်္ဂလာပွဲစီစဉ်ပေးရတဲ့ အလုပ်ကိုမလုပ်တော့ပဲ အမေရိကန်တစ်နိုင်ငံလုံးမှာ မင်္ဂလာပွဲနဲ့ပတ်သတ်ရင် အကုန်ဖြည့်ဆည်းပေးနိုင်နဲ့ Tying the Knot ဆိုတဲ့ လုပ်ငန်းကိုစပြီး လုပ်ခဲ့ပါတယ်။ သူ့ရဲ့ လုပ်ငန်းအသစ်လေး လူသိများဖို့အတွက်ရော၊ သူ့နောက်ဆုံး စီစဉ်ပေးရတဲ့ မင်္ဂလာပွဲလေးပါဖြစ်ဖို့အတွက် ပြိုင်ပွဲတစ်ခုလုပ်ပြီး ကိုက်ညီတဲ့ စုံတွဲကိုရွေးချယ်ခဲ့ရာမှာ၊ သတို့သားဖြစ်သူက စစ်သားဖြစ်နေတာကြောင့် နိုင်ငံခြားကို နှစ်လအတွင်းသွားရတော့မှာဖြစ်လို့ မင်္ဂလာပွဲကိုလည်း ငါးပတ်အတွင်းအပြီးစီစဉ်ရဖို့ဖြစ်လာခဲ့ပါတယ်။ရွေးချယ်ခံရတဲ့စုံတွဲရဲ့ ဆုံးဖြတ်ချက်အတိုင်း မင်္ဂလာနေရာကို ဗာမွန့်မြို့က မင်္ဂလာဆောင်အိမ်လေးမှာ မင်္ဂလာပွဲ စီစဉ်ပေးရတော့မှာဖြစ်ပေမဲ့ အိမ်လေးကပိတ်သွားခဲ့တာ ငါးနှစ်ကျော်နေခဲ့ပါပြီ။ ဒီလိုနဲ့ ဗန်နက်ဆာကိုယ်တိုင် ဗာမွန့်ကိုလိုက်သွားပြီး အိမ်ပိုင်ရှင်တစ်ဖြစ်လည်း၊ နာမည်ကြီးပန်းပုပညာရှင် အီဗန် စတန်းဖို့ကို အိမ်လေးပြင်ဆင်ခွင့်ပေးပြီး မင်္ဂလာပွဲလုပ်ခွင့်‌ပေးဖို့ တောင်းဆိုပါတော့တယ်။ တိတ်ဆိတ်ငြိမ်သက်တဲ့နေရာ‌မှာ အေးအေးချမ်းချမ်းအလုပ်လာလုပ်တဲ့ အီဗန်ကတော့ အစပိုင်းမှာငြင်းပေမဲ့ ဇွဲအရမ်းကောင်းတဲ့ ဗန်နက်ဆာကြောင့် နောက်ဆုံးမှာ အိမ်ပြင်ခွင့်ပေးလိုက်ရပါတော့တယ်။ဒီလိုနဲ့ ဗန်နက်ဆာနဲ့ အီဗန်တို့နှစ်ယောက် တဖြည်းဖြည်းနီးစပ်လာခဲ့ကြပြီး မင်္ဂလာပွဲစီစဉိပေးရတဲ့သူနဲ့ အကြံအိုက်နေတဲ့ ...
movie

The Wedding Cottage (2023)