Channel Myanmar

Drew Pollock

The Adventures of Jurassic Pet 2: The Lost Secret (2023) 6.1
The Adventures of Jurassic Pet 2: The Lost Secret (2023)   IMDB 6.1/10 ရရှိထားတဲ့ ဒီ Adventure/Family အမျိုးအစား ဇာတ်ကားလေးကိုတော့ လူသားကမ္ဘာနဲ့ ဒိုင်နိုဆောတို့ရဲ့ကမ္ဘာကို ခြားထားတဲ့ ဆန်းကြယ်တဲ့ တံခါးတစ်ချပ်ကနေ အစပြုထားပါတယ်။လပြည့်နေ့ပြီး နောက်တစ်ရက်ရောက်တိုင်းမှာ ဟိုဘက် ဒီဘက် ကမ္ဘာနှစ်ခုကိုဆက်ထားတဲ့ တံခါးတစ်ချပ်က တစ်ရက်တာပွင့်လာတတ်ပြီး အဲဒီတံခါးကိုစောင့်ကြပ်ရသူကတော့ ဝင်ဒီရဲ့အဘွား တက်ဒရီနာပဲဖြစ်ပါတယ်။ ဒိုင်နိုဆောတွေနဲ့ ရင်းနှီးကျွမ်းဝင်စွာ တစ်လတစ်ခါ သွားသွားတွေ့လေ့ရှိတဲ့ ဝင်ဒီတို့နှစ်ယောက်ရဲ့ ဘဝလေးထဲကို ကာတစ်ဆိုတဲ့ မိဘမဲ့ဂေဟာက ကောင်လေးက ခရစ်စမတ်စ်ပိတ်ရက်အချိန်မှာ အလည်ရောက်လာခဲ့ချိန်မှာတော့ သူတို့ရဲ့ လျှို့ဝှက်ကမ္ဘာလေးက အပြောင်းလဲကြီးပြောင်းလဲသွားခဲ့ပါတော့တယ်။ကာတစ်သိသွားတဲ့အချိန်မှာ တိုက်ဆိုင်စွာနဲ့ပဲ ဒိုင်နိုဆောပေါက်လေး ဂျူနီယာကလည်း ဒိုင်နိုဆောကမ္ဘာဆီမပြန်ဘဲ သူတို့နောက်လိုက်လာရင်း ဒီဘက်လူသားကမ္ဘာမှာ သောင်တင်နေခဲ့ရာမှာတော့ တစ်လတာ တံခါးပြန်ပွင့်ဖို့စောင့်ရင်း ဒိုင်နိုဆောငယ်လေးအကြောင်းကို ဘယ်သူမှသိမသွားအောင် ဖုံးကွယ်ထားဖို့ဖြစ်လာခဲ့ပါတော့တယ်..ချစ်ဖို့ကောင်းပြီး စကားပါ ပြောတတ်တဲ့ ဒီဒိုင်နိုဆောပေါက်လေးအကြောင်း ဘယ်သူမှမသိအောင် ကာတစ်နဲ့ ဝင်ဒီတို့နှစ်ယောက် ပိပိရိရိ ဖုံးကွယ်နိုင်ပါ့မလားဆိုတာကိုတော့ ဇာတ်လမ်းလေးထဲမှာပဲ ကြည့်ရှုခံစားလိုက်ကြပါဦးနော်...(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ကတော့ Emily ပါ) File size…(1.3 GB)/(700 Mb) Quality….Webrip ...
movie

The Adventures of Jurassic Pet 2: The Lost Secret (2023)

Deadly Misconduct (2021) 5.8
Deadly Misconduct (2021) Deadly Misconduct (2021)====================IMDb Rating - 5.8/10ဒီတစ်ခါမှာတော့ စုံစမ်းရေးမှူး အလန်းစားလေး ပါဝင်ထားတဲ့ မှုခင်းကားလေးကို တင်ဆက်ပေးချင်ပါတယ်။အန်နီဟာ စုံစမ်းရေးမှူးတစ်ယောက်ဖြစ်ပြီး ပြည်နယ်တစ်ခုလုံးရဲ့လက်ထောက်စုံစမ်းရေးမှူးဖြစ်ဖို့အတွက်အလားအလာကောင်းများစွာ ရှိနေတဲ့သူပါ။ ဒီလို အရည်အချင်းနဲ့ ပြည့်စုံနေတဲ့ အန်နီအတွက် သူ့သမီးလေးကတော့အရာရာပါပဲ။သူ့ချစ်သူ မာ့ခ်ရဲ့ ဖောက်ပြန်မှုကို သိသွားပြီးတဲ့နောက်ဖြေရှင်းကြတဲ့ခါမှာ သမီးလေးကိုသာ ကမ္ဘာထင်နေတဲ့ အန်နီဟာသူ့ရဲ့ ချစ်သူမာ့ခ်အပေါ်မှာတော့ အချိန်မပေးနိုင်တဲ့အတွက်ကြောင့်ပဲနှစ်ဦးသား လမ်းခွဲလိုက်ကြပါတယ်။တစ်ဖက်မှာလည်း လာဆန်က အန်နီနဲ့ ပြိုင်ဘက်ရှေ့နေတစ်ယောက်ပါ သူဟာ ဥပဒေအသိုင်းအဝိုင်းမှာ အသပြာရှေ့နေအဖြစ် နာမည်ကြီးသူဆိုရင်လည်း မမှားပါဘူး။ တစ်နေ့ အန်နီတစ်ယောက် အကြောင်းအမျိုးမျိုးကြောင့် လာဆန်အိမ်မှာတစ်ညအချိန်ကုန်မိသွားပြီး နိုးလာတဲ့ချိန်မှာ လာဆန်တစ်ယောက်သေဆုံးနေတာကို တွေ့လိုက်ပါတော့တယ်။အန်နီကလည်း ဒီအမှုကို စုံစမ်းဖို့ တာဝန်ကျလာတဲ့အခါ... လာဆန်ကို သတ်တဲ့တကယ့်တရားခံအစစ်ကဘယ်သူလဲ...လူသတ်သမားက အန်နီကို ဒုက္ခပေးချင်တာလား... ဘာကြောင့် ဒီလိုတွေဖြစ်ခဲ့လဲဆိုတာ စိတ်ဝင်စားဖွယ် စောင့်ကြည့်ရမဲ့Thriller ဇာတ်လမ်းလေးဖြစ်ပါတယ်။(ဒီဇာတ်လမ်းရဲ့ အညွှန်းကို Shwe Pyaeမှရေးသားပေးပြီး၊ ဘာသာပြန်ရေးသားပေးသူများကတော့ F&R ...
movie

Deadly Misconduct (2021)

2021