Channel Myanmar

Drew Van Acker

Last Survivors (2022)
Last Survivors (2022) တတိယကမ္ဘာစစ်ကြီးဖြစ်ပြီးလို့ ပျက်ကပ်ဆိုက်နေတဲ့ကမ္ဘာကြီးမှာ ထရွိုင်နဲ့ဂျိတ်တို့ သားအဖနှစ်ယောက်တည်း တောထဲကအိမ်ကလေးမှာနေကြပါတယ်။ဂျိတ်ငယ်ငယ်လေးတည်းက တောထဲမှာအမဲလိုက်ပြီးဖြစ်သလိုနေထိုင်ကြပြီး သူ့အဖေက သူစိမ်းမှန်သမျှကို ရန်သူလို့သတ်မှတ်ကာ ပစ်သတ်ပါတယ်။အပြင်‌လောကမှာ လူဆိုးတွေပဲကျန်တာဖြစ်လို့ ဘယ်သူ့ကိုမှမယုံဖို့ သူ့အဖေက ဂျိတ်ကိုသင်ကြားထားပါတယ်။တစ်ရက်မှာတော့ သူ့အဖေဒဏ်ရာရတာကြောင့် ဂျိတ်တစ်ယောက် ဆေးရှာထွက်ရင်း အမျိုးသမီးတစ်ယောက်ကို တွေ့လိုက်ပါတယ်။သူ့အဖေက အပြင်လူမှန်သမျှသတ်ဖို့ညွှန်ကြားပေမယ့် ဂျိတ်ကစူးစမ်းချင်စိတ်‌ကြောင့်ဒီအမျိုးသမီးနဲ့နီးစပ်လာပါတယ်။သူစိမ်းတစ်ယောက်ကိုဘယ်လောက်ယုံနိုင်မလဲ။ ကိုယ့်ကိုတစ်သက်လုံး ကာကွယ်နေတဲ့၊ကိုယ့်ကိုချစ်တဲ့သူကိုရော ဘယ်လောက်ယုံနိုင်မလဲ။ဒါရိုက်တာ Drew Mylrea ရိုက်ကူးထားတဲ့ Survival Thriller အမျိုးအစားဖြစ်ပြီး မင်းသမီးချော Alicia Silverstone နဲ့ အတူ Stephan Moyer,Drew Van Acker တို့ပါ၀င်ပေးထားပါတယ်။ File size…(1 GB)/(400 Mb)/(250 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:38:00 Genre...Scifi, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by SP
movie

Last Survivors (2022)

Spy Intervention (2019) 5.2
Spy Intervention (2019) 2020 မှ လောလောလတ်လတ် ထွက်ထားတဲ့စပိုင်ဟာသကားလေး။ပေါ့ပေါ့ပါးပါးလေးနဲ့ အပျင်းပြေကြည့်လို့အဆင်ပြေတဲ့ကားလေး။မင်းသားက လက်နက် ရဖို့ကြိုးစားနေတဲ့ လူဆိုးနောက်ကို လိုက်ရင်းမင်းသမီးနဲ့ တိုက်မိရင်း တွေ့ကြတယ်။လူဆိုးကတော့ အဲဒါကြောင့် လွတ်သွားတယ်။မင်းသားကတော့ မင်းသမီးကို စတွေ့ကတည်းကသဘောကျသွားတာကြောင့် သူ့အလုပ်ကိုပါ စွန့်လွှတ်ပြီးမင်းသမီးကို လက်ထပ်ဖို့ ကြိုးစားတော့တယ်။သူတို့လက်ထပ်ဖြစ်ပ်ီး မင်းသားက ပုံမှန်ဘဝမှာ အသားကျအောင်ကြိုးစားနေတဲ့အချိန်မှာ ဘာတွေ ဆက်ဖြစ်လာမလဲ။မင်းသမီးကရော မင်းသားအကြောင်းကို ဘယ်အချိန်မှာသိသွားမှာလဲ။သူ့အလုပ်မှာရော အဆင်ပြေပါ့မလား။အဲလို ရုန်းကန်နေရချိန်မှာ အရင်ကိစ္စတွေနဲ့ ပြန်လည် ပတ်သက်လာရတဲ့အခါမှာတော့......ဇာတ်လမ်းကတော့ သိပ်ထူးထူးဆန်းဆန်းမဟုတ်။မင်းသား မင်းသမီးကလည်း အရမ်းနာမည်ကြီးနေတာတွေ မဟုတ်ပေမယ့်သူ့ဇာတ်လမ်း ဇာတ်ကွက်လေးနဲ့ ကြည့်လို့တော့ အဆင်ပြေပါတယ်။Low budget ဆိုတော့ တချို့နေရာတွေ CGI ထည့်ထားတာတွေတော့ သိပ်မကောင်း။ဒါပေမယ့် ပေါ့ပေါ့ပါးပါး ...
movie

Spy Intervention (2019)