Channel Myanmar

Du Jianqiao

Northeast Zoo ( 2023 ) 6
Northeast Zoo ( 2023 ) ဒီနေ့မှာတော့ CM က ပရိတ်သတ်ကြီးကို ဘဝအမောတွေပြေစေဖို့ ပေါ့ပေါ့ပါးပါး ဟာသကားလေးတစ်ကားနဲ့မိတ်ဆက်ပေးပါရစေရှင် ။“ မြို့ကိုတက်ပြီးအလုပ်လုပ်နေပေမဲ့ အလုပ်မှာ အဆင်မပြေမှုတွေနဲ့ ရင်ဆိုင်နေရသူ ၊ ဖခင်ဖြစ်သူဟာ လျောင်ခရိုင်မှာ တိရိစ္ဆာန်ရုံတစ်ခုကိုဖွင့်လှစ်ထားပေမဲ့ ၎င်းတိရိစ္ဆာန်ရုံကို ဦးစီးဖို့ နည်းနည်းလေးမှ စိတ်ကူးမရှိသူ ၊ ဖခင်နဲ့လဲ ဆက်ဆံရေး အဆင်မပြေသူ - စွင်းရှောင်ဟူ ”တစ်နေ့မှာတော့ ရင်းနီးမြှုပ်နှံသူတစ်ချို့ဟာ စွင်းရှောင်ဟူ ဖခင်ရဲ့ တိရိစ္ဆာန်ရုံကို စီးပွားရေးနယ်ချဲ့ဖို့အတွက် မျက်စိကျနေခဲ့ကာ တိရိစ္ဆာန်ရုံမြေနေရာကို လက်ဝါးကြီးအုပ်ဖို့ ကြံစည်လာခဲ့ပါတယ် ။အဲဒါနဲ့ပဲ အလုပ်အကိုင် / ငွေကြေးအဆင်မပြေတဲ့ စွင်းရှောင် ဟူကို ငွေနဲ့ဖျားယောင်းကာ တိရိစ္ဆာန်ရုံရဲ့ စီးပွားရေးဖျက်ဆီးပစ်ပြီး မြေနေရာကို ဖယ်ခိုင်းခဲ့ပါတယ် ။ ဖခင်အပေါ်လဲ စိတ်ကျေနပ်မှုမရှိတဲ့ စွင်းရှောင်ဟူဟာ ဒီသဘောတူညီချက်ကိုလက်ခံပြီး တိရိစ္ဆာန်ရုံကို ဖျက်ဆီးပစ်ဖို့ စီစဥ်လာခဲ့ပါတော့တယ် ။❏ စွင်းရှောင်ဟူတစ်ယောက် ဖခင်ဖြစ်သူကိုဘယ်လိုရင်ဆိုင်မှာလဲ ? ❏ တိရိစ္ဆာန်ရုံဖျက်ဆီးပြစ်ဖို့ အကြံကရော အောင်မြင်နိုင်ပါ့မလား ? ❏ သူ့အပေါ်ဆို ဘယ်အရာနေနေ သစ္စာရှိကြတဲ့ သူငယ်ချင်းတွေကရော သူ့လုပ်ရပ်အတွက် ခွင့်လွှတ်နိုင်ပါ့မလား ? ❏ ဘယ်လိုအလွဲလွဲ ...
movie

Northeast Zoo ( 2023 )

The Desert Dragon ( 2021 ) 5.9
The Desert Dragon ( 2021 ) ထန်မင်းဆက် နောက်ဆုံးအုပ်ချုပ်သည့် ခေတ်ကာလအချိန်...., ခွန်းလွင် တောင်ထိပ်မှာရှိတဲ့ ခွန်းဝူအဆောင်တော်မှ အကြီးအကဲ ဟွမ်ဖူ ဟာ နတ်ဆိုးဂိုဏ်းသားတွေ နဂါးရဲ့သွေးကြောကို ဖျက်ဆီးနေပြီလို့ ခံစားမိတဲ့အတွက်ကြောင့် တပည့်တွေကိုခေါ်ဆောင်ပြီး နှစ်တစ်ထောင်သက်တမ်းရှိတဲ့ သစ်ပင်နတ်ဆိုးကို တိုက်ခိုက်ဖို့ဦးဆောင်ခဲ့ပါတယ်သစ်ပင်နတ်ဆိုးဟာ ရွှမ်းယင်ပုလဲကို စုပ်ယူပြီးတဲ့နောက်မှာ သူတို့ရဲ့ ခွန်းဝူနန်းဆောင်တော်ကို ဖျက်ဆီးတိုက်ခိုက်မှာစိုးရိမ်တာကြောင့် အကြီးအကဲဟွမ်ဖူဟာ ဖေးလျို လမ်းစဥ်ကိုအသက်သွင်းပြီး ဆန့်ကျင်ခဲ့ပါတော့တယ် အဲဒီနောက်မှာတော့ ဂိုဏ်းရဲ့တပည့်တွေဖြစ်ကြတဲ့ ရွှင်ထူနဲ့ ချူလင်အာ တို့ကို ရွှမ်းယင်ပုလဲမရရှိခင်မှာ သစ်ပင်နတ်ဆိုးကို ​ချေမှုန်းဖို့ ဖန်ရှစ်မြို့တော်ကိုစေလွှတ်ခဲ့ပါတယ် အဲဒီခရီးလမ်းမှာပဲ ရွှင်ထူနဲ့ ချူလင်အာ တို့ဟာ ကလေကချေကောင်လေး လီယွမ်ကျီးနဲ့ တွေ့ဆုံဖို့ ကံကြမ္မာဖန်လာခဲ့ပါတော့တယ် ဒီတော့သူတို့တွေဟာ နတ်ဆိုးတွေကို နှိမ်နင်းတားဆီးဖို့ လမ်းကြောင်းမှာ အတူတူရင်ဆိုင်လာကြရင်း -❐ ဘာတွေဆက်ပြီးဖြစ်ကြမှာလဲ? ❐ ရင်ဆိုင်ရ/စတေးရမှုတွေ ရှိလာတဲ့အခါမှာရော သူတို့တွေဘယ်လိုကျော်ဖြတ်ကြမလဲ ? ❐ နတ်ဆိုးတွေရဲ့ ဒဏ်ကို အလူးအလဲခံနေရတဲ့ အပြစ်မဲ့ပြည်သူတွေကိုရော ကယ်တင်နိုင်ပါ့မလား ? ဆိုတာ စိတ်ဝင်စားဖွယ်ကြည့်ရှုရမဲ့ ဇာတ်ကားလေးတစ်ကားပဲဖြစ်ပါတယ် Action, Historical နဲ့ Fantasy အမျိုးအစားလေးတွေကို ကြိုက်နှစ်သက်တဲ့သူတွေအနေနဲ့ကတော့ ဒီကားလေးက အကြိုက်တွေ့စေမှာအမှန်ပါပဲရှင် [Reviewed By Chit Mya Mya Hmwe] Quality : WEB-DL 1080p ...
movie

The Desert Dragon ( 2021 )

Wolf Warrior 2 (2017) 6.0
Wolf Warrior 2 (2017) စစ်ပွဲနောက်ခံ အက်ရှင်ဇာတ်ကားသစ် Wolf Warriors II သည် တရုတ်နိုင်ငံအတွင်း၌ ရုံဝင်ငွေအများဆုံး ရရှိသော ဇာတ်ကားတစ်ကားဖြစ်လာပြီး ရုံတင်ပြသခဲ့သည့် ၁၂ရက်အတွင်း ယွမ်ငွေ ၃.၄၄ ဘီလျံ (ဒေါ်လာ ၅၀၆ သန်း) ခန့် ရရှိခဲ့သောကြောင့် အအောင်မြင်ဆုံး ရုပ်ရှင်တစ်ကားဖြစ်လာသည်။အဆိုပါဇာတ်ကားကို မင်းသားဝူကျင်းက ဒါရိုက်တာအနေနှင့်ရော ခေါင်းဆောင်မင်းသားအနေဖြင့်ပါ ဦးဆောင် ရိုက်ကူးထားပြီး သူနှင့်အတူ အခြားသရုပ်ဆောင် ကြယ်ပွင့်များဖြစ်ကြသော ဖရန့်ခ်ဂရီလို၊ ဆယ်လီနာဂျိတ်၊ ဝူဂန်းနှင့် ကျန်ဟန်တို့က ပါဝင်သရုပ်ဆောင်ထားကြသည်။ထိုရုပ်ရှင်သည် အာဖရိကန်စစ်ပွဲဇုံအတွင်းသို့ အမှတ်မထင်ရောက်ရှိသွားသော တရုတ်စစ်သားများ အနေဖြင့် လူ့အသက်ပေါင်းများစွာကို ကယ်တင်ရပုံအား ဇာတ်အိမ်တည်ထားခြင်း ဖြစ်သည်။Wolf Warriors II ကို လွန်ခဲ့သောဇွန်လ ၂၇ ရက်နေ့က စတင်ပြသခဲ့ပြီး တရုတ်နိုင်ငံရုံဝင်ငွေဇယားတွင် ထိုနေ့ကတည်းက ထိပ်ဆုံးမှဦးဆောင်နိုင်ခဲ့သည်။ ဒါ့အပြင် ယနေ့အချိန်ထိ ရရှိခဲ့သော ရုံဝင်ငွေမှတ်တမ်းများ အရ ထိုဇာတ်ကားသည် ပြီးခဲ့သောနှစ်က ...
movie

Wolf Warrior 2 (2017)

2017