Channel Myanmar

Duo Ba

Golden Robbery ( 2023 ) 5.9
Golden Robbery ( 2023 ) ဒီတစ်ခေါက်တော့ CM ပရိသတ်တွေအတွက် ဟာသလေးနှောထားတဲ့ မှုခင်းကားလေးတစ်ခုကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့-ရဲစခန်းလုံခြုံရေးအစောင့်မာတာနဲ့ သူ့ရဲ့ရည်းစာချောလေး လျိုစီးကျားတိုဟာ သာမန်ဘဝကို ဖြတ်သန်းနေကြတဲ့ စုံတွဲလေးတစ်တွဲပဲ ဖြစ်ပါတယ်။ တစ်နေ့မှာ တစ်စုံတစ်ယောက်က မာတာရဲ အဖေဆိုပြီး ဖုန်းဆက်လာခဲ့ပါတယ်။နှစ် ၂၀ လောက် ပျောက်သွားခဲ့တဲ့ အဖေက ရုတ်တရက် ပြန်ပေါ်လာတဲ့အချိန်ကစ မာတာရဲ့ အေးချမ်းတဲ့ ဘဝကြီးက စတင်ရှုပ်ထွေးလာပါတော့တယ်။ ယဉ်ကျေးမှုအမွေအနှစ်ပစ္စည်းမှောင်ခိုမှု၊ သင်္ချိုင်းဖောက်မှု၊ ရဲအတု အစစ်တွေနဲ့ ဘယ်လို အရှုပ်တွေ ဖြစ်မလဲဆိုတာကို Golden robbery ဆိုတဲ့ ဇာတ်လမ်းလေးကို ကြည့်ရှုလိုက်ပါနော်။ [ Reviewed By Moon ] Quality : WEB-DL 1080p , 480p Format : mp4 Genres : Comedy , Mystery Runtime : 1h 10 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Encoded by ...
movie

Golden Robbery ( 2023 )

A Sealed Book ( 2022 ) 6
A Sealed Book ( 2022 ) ဟိုးတစ်ချိန်တစ်ခါက လောကကြီး တစ်ခုလုံးဟာအလင်းရောင်တွေ ပျောက်ကွယ်သွားပြီး အမှောင်ထုဖုံးလွှမ်းသွားခဲ့ပါတယ် ။ ဒီတော့ အနယ်နယ်အရပ်ရပ်မှာရှိတဲ့လူတွေဟာ အမှောင်ထုဖုံးလွှမ်းသွားရခြင်းရဲ့ အကြောင်းပြချက်ကို ရှာဖို့ကြိုးစားခဲ့ကြပါတယ် ။အဲ့ဒီအထဲကမှ ရဲအရာရှိလေး ရှောင်ဝူလဲ အပါအဝင်ပါ ။ အမှောင်ထုဖုံးလွှမ်းရခြင်းရဲ့ အကြောင်းပြချက်ကို ရှာပြီး သူဟာ လောကရဲ့ သူရဲကောင်းဖြစ်ချင်နေခဲ့တာပါ ။ သူတို့တွေ ခရီးဆက်လာခဲ့ပြီး လမ်းတစ်ထောက်မှာတော့ အမှောင်ထုဖုံးလွှမ်းရခြင်းဟာ ရှေးခေတ် ထူးဆန်းလှတဲ့ ကောင်းကင်ဘုံစာအုပ်ကြောင့်ဖြစ်ပြီး အဲ့ဒီစာအုပ်ဟာ မြေအောက်နန်းတော်ကနေ ပျောက်ဆုံးနေခဲ့ပါတယ် ။မြေအောက်နန်းတော်က လူတွေဟာ မသေမျိုးတွေဖြစ်ပြီး အဲ့ဒီထူးဆန်းစာအုပ်ဟာလဲ အဘယ်သူကမှ ရယူနိုင်ခြင်းမရှိတဲ့ အခါမှာ ...? ❏ လောကကို ဖုံးလွှမ်းနေတဲ့ အမှောင်ထုကြီးကို သူတို့တွေ ဖြိုဖျက်နိုင်ပါ့မလား ? ❏ ဒီကိစ္စကြီးဟာ ရှောင်ဝူ နဲ့ပါ သက်ဆိုင်နေတဲ့အခါ နောက်ကွယ်က အမှန်တရားဟာ ဘာများဖြစ်မလဲ ❏ သူရဲကောင်းဖြစ်ချင်ရှာတဲ့ ရှောင်ဝူတစ်ယောက် အဖြစ်မှန်ကို ရှာပေးပြီး လောကအတွက် အလင်းဆောင်ပေးနိုင်ပါ့မလား ? ဆိုတာ ဒီဇာတ်ကားလေးကို ကြည့်ရှုလိုက်ရအောင်ပါနော် ။ [Reviewed By Chit Mya Mya Hmwe] Quality : WEB-DL ...
movie

A Sealed Book ( 2022 )

Once Upon a Time in Shanghai (2014) 6.7
Once Upon a Time in Shanghai (2014)  ၂၀၁၄ခုနှစ်က ထွက်ရှိခဲ့တဲ့ အမှန်တကယ်ကြုံးတဲ့ တရုတ်အက်ရှင်ကား​ဟောင်း ကား​ကောင်းတစ်ကားကို တင်ဆက်​ပေးချင်ပါတယ်။ ဂျပန်​ခေတ် တရုတ်နိုင်ငံရှန်ဟိုင်းမြို့ကို​ ​နောက်ခံထားပြီး ဂိုဏ်း​တွေ ဂိုဏ်း​ခေါင်း​ဆောင်​တွေရဲ့ ပိုင်နက်အရှုပ်​တော်ပုံ​တွေကြားက ကွန်ဖူးပညာပြခန်း​တွေကို တစ်ဝကြီးကြည့်ရှုရမှာပါ။ ဖက်တီးမင်းသားလို့ ကျွန်​တော်တို့​ခေါ်ကြတဲ့ Sammo Hungလည်း ပါဝင်ထားပါတယ်။ IMDbက​တော့ 6.7ပါ။၁၉၃၀ပြည့် တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့ဟာ လူတိုင်းအတွက် နိဗ္ဗာန်ဘုံ တစ်ခုဆိုသလိုပဲ ကြီးပွားချမ်းသာချင်သူ​တွေ လာကြတဲ့မြို့ကြီးပါ။ ဒါ​ပေမဲ့ အလွှာ​ပေါင်းစုံ၊ လူ​ပေါင်းစုံရှိ​နေတဲ့ မြို့ကြီး ဖြစ်​နေတာ​ရယ် ​​ခေတ်မီတိုးတက်သ​လောက် ဒုစရိုက်မှု၊ ခေါင်းပုံဖြတ်မှု​​တွေ အ​​တော် များတာရယ်​ကြောင့် ​ကောင်းစားသွားသူထက် လက်​လျော့သွားသူ၊ အသက်​ပေးလိုက်ရသူ​တွေက ပိုများ​နေတာပါ။မာ​ဝေကျင်းဆိုတဲ့ ​ကောင်​လေးတစ်​ယောက်ကလည်း ရှန်ဟိုင်းမြို့ကို ကြီးပွားချင်တဲ့စိတ်နဲ့ ​ရောက်လာခဲ့သူပါ။ ရှန်ဟိုင်းမြို့ကြီးမှာ ကြုံရာ အလုပ်​​တွေ ဝင်လုပ်ရင်း ရှန်ဟိုင်းရဲ့ ဒိတ်ဒိတ်ကြဲ ဂိုဏ်း​ခေါင်း​​ဆောင် ​လောင်ကျဲနဲ့ သွားဆုံမိပါတယ်။ ​ ဂိုဏ်း​ပေါင်းစုံရဲ့ ဘုံရန်သူ ဖြစ်​နေတဲ့ ​လောင်ကျဲကလည်း ကွန်ဖူးထူးချွန်တဲ့ မာ​ဝေကျင်းကို တပည့်အဖြစ် ​မွေးလိုက်ပါတယ်။ ဒီလိုနဲ့ပဲ ​မာ​ဝေကျင်းနဲ့ ...
movie

Once Upon a Time in Shanghai (2014)