Channel Myanmar

Dylan Charles

Bad Santa (2002) 7.1
Bad Santa (2002)  ဒီတစ်ခါမှတော့ ဇာတ်လမ်းဇာတ်အိမ်ကောင်းကောင်းဇာတ်ကားလေးတွေကိုမှကြိုက်နှစ်သက်ပါတယ်ဆိုတဲ့ ကြည့်ရှုသူပရိတ်သတ်ကြီးကို ၂၀၀၃ခုနှစ်ကထွက်ရှိခဲ့တဲ့ Bad Santaဆိုတဲ့ ဇာတ်ကားလေးနဲ့မိတ်ဆက်ပေးပါရစေဒီဇာတ်ကားကိုဒါရိုက်တာTerry Zwigoffကပုံဖော်ရိုက်ကူးထားပြီး မင်းသား Billy BobThornton ,Tony Coxနဲ့မင်းသမီးLauren Grahamတို့က အဓိကပါဝင်သရုပ်ဆောင်ထားပြီးrating 7.1/10အထိရရှိထားပါတယ် ဒီဇာတ်ကားဟာ Artios Award ဆုကိုရရှိထားပြီးဝီလီအဖြစ်သရုပ်ဆောင်ထားတဲ့မင်းသား Billy Bob Thoronက အကောင်းဆုံးအမျိုးသားသရုပ်ဆောင်ဆုကိုရရှိထားပါတယ် ဇာတ်လမ်းအစမှာ အမြဲတမ်းမူးရူးသောက်စားနေတဲ့ဝီလီတစ်ယောက် ဘဝကိုစိတ်ပျက်လက်ပျက်လက်မှိုင်ချနေပုံတဲ့ စတင်ထားပါတယ်အဲ့နောက် သူငယ်ချင်းဖြစ်သူ မားကတ်နဲ့တွေ့ဆုံမိပြီး ခရစ်စမတ်ကိုငယ်ငယ်ကတည်းကမဆင်နွှဲခဲ့ရတဲ့ ဝီလီကဆန်တာကလော့စ်အဖြစ် သူငယ်ချင်းဖြစ်သူ မားကတ်ကနတ်သူငယ်လေးအဖြစ် ဟန်ဆောင်ပြီး ခရစ်စမတ်အကြိုနေ့ညရောက်တိုင်းမှာ ကုန်တိုက်က မီးခံသေတ္တာတွေကိုလိုက်ဖောက်လေ့ရှိကြပါတယ် နောက်ဆုံးရဲကမသင်ကာလို့လိုက်ဖမ်းရာကနေ ဝီလီကအဖွားနဲ့အတူတူနေတဲ့ အမေးအမြန်းထူတဲ့ မိတဆိုးကောင်လေးတစ်ယောက်နဲ့ ဆုံမိပါတယ်ဇာတ်လမ်းက မိတဆိုးကောင်လေးရဲ့ အမေးအမြန်းထူမှုတွေ သူငယ်ချင်းနှစ်ယောက်ကြားကပြောစကားတွေကြောင့် ကြည့်ရှသူပရိတ်သတ်ကို ဝါးလုံးကွဲအောင် ရယ်ရစေမှာ အမှန်ပါပဲအဲ့ဒီနောက်ကလေးတွေဆိုရင်သဘောမကျတတ်တဲ့ ဝီလီတစ်ယောက်ဘယ်လိုမျိုးပြောင်းလဲသွားမလဲဝီလီတို့သူငယ်ချင်းနှစ်ယောက် ကရော ရဲလက်ကနေ လွတ်အောင်ဘယ်လိုမျိုးရှောင်ပြေးကြမှာလဲခရစ်စမတ်နဲ့ပတ်သက်တဲ့ ဝီလီရဲ့သဘောထားကရော ဘယ်လိုရှိမလဲနောက်ဆုံးမှာဝီလီတစ်ယောက်ဘယ်လိုမျိုးပြုပြင်ပြောင်းလဲသွားမလဲ ဆိုတာဒီဇာတ်ကားလေးထဲမှာ ကိုယ်တိုင်ပဲ စီးမျောကြည့်ရှုလိုက်ပါဦး ဒီဇာတ်ကားက ...
movie

Bad Santa (2002)

Attack the Block (2011) 6.7
Attack the Block (2011)  ပရိသတ်ကြီးကို 2011 ကထွက်ရှိခဲ့တဲ့ Attack The Blockဆိုတဲ့ရုပ်ရှင်ကားလေးနဲ့မိတ်ဆက်ပေးလိုက်ပါတယ်။ဒီကားကတော့လူငယ်တွေပေါင်းပြီးအကောင်တွေကိုဆော်တာ ၊အမျိုးအမည်မသိသတ္တဝါတွေ ကမ္ဘာပေါ်ကျရောက်လာတာ ဂြိုဟ်သားကျူးကျော်တဲ့ကားတွေကြည့်ချင်သူတွေအတွက်တော့ အရွေးမမှားသင့်တဲ့ကားတစ်ခုပါ။ ဇာတ်လမ်းကတော့ ဒီလိုစပါတယ်။လန်ဒန်တောင်ပိုင်းက ဘရစ်စတွန်လို့ခေါ်တဲ့ မြို့ငယ်တစ်ခုမှာ တိုက်ခန်းတွဲကြီးတစ်ခုရှိပါတယ်။အဲ့ပတ်ဝန်းကျင်တစ်ဝိုက်မှာတော့ မိုးဇက် ၊ ပက်ဇ် ၊ ဂျရုန်း ၊ ဘစ်ဇ် ၊ ဒန်းနစ်လို့ခေါ်တဲ့ကလေးတစ်အုပ်ပါဝင်တဲ့ BLOCK အမည်ရအဖွဲ့က ဉာဉ့်နက်သန်းခေါင်တွေကျ ရပ်ကွက်ထဲကျင်လည်ရင်း ကြုံရင်ကြုံသလို ခိုးဆိုးလုနှိုက်နေတတ်ကြတဲ့ ကလေးတွေပါ။တစ်ရက်မှာ အလုပ်ကပြန်လာတဲ့​ဆမ်ဆိုတဲ့ သူနာပြုမလေးကို ဓားပြတိုက်နေကြတုန်း သူတို့နားကကားတစ်စီးဆီ ကောင်းကင်ပေါ်ကမီးလုံးကြီးတစ်ခုကျလာပါတယ်။ပစ္စည်းတစ်စုံတစ်ရာ ရလိုရငှားသွားကြည့်တော့ မျောက်ဝံသဏ္ဍာန်ကိုယ်ထည်နက်မှောင်နေတဲ့ အမျိုးအမည်မသိသတ္တဝါတစ်ကောင်က သူတို့ကိုရန်ပြုတိုက်ခိုက်ခဲ့ပါတယ်။မိုးဇက်တို့အဖွဲ့လည်း အခဲမကျေထိုသတ္တဝါကိုလိုက်လံနှိမ်နင်းပြီး ပိုက်ဆံရမယ်အထင်နဲ့ အကောင်သေကိုပြန်သယ်လာခဲ့ပါတယ်။ အကောင်ကိုတိုက်ခိုက်နိုင်ခဲ့လို့ပျော်ရွှင်မြူးထူးနေကြပေမဲ့ ပြဿနာက ဒီမှာတင်မဆုံးသေးပါဘူး။နောက်ထပ်အကောင်ပေါင်းမြောက်မြားစွာက သူတို့မြို့ကိုထပ်မံရောက်လာခဲ့ပါတယ်။ဒါပေမဲ့ ပွဲတော်ညဖြစ်ပြီးမီးရှူးမီးပန်းတွေ ဖောက်နေကြလို့ တခြားသူတွေအပြင် ရဲတွေတောင်ဒါကိုသတိမထားမိပါဘူး။တစ်ဖက်ကလည်း ဓားပြမှုကြောင့်ရဲလက်ကပြေးရင်းနဲ့ အကောင်တွေနဲ့ထပ်မံရင်ဆိုင်ရပါတော့တယ်။ ဒီလိုလူမသိ သူမသိကြားက အကောင်တွေကိုရင်ဆိုင်တိုက်ခိုက်နေရရင်း ထိုညအဖို့ အသက်ဘေးကနေဘယ်လိုလွတ်မြောက်အောင် ကြိုးစားကြမလဲ။ အကောင်တွေကိုအပြတ်ရှင်းပြီး သူတို့နေရာကို ...
movie

Attack the Block (2011)

Another Me(2013) 4.6
Another Me(2013) Game of thrones က ဆန်ဆာ စတာ့ခ်အဖြစ်သရုပ်ဆောင်ခဲ့တဲ့ Sophie Turnerရဲ့ဇာတ်ကားလေးတကားနဲ့မိတ်ဆက်ပေးချင်ပါတယ်။ဖေး ဒယ်လူ့စီဆိုတာ အရမ်းလှတဲ့ဆံပင်အနီရောင်နဲ့ အထက်တန်းကျောင်းသူလေး။ သူမရဲ့ပျော်ရွှင်စရာ မိသားစုဘ၀လေးတခုက လွန်ခဲ့တဲ့နွေရာသီ သူမရဲ့ ဖခင်နာမကျန်းစဖြစ်ခဲ့တာနဲ့အတူတူပြောင်းလဲသွားခဲ့ရတယ်။ကိုယ်တပိုင်းသေဖြစ်သွားတဲ့ယောကျာ်းဖြစ်သူကို စောင့်ရှောက်နေရတဲ့ ဖေးရဲ့မိခင် အန်းဒယ်လူ့စီရဲ့ အရှုပ်တော်ပုံတွေ။ မိုနီကာ မယ်ဒရန်ဆိုတဲ့ ဖေးကိုမနာလို ဖြစ်နေတဲ့ကောင်မလေးတယောက်။ ကျောင်းကလူကြိုက်များတဲ့ ဒရူးဆိုတဲ့ကောင်လေးက သူ့ကိုကြိုက်နေလို့ လူမုန်းခံရတာကလည်းရှိသေး။ ဒါပေမယ့် ဖေးအတွက် ဒါတွေထဲကအကြီးဆုံးပြဿနာကတော့ သူ့လိုအယောင်ဆောင်နေတယ်ထင်ရတဲ့လူတယောက်ရှိနေတာပဲ။သူမရဲ့နေ့စဉ်ဘ၀ထဲမသိမသာနဲ့ လူတွေကြား ၀င်၀င်‌မွှေသွားတဲ့ဒီသူကဘယ်သူလဲ။ ဒါကမိုနီကာရဲ့လက်ချက်ပဲလား။ သူမမိဘတွေရဲ့အေးစက်လာတဲ့ ဆက်ဆံရေးကြားကလျှို့ဝှက်ချက်တွေကရောဘာတွေလဲ။ အများအမြင်သူ့ကိုအရူးမတယောက်လိုထင်ရတဲ့အထိဒုက္ခပေးလာတဲ့ ဒီသူကိုသူဘယ်လိုရှာနိုင်မလဲ။ အဆုံးမှာတရားခံကဘယ်သူလဲဆိုတာကို Another Me ဆိုတဲ့ဇာတ်ကားလေးမှာရှူစားအားပေးကြပါဦးခင်ဗျ File size…1.1GB / 551MB Quality…1080p BluRay  / 720p Format…mp4 Duration….1h 26m Subtitle….Myanmar Subtitle (Hard Sub) Encoder….Thit San Khant Translated by BrackMan
movie

Another Me(2013)

2013