Channel Myanmar

Dylan Robert

On the Wandering Paths (2023) 6.7
On the Wandering Paths (2023)  Sur Les Chemins Noirs ဆိုတဲ့ ဇာတ်ကားက သာမန် မြင်တွေ့နေကြဇာတ်ကားမျိူး မဟုတ်ပါဘူး။ ၂၀၂၃ မှာ ထွက်ရှိထားတဲ့ ဒီဇာတ်ကားလေးကသာမန် ဇာတ်ကားတွေလို ဇာတ်လမ်းကို အသားပေးထားတာဆိုတာထက်ကြည့်ရှုသူကို အတွေးရေစီးကြောင်းထဲမှာ နှစ်မျောစေမဲ့ ဇာတ်ကားကောင်းလေးတစ်ကား ဖြစ်ပါတယ်။ ပြင်သစ်တွေက သိတဲ့အတိုင်း အနုပညာဘက်ဆို အရမ်းကိုကောင်းမွန်တာမို့ ဒီကားလေးကလည်း ပြင်သစ်ကားပီပီ ရင်ဘက်ထဲရောက်မဲ့အနုပညာလေးတစ်ခုဖြစ်ပါတယ်ပြောပြရမယ်ဆိုရင် Pierre ဆိုတဲ့ ပြင်သစ် စာရေးဆရာတစ်ယောက်ဟာမတော်တဆမှု တစ်ခုဖြစ်ပြီး လမ်းမလျှောက်နိုင်လောက်အောင် ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။ ဒါပေမဲ့ နည်းနည်းသက်သာလာတဲ့အချိန်မှာ အားလုံးတားနေတဲ့ကြားကပြင်သစ်နိုင်ငံကို လမ်းလျှောက်ပြီးဖြတ်ကျော်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ သူ ဘာအကြောင်းတွေကြောင့် ဒီလိုဆုံးဖြတ်ခဲ့တာလဲ လမ်းခရီးမှာရော ဘယ်လိုအခက်အခဲတွေ ရင်ဆိုင်ရမလဲစတာတွေကို ဇာတ်ကားတစ်လျှောက်လုံး ပြင်သစ်နိုင်ငံရဲ့ လှပတဲ့ သဘာဝတရားတွေပြည်သူတွေရဲ့ဘဝကို ကြည့်ရမှာဖြစ်ပြီး ကြည့်ရှုသူရဲ့ အတွေးကို ထိစေမှာ ဖြစ်လို့ရင်ထဲရောက်မဲ့ ဇာတ်ကားကောင်းတစ်ကားအဖြစ် တင်ဆက်ပေးလိုက်ပါတယ်။ File size…1.58 GB / 762 ...
movie

On the Wandering Paths (2023)

Mastemah (2022)
Mastemah (2022) Mastemah (2022)Mastemah ဆိုတဲ့ စကားလုံးကို ခရစ်ယာန်ကျမ်းစာထဲမှာတော့ အနက်မျိုးစုံနဲ့ ဖွင့်ထားကြပါတယ်။ နတ်ဆိုးနဲ့ အဆက်သွယ်လုပ်တဲ့သူ ဒါမှမဟုတ် ကျမ်းစကားအရဆိုရင်တော့ "မိမိကိုယ်ကို သတ်သေသည်အထိ ခဲယဉ်းဆိုးယုတ်သောသူ" လို့ အဓိပ္ပါယ်ရပါတယ်။ ဒီကားထဲမှာကတော့ နတ်ဆိုးနဲ့ သွားကစားမိလို့ ဘဝကြီးတစ်ခုလုံး ပျက်သွားခဲ့တဲ့ အကြောင်းကို ရိုက်ကူးထားတာပါ။ဇာတ်ကောင်ဖြစ်တဲ့ လူးဝိစ်လေးဟာ သူ ချစ်ရတဲ့သူနဲ့ ဘဝချင်းကွေကွင်းခဲ့ရလို့ ကျေးလက်တစ်နေရာမှာ ဇာတ်လာမြှုပ်သူပေါ့။ ဒါပေမဲ့ သူ ကျေးလက်က အိမ်ကိုပြောင်းပြောင်းပြီးချင်းပဲ အနိဌာရုံတွေ တစ်ခုပြီးတစ်ခုဖြစ်လာပါတော့တယ်။ စိတ်ကျန်းမာရေးဆရာဝန်ဖြစ်တဲ့ အလျောက် စစချင်းမှာ သူက သိပ္ပံနဲ့ အဖြေရှာဖို့ကြိုးစားကြည့်တာပေါ့။ ဒါပေမဲ့ ပြဿနာတွေဟာ ပိုပိုပြီးဆိုးလာပါတယ်။ ဒီပြဿနာတွေကို သူ ဘယ်လိုဖြေရှင်းသွားမလဲဆိုတာကို တစ်မေ့တစ်မောကြည့်ရမှာပဲဖြစ်ပါတယ်။ဒီဇာတ်ကားဟာဆိုရင် ခရစ်ယာန်ဘာသာရဲ့ နောက်ဆုံးကျမ်းဖြစ်တဲ့ ဗျာဒိတ်ကျမ်းထဲက ရူပါရုံတွေအကြောင်းအခြေခံပြီးရိုက်ကူးထားတာဖြစ်ပါတယ်။ ဒါကြောင့် Horror ကြိုက်တဲ့သူတွေအတွက် သုတကော ရသမျိုးစုံပါပေးစွမ်းနိုင်တဲ့ ဇာတ်ကားကောင်းတစ်ကားပဲဖြစ်ပါတယ်။(ဒီဇာတ်ကားနဲ့အညွှန်းကို Mark မှ ...
movie

Mastemah (2022)

2022