Channel Myanmar

Eason Chan

(18+) Dream Home (2010) 6.6
(18+) Dream Home (2010) ငယ်ငယ်ကတည်းက အစွဲအလန်းကြီးလွန်းတဲ့မိန်းကလေးတစ်ယောက်ရဲ့ အကြောင်းကို သဘာဝကျကျလေးရိုက်ကူးထားတဲ့ ဟောင်ကောင် (၁၈ +) လေးနဲ့မိတ်ဆက်ပေးချင်ပါတယ်။ ၁၈ + ဆိုတော့ သရေကျစရာလေးတွေလည်းပါမယ်၊ စိတ်လှုပ်ရှားစရာလေးတွေလည်းပါမယ်၊ သွေးသံရဲရဲတွေလည်း ပါပါမယ်။ ခံစားချက်စုံတာပေါ့နော်အားရှန်းငယ်ငယ်က ပင်လယ်ဘေးနားက နှစ်ထပ်အိမ်လေးမှာနေခဲ့တာပါ။ ဒါပေမဲ့ နိုင်ငံရေးစီမံချက်တွေကြောင့် အိမ်ပြောင်းရတော့ သူငယ်ချင်းရှိခဲ့တဲ့အိမ်၊ သူ့အဘိုးသဘောကျတဲ့အိမ်လေးဖြစ်ခဲ့တာမို့ အသက်ကြီးလာရင် ပင်လယ်ဘေးက ဒီအိမ်မှာပဲပြန်နေမယ်လို့ ဆုတောင်းခဲ့သူပါ။ပင်လယ်ကိုမျက်နှာမူတဲ့ sea view အခန်းကို အခုချိန်ပြန်ဝယ်ဖို့ဆိုတာ သာမာန်ဝန်ထမ်းအတွက် ဘယ်လိုမှမလွယ်ကူတဲ့စိတ်ကူးပါ။ ဒါပေမဲ့ စိတ်ကူးယဉ်အိမ်ကလေးဖြစ်တဲ့ တိုက်ခန်းကို ဝယ်ဖို့ ရရာအလုပ် အကုန်လုပ်ခဲ့ပါတယ်။ ပိုင်ရှင်နဲ့ဈေးညှိတဲ့အခါမှာတော့ “လူ ၁၁ ယောက် နှင့် ကိုယ်ဝန်ဆောင်သည် ၁ ယောက် အသတ်ခံရမှု”ဆိုတဲ့ သတင်းစာကိုကိုင်ပြီး ဘယ်လိုမျိုး ဈေးနှုန်းညှိနိုင်ခဲ့လဲဆိုတာတော့ ဆက်လက်ကြည့်ရအောင်ဗျာ.... File size…1.4GB / 600MB Quality…1080p BluRay / 720p Format…mp4 Duration….1h 36m Subtitle….Myanmar Subtitle ...
movie

(18+) Dream Home (2010)

2010
Twelve Nights (2000) 6.7
Twelve Nights (2000) Twelve Nights (2000)~ IMDb - 6.7/10, MyDramaList - 7.4/10 ~The Warlords နဲ့ Dragon တို့လို ကားကောင်းတွေမှာ ဇာတ်ညွှန်းရေးခဲ့တဲ့ စာရေးဆရာမ Aubrey Lam ရိုက်ခဲ့တဲ့ ရုပ်ရှင်ပါ။ ဟောင်ကောင်ရဲ့ အကျော်အမော် မင်းသမီးတွေထဲက တစ်ယောက်ဖြစ်တဲ့ Cecilia Cheung နဲ့ သူ့ခင်ပွန်းဟောင်း လက်ရှိခေတ်ရဲ့ နာမည်ကျော်တစ်ယောက်ဖြစ်တဲ့၊ ကျွန်တော်တို့တော့ ဟွားဝူချွဲအဖြစ်နဲ့ စသိခဲ့ကြတဲ့ Nicholas Tse တို့လို နာမည်ကျော်သရုပ်ဆောင်တွေ ပါဝင်သရုပ်ဆောင်ထားပါတယ်။ဇာတ်လမ်းကတော့ သူ့နာမည်အတိုင်း အချစ်တို့ရဲ့ ၁၂ညတာ အကြောင်းပါပဲ။ အချစ်ရဲ့ ပြေးတော့လိုက် လိုက်တော့ပြေးခြင်းတွေ၊ အချစ်ရဲ့မရင့်ကျက်ခြင်းတွေ၊ ဘဝရဲ့လှည့်စားခြင်းတွေကို ၁၂ညတာအချိန်အတွင်း ဘောင်သွင်းပြသွားတဲ့ ဟောင်ကောင်ရိုမန့်ကားတစ်ကားဆိုလည်း မမှားပါဘူး။ အလှတရားနဲ့ ညှို့ကွင်းထောင်နေတဲ့ ယန်တစ်ခုလို Cecilia Cheung နဲ့တင် ဒီဇာတ်လမ်းကို ကြည့်သင့်နေပြီ ...
movie

Twelve Nights (2000)

2000