Channel Myanmar

Ed Call

Dark Night of the Scarecrow (1981) 6.7
Dark Night of the Scarecrow (1981)  Dark Knight တို့ Scarecrow တို့မြင်လို့ ဆရာဘတ်တို့ ဇာတ်ကားထင်သွားရင်တော့ မဟုတ်ပါဘူးခင်ဗျာ ဒီဇာတ်ကားကတော့ 1981 ခုနစ်က ရိုက်ကူးထားတဲ့ Horror ကား‌တစ်ကားဖြစ်ပါတယ်ဘတ်ဘာဆိုတဲ့ကောင်လေးဟာ အရွယ်ရောက်နေပေမဲ့ စိတ်က ကလေးစိတ်ပဲရှိနေသူတစ်ဦးဖြစ်ပါတယ်။ မြို့နေလူကြီးတစ်ချို့ကတော့ ဘတ်ဘာကို ကျပ်မပြည့်တဲ့ကောင်ဆိုပြီး တစ်ခုခုဖြစ်တိုင်း ဘတ်ဘာကိုပဲ အပြစ်ဖို့နှိပ်စက်လေ့ရှိပါတယ်။ ဘတ်ဘာဟာ သူနဲ့ ကလေးတွေကို ရွယ်တူလိုပဲ မြင်တဲ့အတွက် ကလေးတွေနဲ့ပဲ ပေါင်းပါတယ်။တစ်ရက်မှာတော့ ဘတ်ဘာနဲ့ အတူဆော့နေကျ ကောင်မလေးတစ်ယောက် မတော်တဆဖြစ်တာကို မြို့ထဲမှာတော့ ကျပ်မပြည့်တဲ့ ဘတ်ဘာဟာ ကောင်မလေးကို သတ်လိုက်တယ်လို့ သတင်းထွက်သွားပါတော့တယ်။ အစကတည်းက တစ်ခုခုဖြစ်ရင် ဘတ်ဘာကိုပဲ မဲနေတဲ့ မြို့ခံလူ လေးယောက်ဟာ ဘာမှစုံစမ်းမနေဘဲ ဘတ်ဘာကို လိုက်ရှာကြရင်း စာခြောက်ရုပ်ထဲမှာပုန်းနေတဲ့ ဘတ်ဘာကို ရက်ရက်စက်စက် ပစ်သတ်လိုက်ကြပါတော့တယ်။အဲဒီနောက် သက်သေမလုံလောက်တာကြောင့် အမှုကနေလည်း လွတ်သွားပါသေးတယ်။ အမှုကလွတ်သွားတဲ့ သူတို့လေးယောက်ဟာ ဘတ်ဘာ ဝင်ပုန်းသွားတဲ့ ...
movie

Dark Night of the Scarecrow (1981)

A Nightmare on Elm Street (1984) 7.5
A Nightmare on Elm Street (1984) A Nightmare on Elm Street (1984) =========================Rotten Tomatoes… 94%IMDb… 7.5ကျွန်တော်တို့ငယ်ငယ်တုန်းကဒီရုပ်ရှင်ကိုကြည့်ဖူးကောင်း ကြည့်ဖူးကြပါလိမ့်မယ်။အိပ်မက်ထဲမှာ လူလိုက်သတ်တဲ့မကောင်းဆိုးဝါးကြီး Freddy လေ။လက်သည်းမှာ ဓားအချွန်တွေနဲ့လေ။ကြည့်ပြီးညမအိပ်ရဲကြတော့ဘူးလေ။မှတ်မိတယ်မလား ?သင်အိပ်လိုက်တာနဲ့ကို သင့်ကိုအိပ်မက်ဆိုးတွေပေးပြီးလိုက်သတ်နေတဲ့ကောင်ကြီးတစ်ကောင်ရှိရင်ဘယ်နှယ့်​လုပ်မလဲ။နိုးထလာတာနဲ့ သင်ပြန်အိပ်ဖို့ကိုကြောက်နေပါလိမ့်မယ်။ဘယ်တော့မှလည်း ပြန်အိပ်ရဲမှာ မဟုတ်တော့ပါဘူး။မအိပ်ရတာ ရက်တွေဆက်လာတဲ့အခါဘာတွေဖြစ်လာလေမလဲ ?မအိပ်ရတဲ့ ရောဂါကို လူတိုင်းလိုလိုကြုံဖူးကြမှာပါ။အရမ်းခံရခက်တယ်။ ခေါင်းတွေမူးလာမယ်။စိတ်တွေခြောက်ခြားလာမယ်။မူမမှန်​ဖြစ်​လာမယ်​။အဲ့ဒီအခါ ဘယ်လိုဖြတ်ကျော်မလဲ ?ဇာတ်လမ်းအကျဉ်း =============Freddy Krueger ဟာ လူငယ်လေးတွေကိုအိပ်မက်ဆိုးတွေပေးပြီး အိပ်မက်ထဲမှာလူလိုက်သတ်တဲ့မကောင်းဆိုးဝါးပဲဖြစ်ပါတယ်။နန်စီ တို့သူငယ်ချင်းတစ်စုကိုFreddy Krueger မှ အိပ်မက်တွေပေးပြီးလိုက်သတ်တဲ့အခါမှာတော့…. ။ကျွန်တော်တို့ရဲ့အချစ်တော်မင်းသားကြီးJohnny Depp သရုပ်ဆောင်ထားတဲ့ရုပ်ရှင်လည်းဖြစ်တာမို့သူ့ရဲ့ငယ်ရုပ်လေးကိုလည်း မြင်နိုင်ပါတယ်။ကြည့်ပြီးရင်လည်း အိပ်မက်လှလှမက်ကြပါစေ။ (ရုပ်ရှင်အညွှန်းနဲ့ ဘာသာပြန်တင်ဆက်ထားသူကတော့ Chan Myae Kyaw ဖြစ်ပါတယ်။)  File size…(1.6 GB) and (970 MB) Quality…BluRay 1080p and 720p Format…mp4 Duration….01:41:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya AungTranslated by Chan Myae Kyaw 
movie

A Nightmare on Elm Street (1984)