Channel Myanmar

Edan Hayhurst

The Secret Garden (2020) 5.6
The Secret Garden (2020) The Secret Garden (2020)~ IMDb - 5.6/10, Rotten Tomatoes - 67% ~လောင်ရတဲ့ဇာတ်ကားတွေခဏနားပြီး Healing ဖြစ်တာလေးတွေရှာနေတဲ့သူတွေအတွက် ဇာတ်လမ်းကောင်းလေးတစ်ပုဒ်ဖြစ်မယ်လို့ ယုံကြည်ပါတယ်။ Frances Hodgson Burnett ရဲ့ဂန္ထဝင်ဝတ္ထု The Secret Garden ကို အမျိုးမျိုးပြန်ရိုက်ထားတဲ့ရုပ်ရှင်တွေထဲကမှ နောက်ဆုံးထွက်ထားတဲ့ ၂၀၂၀ ဗားရှင်းကိုလည်းတင်ဆက်ပေးလိုက်ရပါတယ်။ ခင်မင်မှုသံယောဇဥ်နဲ့ ချစ်ခြင်းမေတ္တာကိုလှပစွာပုံဖော်ထားပြီး သာယာတဲ့ရှုခင်းလေးတွေနဲ့ ကြည့်ရတာနွေးထွေးပြီးစိတ်အေးချမ်းစေမှာအမှန်ပါပဲ။ဇာတ်လမ်းကတော့ ကျိန်စာသင့်နေတယ်လို့ယုံကြည်ထားကြတဲ့ ယော့ခ်ရှိုင်းယားမြက်ခင်းလွင်ပြင်ထဲက မစ်ဇယ်ဝိတ်စံအိမ်တော်ကြီးရယ် စံအိမ်တော်ကြီးကိုအသစ်ရောက်လာတဲ့မေရီဆိုတဲ့ကောင်မလေးရယ်ကို အခြေတည်ထားတာပါပဲ။ မေရီ့အတွက်နေရာသစ်ဆိုပေမယ့် စံအိမ်ကြီးနဲ့ကျ ဆယ်နွယ်မှုတစ်ခုခုရှိနေတယ်လို့ခံစားခဲ့ရတယ်။ ဒီလိုနဲ့ တစ်နေ့မှာ စံအိမ်ရဲ့အပြင်ဘက်တောအုပ်ထဲမှာကစားရင်း လျှို့ဝှက်မှော်ဥယျာဥ်တစ်ခုကိုတွေ့လိုက်ရပါတော့တယ်။ အဲဒီနောက်မှာ စံအိမ်တော်ကြီးနဲ့ မှော်ဥယျာဥ်ရဲ့လျှို့ဝှက်ချက်တွေဟာလည်းတဖြည်းဖြည်းပေါ်ပေါက်လာပါတော့တယ်...(ဒီဇာတ်ကားနဲ့အညွှန်းကို Hnin Ei Pai မှ ပြန်ဆို ရေးသားထားပါတယ်)Size - 1.9GB, 785MB Quality - 1080p, 720p IMDb Rating ...
movie

The Secret Garden (2020)

2020
The Midnight Sky (2020) 5.6
The Midnight Sky (2020) The Midnight Sky (2020)===================IMDb Rating - 5.6/10 ဒီနေ့ ညနေကမှ Netflix ကနေ ထွက်ရှိထားတဲ့ Sci-Fi, Fantasy, Drama ကားသစ် ကားကောင်းလေးပါ။အော်ဂတ်စတင်းဆိုတဲ့ လူဟာ သိပ္ပံပညာရှင်တစ်ယောက်ဖြစ်ပြီး သိပ္ပံပညာကို စွဲလမ်းလွန်းလို့ ချစ်သူနဲ့တောင်အဆက်ပြတ်ခဲ့သူတစ်ယောက်ပါ။ သူဟာ ကမ္ဘာဂြိုဟ်ပေါ်က သက်ရှိတွေအတွက် နေရာသစ်တွေကို ရှာဖွေချင်တဲ့သူတစ်ယောက်ပါ။ငယ်ရွယ်တဲ့ဘ၀ ကုန်ဆုံးပြီး နောက်အနှစ် ၃၀ လောက်ကြာတဲ့အခါ ကမ္ဘာဂြိုဟ်ပေါ်မှာ ဆိုးရွားတဲ့ ကပ်ဆိုးတွေဖြစ်ပေါ်လာပြီး အားပြင်းတဲ့ ရေဒီယိုလှိုင်းတွေကြောင့် လူတွေအမြောက်အများသေကြေကုန်ကြပါတော့တယ်။ လူတိုင်းကိုယ့်နေရာကို စွန့်ခွာပြီး လုံခြုံမယ့်နေရာ ရှာကြပေမယ့် အော်ဂတ်စတင်းကတော့ သူ့ရဲ့ ကင်ဆာရောဂါအခြေအနေကြောင့်အာတိတ်ဒေသမှာပဲ တစ်ယောက်တည်း နေရစ်ခဲ့ပါတယ်။တစ်ဖက်အာကာသထဲမှာကျတော့လည်း နေရာသစ်ရှာဖို့သွားတဲ့ယာဥ◌်တွေထဲကမှ တစ်စီးထဲ အသက်ရှင်ကျန်နေတဲ့ ယာဉ်အဖွဲ့ဟာ ကမ္ဘာမြေက အခြေအနေတွေကို မသိဘဲ နေရာသစ်တွေ့ကြောင်းသတင်းပေးဖို့ ကမ္ဘာမြေကိုပြန်လာဖို့ ကြိုးစားပါတော့တယ်။ အော်ဂတ်စတင်းကလည်း ကမ္ဘာပေါ်ကအခြေအနေတွေအကြောင်း ထိုအဖွဲ့ကို ပြောနိုင်ဖို့ ဆက်သွယ်ချင်ပေမယ့် ...
movie

The Midnight Sky (2020)

2020