Channel Myanmar

Eden Campbell

Die’ced (2023)
Die’ced (2023)  ဟောလိုးဝင်းကာလမှာ ကြောက်စရာကောင်းတဲ့သွေးသံတရဲရဲဇာတ်ကားတွေကိုကြည့်ချင်တဲ့လူတွေအတွက် Die'ced ဆိုတဲ့ဇာတ်ကားနဲ့မိတ်ဆက်ပေးလိုက်ပါတယ်။Budget Movie ဖြစ်နေတဲ့အတွက် IMDb Rating က 4.5 နဲ့နည်းနေတာကိုတော့ အပြစ်ပြောလို့မရပါဘူး။ဒါပေမယ့် ကိုယ်က Thriller ကားချစ်သူမလို့ကြည့်စရာ ဇာတ်ကားတွေကုန်ပြီး လှန်လှောရှာဖွေနေရတယ်ဆိုရင်တော့ဒီကားလေးကမဆိုးဘူးလို့ ပြောလို့ရပါတယ်။ဇာတ်ကြောင်းကတော့ ဟောလိုးဝင်းညရောက်ခါနီးတစ်ရက်မှာ ဘန်ဂျမင်နယူးမန်းဆိုတဲ့လူတစ်ယောက်က စိတ်ကျန်းမာရေးဆေးရုံကနေလွတ်မြောက်သွားခဲ့ပါတယ်။သူကသာမန် စိတ်ဖောက်ပြန်နေတဲ့ လူမဟုတ်ဘဲ အရမ်းကြောက်စရာကောင်းတဲ့ကွင်းဆက် လူသတ်သမား တစ်ယောက်ဖြစ်နေပါတယ်။ဒါပေမယ့် ကိုယ့်ရဲ့ပေါ့ဆမှုကြောင့်လွတ်မြောက်သွားတဲ့ ဆေးရုံဝန်ထမ်းတွေက ရဲတိုင်ရင်ထောင်ကျမှာ ကြောက်တဲ့အတွက် ဖုံးကွယ်ထားလိုက်ပါတော့တယ်။ဒီလိုနဲ့ ဟောလိုးဝင်းညမတိုင်ခင် တစ်ညမှာတော့ကဆန်ဒရာဆိုတဲ့ ကောင်မလေးတို့ အိမ်နားကလူတစ်ယောက်အသတ်ခံလိုက်ရပါတော့တယ်။အဲ့ဒီအပြင်ကိုမှ သူ့အိမ်ကဓားတွေနဲ့ ဟောလိုးဝင်းဝတ်စုံတွေကိုလည်းယူသွားကြောင်းကို ကဆန်ဒရာတို့ရဲ့အဖေဖြစ်သူက ပြောပြနေပါတော့တယ်။ဒါပေမယ့်လူငယ်ပီပီ ကဆန်ဒရာတို့က အဲ့ဒါကိုသိပ်ဂရုစိုက်မနေပဲ ညကျသွားရမဲ့ ဟောလိုးဝင်းပါတီကိုပဲ စိတ်ရောက်နေပါတယ်။ဒီလိုနဲ့ အဲ့ဒီဟောလိုးဝင်းဝတ်စုံ ဝတ်ထားတဲ့လူကြီးကတစ်ယောက်ပြီး တစ်ယောက်လိုက်သတ်ရင်းနဲ့ ကဆန်ဒရာနဲ့ ထိပ်တိုက်တွေ့လာတဲ့အချိန်မှာတော့ သူတို့နှစ်ယောက်ကြားမှာ ဆက်နွယ်နေတဲ့အရာရှိတာကို သိခဲ့ရပါတော့တယ်။အဲ့ဒါကဘာဖြစ်မလဲ ကဆန်ဒရာကရောသူများတွေလိုပဲ အသတ်ခံရပြီးသေဆုံးသွားမလားဆိုတာကို သည်းထိတ်ရင်ဖိုကြည့်ရှုရမှာပဲဖြစ်ပါတယ်။ File size…977MB / 415MB Quality…WEB-Rip 1080p  / ...
movie

Die’ced (2023)

Fear Street Part Two: 1978 (2021) 6.8
Fear Street Part Two: 1978 (2021) Fear Street Part Two: 1978 (2021)=========================IMDb Rating - 6.8/10အရမ်းမိုက်တဲ့ Netflix horror ဇာတ်ကားရဲ့အပိုင်းနှစ်ဖြစ်ပါတယ်ဇာတ်လမ်းကတော့... ၁၉၉၄ ခုနှစ် အမေရိကန်နိုင်ငံမှာ ဆန်နီဗေးလ်နဲ့ ရှိတ်ဒီဆိုဒ်လို့ အမည်ရတဲ့ ဘေးချင်းကပ်မြို့နှစ်မြို့ရှိကြတယ်...ထူးခြားတာက ဆန်နီဗေးလ်ဟာ သာယာဝပြောပြီး စီးပွားဖြစ်သလောက် ရှိတ်ဒီဆိုဒ်ကတော့ စုတ်ပြတ်နုံချာနေပြီး လူသတ်မှုတွေလည်းခဏခဏဖြစ်လေ့ရှိတာပါပဲ...အပိုင်းတစ်မှာတော့ ရှိတ်ဒီဆိုဒ်မြို့ခံချစ်သူစုံတွဲ ဒီနာနဲ့ဆမ်မှာ ဆမ်က ဆန်နီဗေးလ်ကိုပြောင်းသွားတဲ့ကိစ္စနဲ့ သူတို့လမ်းခွဲကြရာက မထင်မှတ်ထားတဲ့ဖြစ်ရပ်ကြောင့် သူတို့နောက်ကို လူသတ်သမားတွေလိုက်လာတာကိုရှူစားရမှာဖြစ်ပြီးအခုအပိုင်းနှစ်မှာတော့ ၁၉၇၈ ခုနှစ် နိုက်ဝင်းကမ့်စခန်းမှာဖြစ်ပွားခဲ့တဲ့ လူသတ်မှုတွေအကြောင်း ပိုထဲထဲဝင်ဝင်ပြသထားတာဖြစ်ပြီး မြို့ရဲ့သမိုင်းကြောင်း ပိုရုပ်လုံးပေါ်လာတာကို ကြည့်ရှူခံစားရမှာပါအများကြီးပြောပြနေရင် spoil သလိုဖြစ်သွားမှာစိုးလို့ ကိုယ်တိုင်ပဲဲကြည့်ရှူခံစားကြည့်လိုက်ပါလို့(ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ May Myat Thu ဖြစ်ပါတယ်။)Quality – 1080p, 720p WebRipDuration - 1h 47minSubtitle – Myanmar HardsubFormat – Mp4Genre : Horror, MysterySource : 1080p.WebRipTranslator ...
movie

Fear Street Part Two: 1978 (2021)

2021