Channel Myanmar

Edison Song

Bad Education ( 2023 ) 6.1
Bad Education ( 2023 ) အထက်တန်းကျောင်းသားအရွယ်မှာ ရူးရူးမိုက်မိုက်လုပ်ချင်တဲ့သူတွေများပါတယ်။ အထက်တန်းကျောင်းသားလေး(၃)ယောက်ဟာ သူတို့ရဲ့ အထက်တန်းကျောင်းဘွဲ့ရတဲ့ညကို ရူးရူးမိုက်မိုက်ဖြတ်သန်းခဲ့တဲ့ဇာတ်ကားပဲဖြစ်ပါတယ်။ယုံကြည်ရတဲ့ညီကိုတွေဖြစ်ဖို့ လျှို့ဝှက်ချက်တွေဖလှယ်ကြမယ်ဆိုပြီး ကိုယ်လုပ်ဖူးခဲ့တဲ့အဆိုးဆုံးမကောင်းမှုတွေကိုတစ်ယောက်နဲ့တစ်ယောက် ပြောပြကြဖို့ဆုံးဖြတ်လိုက်ကြတယ်။ တစ်ယောက်ပြီးတစ်ယောက်လူမဆန်တဲ့ လျှို့ဝှက်ချက်တွေကိုထုတ်ပြောကြတယ်။ နောက်ဆုံးကျောင်းသားလေးအလှည့်ရောက်တော့ သူလိမ်ပြောနေတာကိုသိသွားပြီး လူမိုက်တစ်ယောက်ကိုအိမ်သုတ်ဆေးတွေနဲ့ သွားပက်ခိုင်းကြတယ်။အဲဒီလိုနဲ့ (၃)ယောက်သား တစ်ညလုံး လူမိုက်တွေလိုက်တာခံကြရပါတော့တယ်။ ဒီကားလေးမှာ လူကောင်းလူဆိုးဆိုတာတွေဟာ ခွဲခြားမရနိုင်မကြောင်း မကောင်းတဲ့သူနဲ့နေပါများရင် မကောင်းတဲ့လုပ်ရပ်တွေကို လုပ်နိုင်သွားကြောင်းကိုရိုက်ပြထားတာဖြစ်ပါတယ်။ တစ်ချို့အခန်းတွေမှာဆင်ဆာမဖြတ်ထားတာမို့ သွေးစိမ်းရှင်ရှင်ထွက်တာတွေကို ကြောက်တဲ့သူတွေအနေနဲ့ ကြည့်ဖို့မသင့်တော်တာလေးကိုတော့ သတိပေးချင်ပါတယ်။ Quality : WEB-DL 1080p , 720p Format : mp4 Genres : Drama , Crime , Mystery Runtime : 1h 17 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK
movie

Bad Education ( 2023 )

My Best Friend’s Breakfast (2022) 7.9
My Best Friend’s Breakfast (2022) နောက် ၁၅ နှစ်နေရင် ဘယ်လိုတွေဖြစ်ကြမှာလဲ...ဒီဇာတ်ကားလေးရဲ့ အဓိကစာကြောင်းလေးပေါ့။ နောက် ၁၅ နှစ်နေရင် အောင်မြင်မှာလား၊ အခုထက်ပိုဝမှာလား၊ အခုလက်ရှိတွဲနေတဲ့ချစ်သူနဲ့ရော ဆက်တွဲဖြစ်ပါ့မလား... စသည်ဖြင့်မသိနိုင်တဲ့အချိန်ကာလတစ်ခုပေါ့တွေးရင်း စဉ်းစားရင်းနဲ့ ခံစားလို့ကောင်းဦးမယ့် ထိုင်ဝမ်ကျောင်းသားကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ကျောင်းသားကားတွေဆို ထိုင်ဝမ်ကားတွေကပဲ ကြည့်လို့ပိုကောင်းတယ်လို့ထင်မိတယ်။ ပိုပြီးလည်း ယုတ္တိဆန်သလို ဆယ်ကျော်သက်အရွယ်ခံစားချက်ကိုလည်း ထိထိမိမိရိုက်ပြနိုင်တတ်ကြပါတယ်။ ဒီကားကလည်း အဲ့ဒီလိုမျိုးပါပဲ။အစားအသောက်ဆို မီးလိုတောက်တဲ့ ရှန့်ဝေရှင်းကတော့ သူ့သူငယ်ချင်းကို ပိုးကြေးပန်းကြေးနဲ့ လာပို့ပေးတတ်တဲ့ မနက်စာကိုတောင် အကုန်စားပစ်တတ်တဲ့ သူပါ။ အစားအသာက်ရှိနေမှ ဘဝအဓိပ္ပါယ်ရှိတယ်လို့ သတ်မှတ်ထားတဲ့သူက နောက် ၁၅ နှစ်ကြာရင် ဘယ်လိုဖြစ်လာမလဲဆိုပြီး စဉ်းစားနေရင်းနဲ့ အခုလို အချစ်၊ဒရာမာ၊ လူငယ်ဆန်ဆန်ရုပ်ရှင်ကားလေးဖြစ်တည်လာပါတော့တယ်။ ရိုးရှင်းမလိုလိုနဲ့ ရှုပ်ထွေးတဲ့အထဲမှာ ဒီဇာတ်ကားလည်းပါပါတယ်။ အတွေးစတစ်ခုခုရရှိစေပြီး စာအရှည်ကြီးရေးချင်လာတဲ့ဖီလင်ဖြစ်လာမှာပါ။ကဲ... ဒီကားလေးကြည့်ရင်းနဲ့ ပရိသတ်ကြီးလည်း နောက် ၁၅ နှစ်နေရင် ဘယ်လိုပုံစံဖြစ်မလဲ စဉ်းစားကြည့်ရအောင်လားဗျာ...။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ JoJo Va ပါ )File Size__(2.1GB) / ...
movie

My Best Friend’s Breakfast (2022)