Channel Myanmar

Eko Gumilang

Two Blue Stripes (2019) 7.8
Two Blue Stripes (2019)  Original Title – Dua Garis Biru Genre – Drama IMDB – 7.8/10 ရုပ်ရှင်နာမည်က အပြာရောင်မျဉ်းလေး ၂ ချောင်းတဲ့၊ဒီ အပြာရောင်မျဉ်းလေး ၂ ချောင်းဆိုတာ တချို့အတွက်နိဗ္ဗာန်ဖြစ်သွားနိုင်သလို တချို့အတွက်လည်း ငရဲလိုမျိုးဖြစ်သွားစေနိုင်တဲ့အရာတစ်ခုပါ၊ ဟုတ်ပါတယ် ကိုယ်ဝန်စစ်ဆေးတံက အပြာရောင်မျဉ်းလေး ၂ ချောင်းကို ပြောတာပါ။ဒီ အင်ဒိုနီးရှားကားလေးက လိင်ကိစ္စပညာပေးအနေနဲ့ရောမိဘအုပ်ထိန်းမှုတွေကိုရော ပညာပေးချင်တဲ့ ကားကောင်းလေးတစ်ကားပါ။ သူတို့နိုင်ငံက ပေးအပ်တဲ့ ရုပ်ရှင်ဆုတွေလည်းတော်တော်များများ ရရှိထားတာကို တွေ့ရပါတယ်။ အသက် ၁၇အရွယ် စုံတွဲလေးတစ်တွဲ အရာအားလုံးကို မေ့လျောပြီးကမ္ဘာကြီးကို မမှုပဲ သိပ်ချစ်ကြတယ်ပေါ့ မိဘတွေရဲ့မအားလပ်မှု အချိန်မပေးနိုင်မှုရဲ့ ပေါ့လျော့မှုအောက်မှာ ဒီကလေးနှစ်ယောက်ဟာ အရွယ်မတိုင်ခင် ချစ်သူရည်းစားတွေ ကြုံလာရမယ့်စည်းတစ်ခုကို ငယ်ငယ်ရွယ်ရွယ် အကာအကွယ်မရှိ ကျူးလွန်မိလိုက်ကြပါတော့တယ်။ နောက်ဆက်တွဲ ဘာဖြစ်မလဲဆိုတာလူတိုင်းသိပါတယ် ကလေးမလေး ကိုယ်ဝန်ရှိလာမယ် အဲဒါကိုနှစ်ဖက်မိဘတွေ သိသွားကြပြီး ပြဿနာတွေ ကြုံလာကြတယ်ပေါ့၊ကောင်လေးဖက်က ဆင်းရဲတယ် ...
movie

Two Blue Stripes (2019)