Channel Myanmar

Eleanor Gecks

You Will Meet a Tall Dark Stranger (2010) 6.8
You Will Meet a Tall Dark Stranger (2010)  လူတိုင်းမှာတော့ ကိုယ်စီကိုယ်စီလိုအင်ဆန္ဒတွေရှိကြမှာပါပဲ။လူ့အလို နတ်မလိုက်နိုင်ဆိုသလိုလူတွေရဲ့ လိုအင်ဆန္ဒကလဲ ဘယ်တော့မှပြည့်ဝတယ်ဆိုတာကိုမရှိပါဘူး။ ဒီကားထဲမှာလဲမိသားစုတစ်စုထဲက အဲ့လိုလူလေးယောက်ရဲ့အကြောင်းကိုရိုက်ကူးတင်ပြထားတာပဲဖြစ်ပါတယ်။ ဒီကားရဲ့အဓိက ဇာတ်ကောင်လေးယောက်ထဲက ပထမတစ်ယောက်ကတော့ဟယ်လီနာဆိုတဲ့ဘဝမှာ စိတ်ညစ်စရာတွေအများကြီးရှိနေပြီး ယောက်ျားထားသွားတာကိုခံခဲ့ရလို့ ကိုယ့်ကိုယ်ကိုယ်သတ်သေချင်လောက်တဲ့အထိ စိတ်ဓာတ်ကျနေတဲ့အဖွားကြီးတစ်ယောက်ဖြစ်ပါတယ်။ ဒုတိယတစ်ယောက်ကတော့ ဟယ်လီနာဆိုတဲ့အဖွားကြီးကိုထားခဲ့တဲ့ ကိုယ့်ကိုယ်ကိုယ်လူပျိုလေးလိုသဘောထားပြီး သူငယ်ပြန်နေတယ်လို့ထင်ရတဲ့ အယ်လ်ဖီဆိုတဲ့အဖိုးကြီးပဲဖြစ်ပါတယ်။တတိယတစ်ယောက်ကတော့စာရေးဆရာယောင်ယောင် ဘာယောင်ယောင် မယ်မယ်ရရအလုပ်လဲမလုပ်ကိုင်ပဲအိမ်မှာပဲ ယောက္ခမရဲ့ ပိုက်ဆံနဲ့နေနေတဲ့ တစ်အုပ်ကောင်းစာရေးဆရာဟယ်လီနာရဲ့သမက်ရွိုင်းပဲဖြစ်ပါတယ်။နောက်ဆုံး တစ်ယောက်ကတော့ ရွိုင်းရဲ့အသုံးမကျမှုတွေကြောင့် အလုပ်တွေကုန်းရုန်းလုပ်ကိုင်နေရပြီး ကလေးတစ်ယောက်ယူကာ မိသားစုဘဝကိုထူထောင်ချင်နေတဲ့ ရွိုင်းရဲ့မိန်းမဆယ်လီပဲဖြစ်ပါတယ်။အဲ့ဒီလူလေးယောက်ရဲ့ဘဝတွေကိုစိတ်ဝင်စားစရာကောင်းအောင် အသေးစိတ်ရိုက်ကူးထားတဲ့လူ့သဘောသဘာဝတွေအကြောင်းကို ကြည့်ရှုရမဲ့မိသားစုကြားကဒရာမာဇာတ်ကားပဲဖြစ်ပါတယ်။  File size…3.54GB / 986MB Quality…Blu-Ray 1080p / 720p Format…mp4 Duration….1h 38m Genre ….. Comedy , Drama , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay
movie

You Will Meet a Tall Dark Stranger (2010)

Dungeons & Dragons: The Book of Vile Darkness (2012)
Dungeons & Dragons: The Book of Vile Darkness (2012) Dungeons & Dragons : The Book of Vile Darkness (2012)Dungeons & Dragons ဟာ ၁၉၇၄ကတည်းက နာမည်ကြီးခဲ့တဲ့ လူသိများတဲ့ ဂိမ်းတစ်ခုပါပဲ။ ဘုတ်ဂိမ်းအနေနဲ့ စထွက်ရှိခဲ့ပြီး အခုထိလည်း ဗားရှင်းအသစ်အသစ်တွေပြန်ထွက်နေတုန်း လူကြိုက်များနေတုန်း Role-playing ဂိမ်းဆိုလည်းမမှားပါဘူး။ သူ့ကို အခြေခံပြီး ဂိမ်းပေါင်းများစွာထွက်ရှိခဲ့သလို သူ့နာမည်နဲ့ထွက်ရှိခဲ့တာတွေလည်း အခုထက်ထိ မနည်းမနောပါပဲ။ တော်တော်လေး အောင်မြင်ခဲ့တဲ့ဂိမ်းလို့ပြောလို့ရပါတယ်။Dungeons & Dragons ဂိမ်းကို အခြေခံပြီး ၂၀၀၀မှာတစ်ကား၊ ၂၀၀၅မှာတစ်ကား၊ ၂၀၁၂မှာတစ်ကား ၃ကားထွက်ရှိခဲ့ပြီး ဒီသုံးကားကို Trilogy အဖြစ် သတ်မှတ်ထားပါတယ်။ ၂၀၂၃မှာတော့ နာမည်ကြီးမင်းသားတွေနဲ့အတူ ပါရာမောင့်က Reboot ပြန်ပြသွားမှာပါ။ ဂိမ်းဟာ ဂန္ထဝင်ဖြစ်ခဲ့ပေမဲ့ ရုပ်ရှင်တွေကတော့ ဂန္ထဝင်ဖြစ်ဖို့နဲ့ တော်တော်ဝေးသေးတဲ့ ရုပ်ရှင်တွေပါပဲ။ ဒါပေမဲ့လည်း နဂါးတွေ မှော်ဆရာတွေ သူရဲကောင်းတွေပါတဲ့ Fantasy ...
movie

Dungeons & Dragons: The Book of Vile Darkness (2012)

2012
Alice in Wonderland (2010) 6.4
Alice in Wonderland (2010) Alice in Wonderland (2010)IMDb - 6.4/10_____Rotten - 51%Won 2 Oscars. Another 33 wins & 63 nominations.   [unicode]ဒီဇာတ်ကားလေးဟာ Imdb 6.4 ထိရရှိထားပြီး စာရေးဆရာ lewis Carrol ရဲ့ နာမည်ကျော်စိတ်ကူးယဉ်ဝတ္ထုစာအုပ်ကိုနာမည်ကျော်ဒါရိုက်တာကြီး Tim burtonကရုပ်ရှင်အဖြစ်ပြန်လည်းအသက်သွင်း ရိုက်ကူးခဲ့တဲ့ Adventure,Fantasy အမျိုးအစား မိသားစုကြည့်ရှုနိုင်တဲ့ဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်။ဇာတ်လမ်းအညွှန်းဆိုရင် အဲလစ် ဟာ အင်္ဂလိပ်တော်ဝင်မိသားစုတစ်က ဆယ့်ကိုးနှစ်အရွယ်ရှိ စေ့စပ်ကြောင်းလမ်းပြီးထားတဲ့သမီးငယ်တစ်ယောက်ဖြစ်ပါတယ်။ သူမရဲ့ စေ့စပ်ပွဲမှာ သူမဟာ အသိုင်းအဝိုင်းကြားက မာနတွေ အတ္တတွေ ဖိနှိပ်ချုပ်ချယ်မှုတွေကိုသည်းမခံနိုင်တော့တာကြောင့် ခြေဦးတည့်ရာပြေးထွက်ခဲ့ရင်း ပန်းဥယျာဉ်တစ်နေရာအရောက်မှာ ထူးဆန်းတဲ့အသွင်ရှိတဲ့ ယုန်တစ်ကောင်နောက်ကိုလိုက်ရင်းနဲ့ ကျင်းနက်ကြီးထဲကိုပြုတ်ကျသွားခဲ့ပါတော့တယ်။သူမ ရောက်ရှိသွားခဲ့တဲ့ ထူးဆန်းတဲ့ပုံသဏ္ဍာန်တွေနဲ့ပြည့်နှက်နေတဲ့ နေရာကတော့ "Underland" လို့ခေါ်တဲ့ ထူးဆန်းအံ့ဩဖွယ်ရာမှော်မြို့တော်ကြီးဖြစ်နေပြီးတော့ နေရာအနှံ့မှာ စကားပြောတတ်တဲ့ တိရိစ္ဆာန်တွေ ထူးဆန်းတဲ့ပုံစံနဲ့ ကလေးငယ်တွေ အကျင့်မကောင်းတဲ့ မှော်ဘုရင်မနဲ့ စစ်သည်တော်တွေ ...
movie

Alice in Wonderland (2010)

2010