Channel Myanmar

Elena Cotta

Yara (2021) 6
Yara (2021) ငယ်ရွယ်တဲ့ ကလေးတွေနဲ့ အားနွဲ့တဲ့ အမျိုးသမီးတွေကို အပြင်သွားရင် ဂရုစိုက်ဖို့ သတိရှိဖို့ မှာကြတယ်ဆိုတာ အလကားရယ်တော့ မဟုတ်ပါဘူး ဘာကြောင့်ဆို အန္တရာယ်ဆိုတာ မမြင်နိုင်သလို အန္တရာယ်ကောင်တွေကလည်း ချိုနဲ့ မဟုတ်ဘူးဗျ ကျွန်တော်တို့ နေထိုင်တဲ့ လူ့ပတ်၀န်းကျင်မှာ ဒုက္ခတွေ ကံဆိုးမှုတွေဟာ အချိန်မရွေး ဘွားကနဲ ပေါ်လာနိုင်ပါတယ် ဒီဇာတ်လမ်းဟာ ၂၀၁၀ တုန်းက အီတလီမှာ ဖြစ်ခဲ့တဲ့ ဖြစ်ရပ်မှန်ကို ပြန်လည် ရိုက်ကူးထားတဲ့ ဇာတ်လမ်းပါ သာမန် မိသားစုက ဆင်းသက်လာတဲ့ အမြဲ ပျော်နေတတ်တဲ့ ၁၃ နှစ်အရွယ် အီတလီ ဆယ်ကျော်သက်မလေး ပျောက်ချင်းမလှ ပျောက်ဆုံးသွားခဲ့တဲ့အကြောင်းပေါ့ ကိုက် ၇၀ဝ ပဲ ဝေးတဲ့ သွားနေကျ အားကစားခန်းမနဲ့ အိမ်ကြားက လမ်းမှာ သူဟာ တိတ်တဆိတ် ပျောက်ဆုံးသွားခဲပါတယ် ဒီကောင်မလေး ဘယ်ရောက်သွားလဲ ဘာတွေဖြစ်ခဲ့တာလဲ ဖြစ်ရပ်မှန်ဇာတ်လမ်းအပြင် ဒီဇာတ်လမ်းမှာ ဘယ်လောက်ပဲ အခြေအနေမပေး အခွင့်မသာပါစေ ရအောင် ကြိုးစား စုံစမ်းတဲ့ ရှေ့နေတွေ ရဲတွေရဲ့ လုပ်ရပ်ကို ချီးကျူးဖွယ်မြင်တွေ့ရမှာပါFile Size : (1.5 GB) & (900 Mb) Quality : ...
movie

Yara (2021)

The Man Without Gravity (2019) 6.4
The Man Without Gravity (2019) The Man Without Gravity (2019) IMDb - 6.4/10_____Rotten - 76%    အခု အသစ်ထွက်ရှိလာတဲ့ ဆန်းဆန်းပြားပြားကားလေးကို CM ပရိတ်သတ်ကြီးအတွက်တင်ဆက်ပေးလိုက်ပါတယ်။ နာမည်ကတော့ The Man Without Gravity(2019)ပါ။ မြန်မာလိုဆိုရင် မြေဆွဲအားမသက်ရောက်တဲ့လူသားပေါ့။ နာမည်အတိုင်းပါပဲ ဒီဇာတ်ကားလေးဟာ မွေးလာကတည်းက လေပေါ်ပေါ်နေတဲ့ ကောင်လေးတစ်ယောက်အကြောင်းရိုက်ကူးထားတာပါ။ မိုးသည်းတဲ့တစ်နေ့မှာမွေးဖွားလာတဲ့ကောင်လေးတစ်ယောက်က အမိဝမ်းကထွက်ထွက်ချင်း လေပေါ်ကိုပျံသွားပါတယ်။ သူ့ကိုအဖွားဖြစ်သူနဲ့ အမေဖြစ်သူက ဒီအကြောင်းကို အများသူငှာသိသွားခဲ့ရင်အန္တရာယ်ဖြစ်မှာစိုးတဲ့အတွက် အိမ်ထဲမှာပဲ သိုဝှက်နေထိုင်ခဲ့ပါတယ်။ တစ်နေ့တော့ အဲဒီ အော်စကာဆိုတဲ့ကောင်လေးဟာအိမ်ကနေထွက်သွားပြီး အပြင်လောကကြီးကိုခြေဆန့်ပါတော့တယ်။ သူဘာတွေဆက်ဖြစ်မလဲ? အများသူငှာကရော သူ့အစွမ်းကိုဘယ်လိုတုံ့ပြန်မလဲ? စတဲ့မေးခွန်းပေါင်းများစွာနဲ့ ကြည့်လို့ကောင်းတဲ့ကားလေးပါ။ စူပါဟီးရိုးတစ်ယောက်ကို မြင်တွေ့နေကြရှုထောင့်ကမဟုတ်ပဲ ရှုထောင့်အသစ်ကနေ ရိုက်ကူးတင်ဆက်ထားတဲ့ကားလေးပါ။ ဇာတ်ကားလေးနာမည်ကတော့ The Man Without Gravity (2019)ပါ။     File Size : ( 1 GB ) Quality :  WEB-DL 720p Running Time : 1 hr 47 min Format : Mp4 Genre : Comedy , Drama , Fantasy Subtitle : ...
movie

The Man Without Gravity (2019)

2019