Channel Myanmar

Elena Moldovan

Wedding for Money (Nunta pe bani) (2023) 7.1
Wedding for Money (Nunta pe bani) (2023) မင်္ဂလာ‌ဆောင်သွားရတာမကြိုက်တဲ့ မီချာတစ်ယောက် ကိုယ်တိုင် မဖြစ်မနေမင်္ဂလာဆောင်ရမဲ့အခြေအ‌နေတစ်ခုကိုရောက်သွားတဲ့အခါမှာ ဘယ်လိုတွေဆက်ဖြစ်မလဲ?ဇာတ်လမ်းလေးကို မီချာက သူ့အဘွားကို ပြီးခဲ့တဲ့လတွေ‌အတွင်းမှာ ဘာတွေဖြစ်ခဲ့တယ်ဆိုတာကိုပြော‌ပြနေတဲ့ပုံစံမျိုးနဲ့တင်ဆက်ထားပါတယ်။မီချာက ငါးနှစ်လောက်အတူတွဲလာခဲ့တဲ့ချစ်သူနဲ့အတူ တစ်အိမ်တည်းနေပြီး ကားအရောင်းပြခန်းမှာအလုပ်လုပ်နေတဲ့သူဖြစ်တယ်။ တစ်နေ့မှာတော့ ကားဝယ်သူတစ်ယောက်အတွက် ကားသွားယူလာပေးရာကနေ လမ်းမှာမြောင်းထဲထိုးကျသွားတယ်။ ဝယ်သူက သူ့အတွက် ခရီးစရိတ်နဲ့ကားအတွက်ငွေပေးချေပြီးသားဖြစ်တာကြောင့် မီချာ့ခမျာ ပြန်မလျော်နိုင်ဘဲ အကြွေးတွေတင်သွားရော။ အဲလိုနဲ့ ခြေမကိုင်မိလက်မကိုင်မိဖြစ်နေတုန်း မင်္ဂလာဆောင်ကပိုက်ဆံလက်ဖွဲ့တွေနဲ့ဆိုရင် အကြွေးပြန်ဆပ်လို့ရမယ်လို့အကြံရသွားပြီး မင်္ဂလာဆောင်ဖို့အတွက် အစီအစဉ်တွေဆွဲပါတော့တယ်...ဇာတ်ကားလေးက ဟာသဒရာမာကားတွေဖြစ်တာမို့ ပေါ့ပေါ့ပါးပါးလေးနဲ့ ကြည့်လို့ကောင်းမှာသေချာပါတယ်။ File size…(1.67 GB)/(928 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:36:00 Genre...Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Khant Settt Naing
movie

Wedding for Money (Nunta pe bani) (2023)