Channel Myanmar

Elena Seijo

¡Salta! (Salta) (2023) 6.4
¡Salta! (Salta) (2023) IMDb 6.4 ရရှိထားတဲ့ ပြင်သစ် Family / Drama / Sci-fi ရုပ်ရှင်ကားကောင်းလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။Salta ဆိုတာက ပြင်သစ်လို Jump ခုန်ကူးတာလို့ အဓိပ္ပာယ်ရပါတယ်။ ခုန်ကူးတယ်ဆိုတဲ့အတိုင်း ဒီရုပ်ရှင်က အချိန်တစ်ခုကနေ တစ်ခုကို ခုန်ကူးရင်း အချိန်ခရီးသွားတာနဲ့ ပတ်သက်ပြီး ရိုက်ကူးထားတဲ့ သိပ္ပံရုပ်ရှင်လေးပါ။ဇာတ်လမ်းအကျဉ်းကတော့ အော်စကာ ၁၃ နှစ် နဲ့ တီယို ၁၁ နှစ်တို့က ညီအစ်ကိုနှစ်ယောက်ပါ။ ဒီညီအစ်ကိုက စရိုက်လက္ခဏာတော့ အရမ်းကွဲပြားပါတယ်။ အစ်ကိုဖြစ်သူအော်စကာက ငြိမ်ပြီး အရှက်အကြောက်ကြီးသလောက် ညီဖြစ်သူတီယိုကတော့ မျောက်ရှုံးတဲ့သူတစ်ယောက်ပါ။အော်စကာတို့ ညီအစ်ကိုနှစ်ယောက်က အဖွားဖြစ်သူနဲ့အတူနေထိုင်ကြပါတယ်။ သူတို့ရဲ့အမေဖြစ်သူကတော့ အချိန်ခရီးသွားခြင်းကိုလေ့လာရင်းနဲ့ ပျောက်ချင်းမလှ ပျောက်သွားပြီး အတိတ် ဒါမှမဟုတ် အနာဂတ်ကိုရောက်ရှိသွားတဲ့ သိပ္ပံပညာရှင်တစ်ယောက်ဖြစ်တယ်လို့ အော်စကာကယုံကြည်ထားပါတယ်။ ဒီလိုနဲ့ တစ်နေ့မှာ ညီအစ်ကိုနှစ်ယောက်ထဲက တစ်ယောက်က အမေဖြစ်သူလေ့လာနေတဲ့ အချိန်ခရီးသွားတဲ့ တွင်းပေါက်တစ်ခုကိုရှာတွေ့သွားပြီး ဒီတွင်းပေါက်ထဲကိုခုန်ချပြီး အချိန်ခရီးသွားလိုက်တဲ့နောက်မှာတော့...အော်စကာနဲ့တီယိုဟာ ...
movie

¡Salta! (Salta) (2023)