Channel Myanmar

Elias Edraki

Bad Behind Bars: Jodi Arias(2023) 6.0
Bad Behind Bars: Jodi Arias(2023)   မိန်းမလည်သိန်းကြွယ် ဆိုတဲ့စကားပုံတစ်ခု မြန်မာစကားမှာရှိပါတယ်။ မိန်းမတွေလည်လာတဲ့အခါ ကောင်းတဲ့ဘက်မှာအရမ်းထူးချွန်ထက်မြက်ကြသလို ဆိုးတဲ့ဘက်မှာဆိုရင်လည်း တစ်ဖက်ကမ်းခတ်ယုတ်မာကောက်ကျစ်တဲ့သဘောကို ဖော်ပြတဲ့စကားပုံပါ။ အခုဇာတ်ကားလေးကိုကြည့်မိရင် ဒီစကားပုံကိုသွားအမှတ်ရမိမှာပါ။ လူ့သဘာဝအရ ထောင်ကျရင် ဆိုးမိုက်လို့လို့ ယေဘုယျသတ်မှတ်လို့ရပေမယ့် အချို့ကျတော့လည်း မှားယွင်းစွပ်စွဲခံရတတ်တာမျိုးလည်းရှိပါတယ်။ ဒီသဘောသဘာဝကြောင့် ထောင်တွင်းရောက်နေတဲ့ အကျဥ်းသားအချင်းချင်းတောင် မှားယွင်းယုံစားမိတာမျိုး၊ အခွင့်အရေးယူအသုံးချခံရတာမျိုး၊ လှည့်စားခံရတာမျိုးတတ်ရှိပါတယ်။ ဒီသဘောသဘာဝကို အခွင့်ကောင်းယူပြီး ကိုယ့်ပြစ်မှုအတွက်ပြစ်ဒဏ်သက်သာအောင် ကလိမ်တိငြမ်းစင် အကျဥ်းသားအချင်းချင်းလှည့်စားပြီး နှစ်ကျပ်ကွက်နင်းတဲ့အဖြစ်ကို ရိုက်ပြထားတဲ့ ၂၀၂၃ ခုနှစ်ထွက် crime- thriller ဇာတ်ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဇာတ်လမ်းအကျဥ်းကတော့ ဒိုနာဗန်ဘယ်ရင်း၊ ထရေစီဘရောင်း တို့ဟာ တစ်ဆောင်တည်းနေကြတဲ့ အကျဥ်းသူအချင်းချင်းဖြစ်သလို မိန်းမချင်းကြိုက်နေတဲ့ lesbian အတွဲလည်းဖြစ်ပါတယ်။ ထရေစီဟာ ဆတ်ဆတ်ထိမခံ ထောင်တွင်းဖိုက်တာတစ်ယောက်မို့ သူနဲ့ပတ်သက်သူတွေဟာ ထောင်တွေရဲ့ထုံးစံအတိုင်း တခြားအကျဥ်းသားတွေ၊ နှစ်ကြီးသမားတွေရဲ့ အနိုင်ကျင့်ဗိုလ်ကျမှုတွေကနေ သက်သာရာရပါတယ်။ ထရေစီရဲ့ချစ်သူဖြစ်တဲ့ အကျဥ်းသူ ဒိုနာဗန်ကတော့ ယောကျ်ားလျာပုံစံဖြစ်ပေမယ့် ရိုးရိုးအေးအေးနေတတ်ပြီး သဘောကောင်းတဲ့သူဖြစ်သလို ထရေစီလောက်လည်း ပြစ်မှုမကြီးတဲ့အတွက် ...
movie

Bad Behind Bars: Jodi Arias(2023)

Awake 2021 5
Awake 2021 နက်ဖလစ်ရဲ့ နောက်ထပ်ရုပ်ရှင်သစ်တစ်ကားထွက်လာပါပြီ။ ဒါကလည်း ကမ္ဘာပျက်တဲ့ကားပါပဲ။ ဒီတစ်ခါ အရင်နဲ့မတူအောင်ပျက်ရမှာပေါ့။ ထူးခြားတဲ့ အဖြစ်အပျက်တစ်ခုကြောင့် တစ်ကမ္ဘာလုံးက လျှပ်စစ်တွေအကုန် ပြတ်တောက်သွွားပြီး လူတွေအကုန်လုံး အိပ်နိုင်စွမ်းကို ဆုံးရှုံးသွားပါတယ်။ မေ့ဆေးပေးတောင် အိပ်လို့မရတော့ပါဘူး။ သေတာနဲ့နိုးနေတာ နှစ်မျိုးပဲ ကျန်ပတော့တယ်။ လူတွေဟာ မအိပ်ဘဲနေနိုင်တဲ့ ရက်အကန့်အသတ်ရှိပါတယ်။ ရက်ကြာလာတာနဲ့အမျှ တွေးခေါ်နိုင်စွမ်းတွေ ပျောက်လာတယ်၊ ထင်ယောင်ထင်မှားတွေ မြင်လာတယ် ၊ ချိနဲ့လာတယ် စသည်ဖြင့်ပေါ့။ ဒီတော့ ရက်ပိုင်းအတွင်းမှာ မလွှဲမရှောင်သာ ကမ္ဘာပျက်ပါတော့မယ်။ အဲဒီအချိန်မှာပဲ အိပ်လို့ရနေတဲ့ ကလေးမလေးတစ်ယောက်ကို တွေ့သွားကြတဲ့အခါ သူ့ကိုစမ်းသပ်ပြီး အချိန်မီ ကုထုံးကိုရှာဖို့ ကြိုးစားကြပါတော့တယ်။ ဒါပေမယ့် ကလေးမလေးရဲ့အမေကလည်း သူ့ကလေးကို ကာကွယ်ဖို့အတွက် အစွမ်းကုန်ကြိုးစားလာတဲ့အခါ... File size…(1.7 GB) and (1 GB) Quality….web 1080p and 720p Format…mp4 Duration….02:36:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Mr. Anderson  
movie

Awake 2021